ဟင်းသီးဟင်းရွက်များကို အမျိုးအစားခွဲခြားကြည့်ကြမယ်
(၁) အဓိက စိုက်ပျိုးနေသော ဟင်းသီးဟင်းရွက်များကို ရုက္ခဗေဒအရခွဲခြားလျှင်
- မုန်ညင်း၊ မုန်လာအုပ်စု(CRUCIFERAE)၊
- ကြက်သွန်အုပ်စု (ALLIACEAE)၊
- ဘူး၊ ဖရုံအုပ်စု (CUCURBITACEAE)၊
- အာလူး၊ ခရမ်းချဉ်အုပ်စု (SOLANACEAE)၊
- ပဲမျိုးနွယ်အုပ်စု (LEGUMINACEAE)
(၂) အပူအအေးလိုအပ်ချက်အရ ခွဲခြားလျှင် အအေးကြိုက်သော ဟင်းသီးဟင်းရွက်အများစုကို အခြေခံအားဖြင့် တောင်ပေါ်ဒေသများတွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ကြပြီး မြေပြန့်ဒေသများတွင် ရာသီဥတုအေးမြသော ဆောင်းရာသီတွင်သာ စိုက်ပျိုးနိုင်ကြပါသည်။
ဥပမာ- ကွမ်းသီးသဏ္ဍန် ဂေါ်ဖီထုပ်၊ မုန်ညင်းထုပ်၊ နိုကိုဥ၊ သကြားမုန်လာ၊ ဂေါ်ဖီထုပ်၊ မုန်လာဥနီ၊ တရုတ်နံနံ၊ ဘရိုကိုလီ(ပန်းဂေါ်ဖီအစိမ်း)
အနွေးဓာတ်ကြိုက်သော ဟင်းသီးဟင်းရွက်အုပ်စုများကို အခြေခံအားဖြင့် မြေပြန့်ဒေသများတွင် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ကြပြီး တောင်ပေါ်ဒေသတွင် နွေဦးရာသီမှာ စိုက်ပျိုးကြပါသည်။
ဥပမာ- သခွား၊ မုန်လာဥဖြူ၊ ပဲတောင့်ရှည်၊ ဟင်းနုနွယ်
(၃) ဟင်းသီးဟင်းရွက်ကို အခြေခံအားဖြင့် အသုံးပြု၍ရနိုင်သော အစိတ်အပိုင်းအလိုက် ခွဲခြားကြပါသည်။
အရွက်စားသုံးသောအပင်များမှာ
ဥပမာ- မုန်ညင်း၊ ကန်စွန်းရွက်၊ ကိုက်လန်၊ ကန်စွန်းဥရွက်၊ နံနံ၊ ဟင်းနုနွယ်၊ ဒန့်သလွန်
အသီးစားသုံးသောအပင်များမှာ
ဥပမာ-ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ဘူး၊ ဖရုံ၊ သခွား၊ သခွားမွှေး၊ ဖရဲသီး
အမြစ်ပိုင်းကို စားသုံးရသောအပင်များမှာ
ဥပမာ- မုန်လာဥဖြူ၊ မုန်လာဥနီ၊ ကြက်သွန်၊ ကြက်သွန်ဖြူ၊ အာလူး
အပွင့်ကိုစားသုံးရသောအပင်များမှာ
ဥပမာ-ပန်းဂေါ်ဖီအစိမ်း၊ ပန်းဂေါ်ဖီ၊ ဖရုံပွင့်၊ မုန်ညင်းဖြူပွင့်၊ ပေါက်ပန်းဖြူပွင့်၊ ငှက်ပျောဖူး
အစေ့ကိုစားရသောအပင်များမှာ
ဥပမာ- ပဲပင်ပေါက်၊ ပဲပုပ်စေ့၊ ပဲတောင့်ရှည်စေ့၊ ရွှေပဲသီးစေ့
Source - Agri Digit News
ကိုတက်တိုး
လွန်ခဲ့သော ၄ နှစ် ကTHANKS
ဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026