ကျင့်သုံးသင့်သော သီးလှည့်စိုက်ပျိုးခြင်း
သီးလှည့်စိုက်ပျိုးခြင်းဆိုတာ စိုက်ပျိုးမြေတစ်ခုပေါ်မှာ သီးနှံအမျိုးမျိုးကို တစ်နှစ်ပြီးတစ်နှစ် အလှည့်ကျ စနစ်တကျစိုက်ပျိုးတဲ့ နည်းစနစ်တစ်ခုဖြစ်ပါတယ်။
တကယ်လို့ စိုက်ပျိုးမြေတစ်ခုပေါ်မှာ သီးနှံတစ်မျိုးတည်းကို နှစ်တိုင်း ဆက်တိုက်စိုက်နေမယ်ဆိုရင် မြေကြီးထဲကအာဟာရဓါတ်တချို့ကုန်ခမ်းခြင်း၊ အပင်မသန်ခြင်း၊ အထွက်နှုန်းကျခြင်း စတာတွေ ဖြစ်စေပါတယ်။ သီးလှည့်စိုက်ပျိုးမယ်ဆိုရင်တော့ ကုန်ခမ်းသွားတဲ့အာဟာရဓါတ်တွေအတွက် နောက်စိုက်တဲ့သီးနှံအပေါ်မူတည်ပြီး တချို့အာဟာရဓါတ်တွေကို ပြန်ဖြည့်ပေးနိုင်ပါလိမ့်မယ်။ ဥပမာ နိုက်ထရိုဂျင်ဓါတ်စားသုံးမှုများတဲ့ ပြောင်းသီးနှံစိုက်ပြီးရင် ပဲပုပ်လိုမျိုး မြေကြီးထဲကို နိုက်ထရိုဂျင်ပြန်ထည့်ပေးနိုင်တဲ့သီးနှံတွေကို အလှည့်ကျစိုက်ပျိုးခြင်းအားဖြင့် မြေဆီလွှာ ကောင်းစေပြီး အထွက်နှုန်းလည်းကောင်းစေပါတယ်။
ဒါ့အပြင် သီးလှည့်စိုက်ပျိုးခြင်းက ရောဂါ၊ ပိုးမွှားတွေကျရောက်တာလည်း ကာကွယ်ပေးပါတယ်။ ဥပမာ ပြောင်းမှာကျရောက်တဲ့ မြစ်ထိုးပိုးဟာ ပဲပုပ်မှာမကျရောက်ပါဘူး။ ပဲပုပ်နဲ့ ပြောင်းသီးလှည့်စိုက်ခြင်းအားဖြင့် ပဲပုပ်ပင်ဟာ ပြောင်းမှာ ဆိုးဆိုးဝါးဝါးဖျက်ဆီးတဲ့ ပိုးမွှားတွေကို နှိမ်နှင်းပေးတယ်။ ဒါကြောင့် မိမိရဲ့စိုက်ခင်းတွေမှာ သီးလှည့်စိုက်ပျိုးခြင်းစနစ်ကို ကျင့်သုံးခြင်းဖြင့် အပင်များအတွက် အဓိကလိုအပ်သော နိုက်ထရိုဂျင်ကို ဓါတုမြေဩဇာတွေ အများကြီးကျွေးစရာမလိုဘဲ မြေဆီလွှာကို ပြန်ဖြည့်ပေးနိုင်ရုံသာမက တချို့သော ပိုးမွှား၊ ရောဂါများကိုပါ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သီးလှည့်စိုက်ပျိုးခြင်းဟာ မြေဆီလွှာဖွဲ့စည်းတည်ဆောက်မှုကို ကောင်းစေတယ်၊ မြေဆီလွှာအကျိုးပြု အဏုဇီဝပိုးမွှားတွေကို အားကောင်းစေတယ်၊ အာဟာရဓါတ်ကို ထိန်းသိမ်းပေးတယ် ၊မြေဆီလွှာတိုက်စားတာကို လျော့ချပေးတယ်၊ ပေါင်းမြက်တွေကို နှိမ်နှင်းပေးတယ်၊ ရောဂါနှင့် ပိုးမွှားတွေကို ကာကွယ်ပေးတယ်၊၊
ဒီနှစ် ဘယ်သီးနှံစိုက်ပြီးရင် နောက်နှစ်ဘယ်လိုသီးနှံစိုက်ရမယ်ဆိုတာက မြေအမျိုးအစား၊ ရာသီဥတု၊ တောင်သူရဲ့လိုအပ်ချက်နဲ့ တခြားအရင်းအမြစ်တွေပေါ်မှာ မူတည်ပါတယ်။
သီးလှည့်စိုက်ပျိုးခြင်းစနစ်ကို အကျိုးရှိရှိလုပ်ဆောင်ဖို့ ဆောင်ရန်ရှောင်ရန်အချက်တချို့ကို ဖော်ပြလိုက်ပါတယ်။
- စိုက်ပျိုးမြေတစ်ခုပေါ်မှာ သီးနှံတစ်မျိုးတည်းကို တစ်နှစ်ပြီးတစ်နှစ် ဆက်တိုက်မစိုက်ပျိုးသင့်ပါဘူး။
- နိုက်ထရိုဂျင်စားသုံးမှုများတဲ့ အသီးအနှံတွေ စိုက်ပြီးရင် လေထဲကနိုက်ထရိုဂျင်ကို မြေကြီးအတွက် ပြန်လည်စုပ်ယူပေးနိုင်တဲ့ ပဲမျိုးရင်းဝင်အပင်များ စိုက်သင့်ပါတယ်။
- မြေဩဇာလိုအပ်ချက်များတဲ့သီးနှံစိုက်ပြီးရင် နောက်နှစ်မှာ အဲ့လို မြေဩဇာလိုအပ်ချက်များတဲ့ တခြားအပင်တွေစိုက်ပျိုးခြင်းကို ရှောင်ရှားသင့်ပါတယ်။
- အမြစ်နက်နက်ထိဆင်းတဲ့ သီးနှံတွေစိုက်ပြီးရင် အမြစ်နက်နက်ထိမဆင်းတဲ့သီးနှံများ စိုက်ပျိုးသင့်ပါတယ် (ဥပမာ ကန်စွန်းဥ၊ မျောက်ဥ၊ ဝဥတွေစိုက်ပြီးရင် နောက်နှစ်မှာ ပြောင်းဖူးပင်များ စိုက်သင့်ပါတယ်။)
- မျိုးရင်းတူတဲ့ သီးနှံတွေဟာ တချို့ရောဂါတွေ၊ ပိုးမွှားတွေကို ခံနိုင်ရည်မရှိတာခြင်း တူတာကြောင့် မျိုးရင်းတူသီးနှံတွေကို နှစ်စဉ်ဆက်တိုက် မစိုက်သင့်ပါဘူး။
နန်းစုစံ (စိုက်ပျိုးရေး)
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Nan Su San
အားလုံး
ပျားကုထုံး အပန်းဖြေအိမ်..
25/07/2023
လက်ဖက်ခြောက်ကို ရေအေးနဲ့ စိမ်…သောက်လျှင်
13/07/2023
ဂျပန်နိုင်ငံတွင် အစစအရာရာ ဈေးတက်လိုက်ပြီး သက်ပြည့်ပင်စင်အသက်ကိုလည်း ၅ နှစ်တိုး
01/04/2022
ညသိပ်ရေနွေး သောက်သင့်လား
31/03/2022
Black Soldier Fly ကို အသုံးချခြင်း (သို့) “အစားအသောက်အလေအလွင့်” မှ “အပင်အာဟာရ”သို့
29/03/2022