နှင်းစက်လေးများ၏ သီးနှံပင်အပေါ် သက်ရောက်မှုများ
မြန်မာနိုင်ငံသည် ရာသီဥတု(၃)မျိုးရှိသည်ဖြစ်၍ တောင်သူဦးကြီးများသည်လည်း ရာသီဥတုနှင့် ကိုက်ညီသော သီးနှံများကို စိုက်ပျိုးကြရပါသည်။ ယခုနောက်ပိုင်းရာသီဥတု ဖောက်ပြန်လာမှုကြောင့် အထွက်နှုန်းကို ထိခိုက်ရုံသာမက ဖျက်ပိုးအန္တရာယ်ကိုလည်း ဆိုးဆိုးရွားရွား ရင်ဆိုင်လာကြရပါသည်။ ယခုတင်ပြအပ်သော အကြောင်းအရာသည် ရာသီဥတု(၃) မျိုးအနက် ဆောင်းတွင်းတွင်ကျရောက်သော နှင်းကြောင့်စိုက်ခင်းများအပေါ် အကျိုးသက်ရောက်ခြင်းဖြစ်ပါတယ်။
နှင်းစက်များသည် အိုက်စ်ခရစ်စတယ်များ ဖြစ်ပေါ်လာခြင်းဖြင့် နှင်းစက်များအဖြင့် ဆီးနှင်းကျရောက်ခြင်း ဖြစ်သည်။ အပူချိန်သည် ရေခဲအမှတ်(၀)ဒီဂရီဆဲလ်စီးရပ် သို့မဟုတ် (၃၂)ဒီဂရီဖာရင်ဟိုက်အောက်ရောက်ရှိသောအခါ တိမ်ထဲတွင် ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ နှင်းစက်များသည် သီးနှံပင်များကြီးထွားရန်အတွက် လိုအပ်သောမြေအစိုဓါတ်ကို ကောင်းမွန်စွာရရှိစေရန် ထောက်ပံ့ပေးနိုင်ပါသည်။ ဆောင်းနှင်းများသည် သီးနှံကြီးထွားချိန်အတောအတွင်း မြေကြီးထဲတွင် နှင်းစက်များအရည်ပျော်ခြင်းဖြင့် အစိုဓာတ်ကို ထိန်းသိမ်းရန် ကူညီပေးသည်။
မထွန်ယက်ရသေးသောမြေများတွင် နှင်းစက်များကြောင့် အစိုဓာတ်ကို ပိုမိုထိန်းသိမ်းနိုင်ပါသည်။ ဂျုံစိုက်ခင်းများတွင် နှင်းများကြောင့် သီးနှံများကြီးထွားမှု ရပ်တန့်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ နှင်းစက်များတွင် လေထုထဲမှနိုက်ထရို ဂျင် ပမာဏအများအပြား ပါဝင်ပါတယ်။ လေထုထဲမှ ရရှိသောနိုင်ထရိုဂျင်ဓာတ်ကို အမိုင်ဒိုဂျင် (NH 2 ) ပုံစံအဖြစ် သီးနှံပင်များက အသုံးပြုပါသည်။ ထို့ပြင် ၎င်းနိုက်ထရိုဂျင်ကို နောက်ရာသီသီးနှံများအတွက် ဓာတ်မြေသြဇာအဖြစ်လည်း အသုံးပြုနိုင်ပါတယ်ဗျာ။ နှင်းစက်ထဲတွင် ပါဝင်သောရေပမာဏမှာ အမျိုးမျိုးရှိပါတယ်။ များသောအားဖြင့် နှင်းစက် (၁၀)လက်မသည် ရေ(၁)လက်မနှင့် ညီမျှသည်။
ထို့ကြောင့် နှင်းစက်နှင့်ရေပမာဏအချိုးမှာ ၁၀:၁ ဖြစ်ပါတယ်။ အမှန်တကယ်တွင် နှင်းကျသောမြေမျက်နှာပြင် အပူ ချိန်သည်(၃၀)ဒီဂရီဖာရင်ဟိုက်ခန့်သာရှိသည်။ နှင်းစက်များသည် နှစ်ရှည်ခံသီးနှံများအတွက် ကောင်းမွန်သော အရာတစ်ခုဖြစ်ပါသည်။ မြေကြီးထဲတွင်အစိုဓာတ်ရရှိခြင်းကြောင့် မြေဆောင်ရောဂါကိုလဲ သီးနှံမစိုက်ပျိုးမီကတည်းကပင် ကြိုတင်ကာကွယ်နိုင်ပါသည်။
လင်းလင်းထွန်း
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from လင်းလင်းထွန်း
အားလုံး