ပျားကုထုံး အပန်းဖြေအိမ်..
ပျားလေးတွေဆိုတာ ဇီဝမျိုးစုံမျိုးကွဲတွေထဲက တစိတ်တပိုင်း၊ ပန်းများကို ဝတ်မှုန်ကူးစေသူ၊ လူသားများ ရှင်သန်ဖို့အတွက် အားကိုးအားထားပြုနေရတဲ့ အကျိုးပြုအင်းဆက်လေးတွေဆိုတာ လူတိုင်းအသိပါ။ ထိုမျှမကသေး။ ပျားတွေကို ရောဂါကုသရာမှာလည်း ပျားကုထုံးတခုအနေနဲ့ပါ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။
ပျားကုထုံးတွေဟာ အရှေ့ဥရောပနိုင်ငံတွေမှာ နှစ်ပေါင်းများစွာကတည်းက လူသိများလာခဲ့ပြီး ရောဂါအချို့ ကုသရာမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြပါတယ်။ ယူကရိန်းနိုင်ငံနဲ့ ဆလိုဗေးနီးယား နိုင်ငံတွေမှာဆိုရင် ပျားတွေတောင်ပံခတ်ရာမှ ထွက်ပေါ်လာသော တုန်ခါသံနဲ့ ပျားရည်ရဲ့ ရနံ့ဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ကုသရာမှာ သက်သာပျောက်ကင်းစေတဲ့ အကျိုးအာနိသင်ရှိတယ်လို့ ယုံကြည်ကြပါတယ်။ အိပ်ပျော်ဖို့ခက်ခဲနေတဲ့သူတွေနဲ့ စိတ်အပန်းဖြေလိုသူတွေအတွက်လည်း ပျားတွေရဲ့ တဝီဝီ၊ တစီစီမြည်သံတွေကို ကုထုံးတခုအနေနဲ့ အသုံးပြုကြပါတယ်။

ယူကေနိုင်ငံသား၊ မိုနာချိုင်းမော (Monachyle Mhor) ဟိုတယ်မှာ အလုပ်လုပ်နေတဲ့ ချားလော့ဘလက်ကာ (Charlotte Blacker) ဟာ ဆလိုဗေးနီးယားနိုင်ငံကို သွားရောက်လည်ပတ်ရင်း ပျားကုထုံးနဲ့ စိတ်အပန်းဖြေတဲ့ အတွေ့အကြုံသစ် ရခဲ့ပါတယ်။ ချားလော့ဘလက်ကာ (Charlotte Blacker) ဟာ ဒီအတွေ့အကြုံကို Monachyle Mhor ဟိုတယ်သို့ လာရောက်အပန်းဖြေလာတဲ့သူတွေကို မျှဝေပေးချင်တဲ့ အတွေးတခုနဲ့ ယူကေကို ပြန်လာခဲ့ပါတယ်။
ဒီလိုမျိုး ပျားတွေရဲ့ တဝီဝီ၊တစီစီ သံစဉ်တွေနဲ့ တမူထူးခြားတဲ့ အတွေ့အကြုံတွေကို ဖန်တီးလိုတဲ့ ချားလော့ဘလက်ကာ (Charlotte Blacker) ရဲ့ အကြံဉာဏ်ကို ဟိုတယ်ပိုင်ရှင် တွမ်လူဝစ် (Tom Lewis) ဟာ သဘောကျပြီး ပျား ကုထုံးအပန်းဖြေအိမ်ကို တည်ဆောက်ဖို့သဘောတူခဲ့ပါတယ်။
ပျားကုထုံးအပန်းဖြေအိမ်ဆိုတာ သစ်သားအိမ်လုံးလေးပါပဲ၊၊ ကုတင်နှစ်လုံးပါပြီး ကုတင်တလုံးစီရဲ့ အောက်မှာ ပျားပုံးသုံးပုံးစီ ထည့်ထားပါတယ်။ ပျားတပုံးမှာ ပျားအကောင်ရေ တသောင်းခန့်စီ ရှိပါတယ်။ ဆိုတော့ ပျားအကောင်ရေစုစုပေါင်း ခြောက်သောင်းလောက်ပါတဲ့ ပျားပုံးခြောက်ပုံးပါတဲ့ သစ်သားအိမ်လေးပါ။ ပျားလေးတွေ အလွယ်တကူ ဝင်ထွက်သွားလာလို့ရအောင် သူတို့ရဲ့ သီးသန့် အထူးဝင်ပေါက်တွေကို သစ်သားအိမ်ရဲ့ အပြင်ဘက်မှာ ထားပေးထားပါတယ်၊၊ အဲတော့ ပျားတွေဟာ ဧည့်သည်တွေကိုလည်း ရန်မူခြင်းမပြုဘဲ အေးအေးဆေးဆေးပဲ သူ့အလုပ်ပဲ လုပ်နေတာပေါ့။ ပျားပုံးတွေရဲ့ အပေါ်တည့်တည့်မှာရှိနေတဲ့ ကုတင်တွေကိုတော့ သိုးသားရေတွေ ခင်းပေးထားတာဆိုတော့ ပျားတွေရဲ့ တုန်ခါမှု သေးသေးလေးအစ ခံစားလို့ရတဲ့ သဘောပါပဲ။
“ဒီလိုမျိုး ပျားတွေရဲ့ ရောဂါကုစားနိုင်တဲ့ အဖိုးအနဂ္ဃကတော့ တပုံတခေါင်းကြီးပဲဗျ။ ပျားတွေရဲ့ တဝီဝီမြည်သံက အာရုံကြောစနစ်ကိုလည်း အကူအညီပေးပါတယ်။ စိတ်ထိခိုက်စရာကြုံတွေ့ရပြီး နောက်ဆက်တွဲဖြစ်ပေါ်သော စိတ်ကစဉ့်ကလျား ရောဂါခံစားနေရတဲ့ လူနာတွေကို စမ်းသပ်ကုသမှု ပြုလုပ်ထားတာတွေလည်း ရှိပါတယ်”လို့ Blacker က ပြောကြားခဲ့ပါတယ်။
“ပန်းဝတ်မှုန်၊ ဝတ်ရည်တွေရဲ့ သင်းရနံ့တွေရယ် ပျားကော်၊ ပျားရည် စတဲ့ မွှေးရနံ့တွေနဲ့ ထုံမွှမ်းနေတဲ့ ပျားကုထုံးအပန်းဖြေအိမ်ထဲမှာအနားယူရင်း မရပ်မနားအလုပ်ကြိုးစားကြတဲ့ ပျားလေးတွေရဲ့ နိစ္စဒူဝ လူးလာလှုပ်ရှားနေသံလေးတွေ ခံစားနားထောင်ရင်း စိတ်ဖိစီးမှုတွေ လျှော့ချနိုင်ပါတယ်ဗျာ။
ပျားတွေရဲ့တောင်ပံခတ်သံမှ ဖြစ်ပေါ်လာတဲ့ တုန်ခါမှုကတော့ စိတ်ငြိမ်သက်မှုဖြစ်စေခြင်း၊ စိတ်သောကဖိစီးမှုကို လျှော့ချနိုင်ခြင်း စတဲ့ အပြုသဘောဆောင်စွမ်းအင်တွေ၊ အကျိုးသက်ရောက်မှုတွေလည်းရှိပါတယ် ” လို့ ဖော်ပြထားပါတယ်။
(ပျားကုထုံးအပန်းဖြေအိမ်ငှားရမ်းခကတော့ ၄၅ မိနစ် တစ်ဆက်ရှင်အတွက် တယောက်လျှင် ပေါင် ၈၀ (၁၀၂ ဒေါ်လာခန့်) ဖြစ်ပြီး နှစ်ယောက်စာအတွက်ဆိုရင်တော့ ပေါင် ၁၂၀ (၁၅၃ ဒေါ်လာခန့်) ဖြစ်ပါတယ်။ လီမွန်တီးပူပူလေးတခွက်ရယ်၊ ပျားရည်သုပ်ထားတဲ့ ပေါင်မုန့်တချပ်ရယ်တော့ ပါပါတယ်။)
ပျားကုထုံးအပန်းဖြေအိမ်မှာ သွားတည်းဖို့ အဆင်မပြေသေးဘူးဆိုရင်တောင် ပျားတွေရဲ့ အသံဖိုင်တွေနားထောင်ပြီး စိတ်အပန်းဖြေလို့ရနိုင်ပါသေးတယ်။
နန်းစုစံ (စိုက်ပျိုးရေး)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
ဆက်စပ်မေးခွန်းများ
လောင်မဲနိုင်တဲ့ဆေးလေးသိပါရစေဗျာ
ကိုချမ်း • ဖြေကြားချက် 0 ခု
ပန်းပင်အရွက်များအခြားအပင်နဲ့မတူအရောင်ဖျော့နေတာဘာဖြစ်နေလဲမသိလို့ ဆရာတို့ လမ်းညွှန်ကြပါအုံးဗျို့
Aung Nay Linn • ဖြေကြားချက် 2 ခု
အိမ်မွေးကြက်ပါအစာမစားတစ်ကောင်ထဲကွဲထွက်နေပိးကုပ်နေလို့ဘာဆေးဝါးနဲ့ဘယ်လိုကုရမလဲဖြေပေးပါအုံးရှင့်
ပွင့်ဖြူသန့် • ဖြေကြားချက် 2 ခု
မြေပဲ ရက်၂၀ ရှိပါပီ နွားသေး တခါဖြန်းဖူးပါတယ် ရောဂါဖြစ်နေတာလား မိုးများလို့ စမ်းကိုင်နေတာလား ဆရာကြီး
နံပတ်2 • ဖြေကြားချက် 0 ခု
အရွက်တေဒီလို အရောင်ဖြစ်တာ ဘာကြောင့်လဲဗျ အရွက်တေကုတ်သလိုလဲ ဖြစ်တယ်
Htet Lin • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
More from Nan Su San
အားလုံး
လက်ဖက်ခြောက်ကို ရေအေးနဲ့ စိမ်…သောက်လျှင်
13/07/2023
ဂျပန်နိုင်ငံတွင် အစစအရာရာ ဈေးတက်လိုက်ပြီး သက်ပြည့်ပင်စင်အသက်ကိုလည်း ၅ နှစ်တိုး
01/04/2022
ညသိပ်ရေနွေး သောက်သင့်လား
31/03/2022
Black Soldier Fly ကို အသုံးချခြင်း (သို့) “အစားအသောက်အလေအလွင့်” မှ “အပင်အာဟာရ”သို့
29/03/2022
တန်ဖိုးမြင့်လက်ဖက် ဖူအာတီး
11/03/2022