ချေလိုက်တဲ့အရွက်တွေဆီက အောက်ဆီဂျင်ရသေးလား
အရွက်လေးတွေရဲ့ မျက်နှာပြင်ပေါ်မှာ Stomata လို့ခေါ်တဲ့ လေရှူပေါက်လေးတွေ ရှိပါတယ်။ အဲဒီလေရှူပေါက်လေးတွေကနေတဆင့် လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ် CO2 နဲ့ ရေ H20 မော်လီကျူးလေးတွေကိုစုပ်ယူ အလင်းရောင်ကို အားအင်တစ်ခုအနေနဲ့သုံးပြီး အစာချက်လုပ်ခြင်း လုပ်ငန်းစဉ်တစ်ခု (Phtosynthesis) လုပ်ဆောင်ကြပါတယ်။
အပင်လေးတွေ အစာချက်လုပ်ခြင်းကနေပြီး လူတွေအတွက် အရမ်းတန်ဖိုးရှိလှတဲ့ အောက်ဆီဂျင်လေးတွေ ထုတ်ပေးပါတယ်။ ငယ်ရွယ်နုပျိုတဲ့အရွက်လေးတွေ ကျန်းမာသန်စွမ်းတဲ့ အရွက်လေးတွေက အစာတွေများများချက်လုပ်နိုင်တာပေါ့။ တနည်းအားဖြင့်ပြောရမယ်ဆိုရင် အစိမ်းရောင်အရွက်လေးတွေပေါ့။ သူတို့ထဲမှာရှိတဲ့ စိမ်းရောင်ခြယ်ပစ္စည်းလေးတွေက နေရောင်ခြည်ကို ဖမ်းပေးတာလေ။ (အစိမ်းရောင်မဟုတ်တဲ့ အရွက်လေးတွေရဲ့ photosynthesis ကို ဒီမှာ အကျယ်တဝင့် မရေးတော့ဘူးနော်။)
အရွက်လေးတွေ အိုမင်းသွားရင်၊ ဝါသွားရင်၊ အနာတစ်ခုခု ရနေပြီဆိုရင်တော့ သူတို့ရဲ့ အစာချက်လုပ်နိုင်စွမ်း ကျသွားတော့တာပါပဲ။ အစာချက်လုပ်ခြင်းလုပ်ငန်းစဉ်ကို အပင်အများစုဟာ နေ့ခင်းပိုင်း အလင်းရောင်ရတဲ့အချိန်မှာ လုပ်ဆောင်ကြပါတယ်။ ဒါပေမယ့် …. ဒါပေမယ့်လေ ညခင်းပိုင်းမှာ အစာချက်လုပ်နိုင်တဲ့ အပင်လေးတွေ ရှိနေပါသေးတယ်။ အဲ့အပင်လေးတွေကတော့ နဂါးစက်၊ ပင်စိမ်း၊ ရှားစောင်း၊ ရှင်သီဝလိဂမုန်း၊ ပင့်ကူဂမုန်း၊ အလှစိုက်အုန်း အပင်လေးတွေပါ။ ညခင်းမှာ အစာချက်လုပ်နိုင်တယ်ဆိုတော့ ဒီအပင်လေးတွေက ညခင်းပိုင်းမှာ အောက်ဆီဂျင် ထုတ်ပေးနိုင်ပါတယ်။
အဲ့ဒီတော့ မိခင်အပင်ပေါ်မှာရှိနေတဲ့ အရွက်လေးတွေဟာ အစာချက်လုပ်ခြင်းလုပ်ငန်းစဉ် ဆောင်ရွက်ဖို့ သင့်တင့်လျှောက်ပတ်တဲ့ ပတ်ဝန်းကျင်/ အနေအထားတစ်ခုမှာရှိနေပြီဆို အစာချက်လုပ်နိုင်ပြီး အောက်ဆီဂျင်ထုတ်ပေးနိုင်တာပေါ့။
တကယ်လို့များ အရွက်လေးတွေကို အပင်ကနေခူးလိုက်မယ် ခြွေလိုက်မယ်ဆိုရင် သူတို့ အစာချက်နိုင်သေးလား/ အောက်ဆီဂျင်ထုတ်ပေးနိုင်သေးလား။ ပညာရှင်အများစုရဲ့ အဖြေကတော့ “ NO “ ပါတဲ့။ မိခင်အပင်ကနေ ကြွေကျသွားတဲ့အခါ သူတို့ရဲ့ အစာကြော၊ ရေကြော အားလုံးအဖြတ်ခံလိုက်ရတာကြောင့် အရွက်လေးတွေ အပင်ကခူးပြီး ဒီအတိုင်းထားလိုက်ရင် ခဏနေရင် ညှိုးနွမ်းပြီးခြောက် / သေသွားတာလေ။
အပင်ကနေခူးလိုက်တဲ့ အရွက်ပဲဖြစ်ဖြစ်၊ လေတိုက်လို့ ကြွေကျတဲ့အရွက်၊ ပိုးမွှားတွေကြောင့် ကြွေကျလာတဲ့အရွက်၊ အိုမင်းလို့ ကြွေကျလာတဲ့အရွက် ဒီအရွက်တွေအားလုံးဟာ သေဆုံးခါနီး အရွက်တွေပါပဲ။ ဒီအတိုင်းထားလိုက်ရင် သိပ်မကြာခင်မှာပဲ သူတို့လုပ်ဆောင်နိုင်တဲ့ လုပ်ငန်းစဉ်တွေတောင် မလုပ်နိုင်ဘဲ ညှိုးနွမ်းသွားတော့တာပါပဲ။ ဒါ့ကြောင့်မို့ ချေလိုက်တဲ့ အရွက်တွေက အောက်ဆီဂျင် အများကြီးထုတ်ပေးသလားဆိုတာတော့ စဉ်းစားစရာပါပဲ။
အရွက်တွေကို ချေလိုက်တဲ့အခါ ထွက်ပေါ်လာတဲ့ ဓါတ်ပေါင်းတစ်ခုခုကများ အသက်ရှူခြင်းကို အထောက်အပံ့ ဖြစ်စေတာလား။ အရွက်တွေကိုချေလိုက်ရင် ဘာဓါတ်တွေထွက်လာတာလဲဆိုတာ ခိုင်မာတဲ့သုတေသနတွေ ထပ်ပြီးလုပ်ဖို့တော့ အများကြီးလိုပါသေးတယ်။
နန်းစုစံ(စိုက်ပျိုးရေး)
ကိုနေ
လွန်ခဲ့သော ၅ နှစ် ကအရွက်လိပ်
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Nan Su San
အားလုံး
ပျားကုထုံး အပန်းဖြေအိမ်..
25/07/2023
လက်ဖက်ခြောက်ကို ရေအေးနဲ့ စိမ်…သောက်လျှင်
13/07/2023
ဂျပန်နိုင်ငံတွင် အစစအရာရာ ဈေးတက်လိုက်ပြီး သက်ပြည့်ပင်စင်အသက်ကိုလည်း ၅ နှစ်တိုး
01/04/2022
ညသိပ်ရေနွေး သောက်သင့်လား
31/03/2022
Black Soldier Fly ကို အသုံးချခြင်း (သို့) “အစားအသောက်အလေအလွင့်” မှ “အပင်အာဟာရ”သို့
29/03/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....