အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဝတ်မှုန်ကူးတယ်ဆိုတာ ဘာလဲ

ဝတ်မှုန်ကူးတယ်ဆိုတာ ဘာလဲ

Htunn Winn Kyaw
Htunn Winn Kyaw • Greenovator • 26/02/2020

ဝတ်မှုန်ကူးတယ်ဆိုတာကတော့ အဖို ဝတ်မှုန်လေးက အမ ဖြစ်တဲ့ ဝတ်မှုန်ခံတိုင်ဆီကို ကူးပြောင်းတယ်။ ပြီးတော့ မျိုးစေ့လေးတွေ ဖြစ်လာတယ်။ အဲ့ဒါကို ဝတ်မှုန်ကူးခြင်းလို့ ခေါ်ပါတယ်။ ဝတ်မှုန်ကူးတယ်ဆိုတာကတော့ အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ခုပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့လိုလုပ်မှပဲ မျိုးစေ့အသစ်တွေ ထွက်လာမယ်။ အပင်တွေ ပွားများနိုင်မှာကြောင့်ဖြစ်ပါတယ်။

ဝတ်မှုန်တွေကို ဘယ်လိုကူးတာလဲ

ပန်းပွင့်လေးတွေကနေ စပါတယ်။ ပန်းပွင့်လေးတွေမှာ လူတွေသိတဲ့ပွင့်ဖတ် ပွင့်ချပ်တွေအပြင်ကို အစိတ်အပိုင်းတွေ အများကြီးပါပါတယ်။ အဲ့မှာ မျိုးပွားအင်္ဂါတွေဆိုရင် အဖိုနဲ့ အမ ဆိုပြီး ပါတဲ့အပွင့်တွေပါပဲ။ အဲ့ကမှ Stamens လို့ခေါ်တဲ့ အဖိုအင်္ဂါအစိတ်အပိုင်းတွေကနေ ဝတ်မှုန်လေးတွေကို ထုတ်ပေးပါတယ်။ သူက စေးကပ်တဲ့ အမှုန့်လေးတွေလိုပါပဲ။

နောက်တစ်ပိုင်းမှာ အမအင်္ဂါအုပ်စု ဖြစ်တဲ့ Pistil အရှည်ကြီးအပေါ်မှာ ဝတ်မှုန်ခံတဲ့ နေရာလေးရှိပါတယ်။ အဲ့နေရာလေးက တစ်ခါတစ်လေ စေးကပ်ကပ်ဖြစ်တတ်ပါတယ်။ အဲ့နေရာမှာ ဝတ်မှုန်လေးက ကျပြီးတော့မှ အမရဲ့ သားအိမ်ထဲကို ဝင်ရောက်သွားပါတယ်။

တကယ် ဝတ်မှုန်ကူးဖို့ဆိုရင် အဖို ဝတ်မှုန်လေးတွေက အမ ဝတ်မှုန်ခံတိုင်ပေါ်ကိုကျသွားရပါတယ်။ ပန်းပွင့်တစ်ပွင့်တည်းမှာပဲ အဖိုဝတ်မှုန်လေးတွေက အမဝတ်မှုန်ပေါ်ကိုကျတယ်ဆိုရင် Self-pollination လို့ခေါ်တဲ့ ပင်ထီး ဝတ်မှုန်ကူးခြင်း လို့သတ်မှတ်ပါတယ်။

ပန်းတစ်ပွင့်တည်းက မဟုတ်ဘူး၊ ဒီတစ်ပွင့်က အဖိုဝတ်မှုန်လေးတွေက နောက်တစ်ပွင့်က အမဝတ်မှုန်ခံတိုင် ပေါ်ကို ကျတယ်ဆိုရင်တော့ cross-pollination လို့ခေါ်တဲ့ ပင်ခြားဝတ်မှုန်ကူးခြင်းပါ။ ပင်ခြားဝတ်မှုန်ကူးခြင်း ကပိုပြီး သန်စွမ်းတဲ့အပင်မျိုး မျိုးစေ့မျိုးကို ရနိုင်ပါတယ်လို့ ဆိုပါတယ်။ မျိုးတူတွေတော့ဖြစ်ဖို့ လိုပါတယ်။ ဥပမာ ဒေစီပန်းပင်က အဖိုဝတ်မှုန်ဟာ နောက်ဒေစီပန်းပွင့်ထဲက အမဝတ်မှုန်ခံတိုင်ပေါ်ကိုကျမှပဲ ဝတ်မှုန်ကူးနိုင်ပြီး မျိုးစေ့ထွက်လာမှာ ဖြစ်ပါတယ်။ နှင်းဆီပင်က ဝတ်မှုန်ကိုယူပြီးတော့ ပန်းသီးပွင့်မှာ သွားတင်တယ်ဆိုရင်တော့လည်း အလုပ်ဖြစ်မှာမဟုတ်ပါဘူး။

အပင်တွေက ဝတ်မှုန်တွေ ဘယ်လိုရကြသလဲ။

အချင်းချင်း ဝတ်မှုန်ကူးတာကတော့ အဆင်ပြေပါတယ်။ တစ်ပွင့်တည်းက အဖိုနဲ့အမ က ဖြစ်ဖို့လွယ်ပေမဲ့ ပင်ခြားဝတ်မှုန်ကူးတယ်ဆိုတာကတော့ အမ ဝတ်မှုန်ခံတိုင်က တစ်ခြားအပင် တစ်ခြားအပွင့်က ဝတ်မှုန်ကိုစောင့်ရတာဖြစ်တဲ့အတွက်ကြောင့် ဝတ်မှုန်တွေ ဘယ်လိုရသလဲဆိုတဲ့အချက်က အရေးကြီးပါတယ်။

နည်းလမ်းတွေအများကြီး ရှိနေလို့ တော်ပါသေးတယ်။

လူတွေအားဖြင့်

လူတွေကလည်း ဝတ်မှုန်တွေ ကပ်ညှိလိုက်ပါနိုင်ပြီးတော့ အပင်တစ်ပင်ကနေ တစ်ပင်ကို ကူးနိုင်ပါတယ်။

အကောင်လေးတွေရဲ့ အကူအညီအားဖြင့်

ပျားကောင်လေးတွေ၊ လိပ်ပြာလေးတွေ၊ ဖလံ စတဲ့အကောင်တွေအားဖြင့်လည်း ပန်းပွင့်လေးတွေက ဝတ်မှုန်ကူးနိုင်ပါတယ်။ သူတို့က အပင်တွေကို ဝတ်မှုန်ကူးပေးတာချည်းပဲတော့ မဟုတ်ပါဘူး။ အမှန်က အစာရှာဖွေရင်းနဲ့ ဝတ်မှုန်လေးတွေက သူတို့နဲ့အတူပါသွားရင်းနဲ့ ဝတ်မှုန်ကူးတဲ့သဘောမျိုး ဖြစ်သွားပါတယ်။ ချိုတဲ့ ဝတ်ဆံလေးတွေကို လာသယ်ရင်းနဲ့ သူတို့လှုပ်ရှားမှုတွေမှာ တစ်ခြားဝတ်မှုန်လေးတွေက ကပ်ပါသွားပြီးတော့ နောက်တစ်ပွင့်မှာ ပြန်ပြုတ်ကျခဲ့တာပါ။

အင်းဆက်တွေ အကောင်လေးတွေရဲ့ အကူအညီနဲ့ ဝတ်မှုန်ကူးကြတဲ့ ပန်းပွင့်လေးတွေဟာ ဆိုရင် များသောအားဖြင့် အကောင်လေးတွေကို ဆွဲဆောင်နိုင်တဲ့ တောက်ပတဲ့အရောင်ရယ်၊ သင်းပျံ့တဲ့ အနံ့လေးတွေ ရှိတတ်ကြပါတယ်။

လေအားဖြင့်

လေတိုက်ရင်းနဲ့ သေးငယ်တဲ့ ဝတ်မှုန်လေးတွေဟာ လေထုထဲမှာ လွင့်ရင်းနဲ့ တစ်ခြား အပွင့်တွေဆီကို ရောက်ပြီးတော့ ဝတ်မှုန်ကူးတာမျိုးတွေကို ဆိုလိုပါတယ်။ အဲ့လိုပန်းတွေမှာဆိုရင်တော့ ဝတ်မှုန်အိတ်လေးတွေရယ်၊ ဝတ်မှုန်ခံတိုင်လေးတွေက ပွင့်ဖတ် ပွင့်ချပ်တွေထက်ရှည်ပြီးတော့ အပြင်ဖက်ကို ထွက်နေတတ်ပါတယ်။ သူတို့က အင်းဆက်ပိုးမွှားလေးတွေကို မလိုအပ်တဲ့ သဘောရှိတာမို့ အရောင်နဲ့ အနံ့ကတော့ ဆွဲဆောင်မှု ရှိချင်မှ ရှိပါလိမ့်မယ်။ ပွင့်ဖတ်ပွင့်ချပ်တွေကလည်း လှချင်မှ လှမယ်။ ကြီးမားချင်မှလည်း ကြီးမားပါလိမ့်မယ်။

စိုက်ပျိုးရေးမှာလည်း အပင်တွေ မျိုးပွားတာကိုသိမှ အထွက်ကို ထိန်းချုပ်နိုင်မှာပါ။ စိုက်ချိန်ကို ချိန်ဆနိုင်မှာပါ။ တောင်သူဦးကြီးများ အကောင်းဆုံးအထွက်တွေ ရနိုင်ကြပါစေ။

ထွန်းဝင်းကျော်

http://www.mbgnet.net/bioplants/pollination.html

 

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။