ဂေါ်ဖီထုပ်(မုန်လာထုပ်)မှာ ကျရောက်တဲ့ရောဂါများ
ကမ္ဘာအနှံ့အပြားတွင် ဂေါ်ဖီထုပ်ဟာ အရေးကြီးဆုံး ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ ဂေါ်ဖီထုပ်ဟာ အမျိုးအစား (၃) မျိုးရှိပါတယ်။
- ဂေါ်ဖီထုပ်စိမ်း
- ခရမ်းရောင်သမ်းသောဂေါ်ဖီထုပ်
- ရွက်နားတွန့်ဂေါ်ဖီထုပ် တို့ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စီးပွားဖြစ်စိုက်ပျိုးသောမျိုးမှာ အစိမ်းရောင်ရွှေသရဖူမျိုးဖြစ်ပါတယ်။
ကျရောက်သောရောဂါများ
အနက်ပုပ်ရောဂါ

ပျိုးပင်နှင့် အပင်ကြီးနှစ်မျိုးစလုံးတွင် ကျရောက်တတ်ပါတယ်။ ဂေါ်ဖီထုပ်တွင် အဓိကကျရောက်သောရောဂါဖြစ်ပြီး ပူနွေးသောရာသီဥတုတွင် အရည်အသွေးကောင်းမွန်သောဂေါ်ဖီထုပ်များရရှိဖို့အတွက် အဟန့်အတားဖြစ်စေပါတယ်။
ရောဂါလက္ခဏာ - ဒဏ်ရာများ၊ ရွက်နားရေဝင်ပေါက်များမှတစ်ဆင့် အရွက်များပေါ်တွင် ကျရောက်ဖျက်ဆီးပါတယ်။ ဘတ်တီးရီးယားဟာ ရွက်ကြောများမှတစ်ဆင့် ပင်စည်သို့ရွေ့လျားပြီး အခြားအရွက်များကို ဖျက်ဆီးပါတယ်။ ဘတ်တီးရီးယားဖျက်ဆီးထားသော အရွက်ဟာ ဝါလာပြီးနောက် အညိုရောင်ပြောင်းကာ ၎င်းအရွက်သည် လုံးဝခြောက်သွေ့သွားပါတယ်။ အရွက်တွင် ဗွီပုံစံကိုတွေ့နိုင်ပါတယ်။ အစေ့၏အတွင်းအပြင်နှင့် သီးနှံအ ကြွင်းအကျန်များဟာ ဘတ်တီးရီးယားများကို သယ်ဆောင်ပေးပြီး တစ်နှစ်ပြီးတစ်နှစ် မြေကြီးထဲနှင့် ရောဂါကျအရွက်များပေါ်တွင် ရှင်သန်နိုင်ပါတယ်။ ရောဂါဖြစ်နေသော အပင်ဟောင်းများမှ အပင်ငယ်များသို့ ကူးစက်နိုင်ပါတယ်။
ကာကွယ်နှိမ်နင်းခြင်း - မျိုးစေ့ကို မစိုက်မီ ရေနွေးစိမ်ပါ။ ပျိုးပေါင်ကို ပိုးသန့်ပါ။ မုန်ညင်း၊မုန်လာများစိုက်ပျိုးခဲ့သော ပျိုးပေါင်များကို အသုံးမပြုရပါ။ စိုက်ခင်းထဲမှ ရောဂါကျအပင်များကို ဖယ်ရှားပါ။ သီးနှံရိတ်သိမ်းပြီးလျှင် အပင်အကြွင်းအကျန်များကို မြေနက်နက်တွင်မြှုပ်ပါ။ ဘတ်တီးရီးယားကိုသယ်ဆောင်တဲ့ ကိုက်စားအင်းဆက်များနှင့် စုပ်စားအင်းဆက်များကိုကာကွယ်ပါ။
ရိုင်ဇိုတိုးနီးယားရောဂါ

အပင်ကြီးထွားမှုအဆင့်တိုင်းကို ဖျက်ဆီးတတ်ပါတယ်။
ရောဂါလက္ခဏာ - ပျိုးပင်ငယ်များတွင် ပင်ခြေပုပ်ရောဂါဖြစ်စေပါတယ်။ အပင်၏ကြီးထွားမှုကို ရပ်တန့်ပြီး မြေပြင်ညီရှိ တစ်ရှူးများကို သေစေနိုင်ပါတယ်။ ပင်စည်နှင့် အမြစ်များပုပ်သွားပြီး အရွက်အရောင်ဟာ ခရမ်းနီရောင်ပြောင်းသွားပါတယ်။ အေးပြီးစိုစွတ်ပါက ၎င်းရောဂါဖြစ်စေပါတယ်။ လေသယ်ဆောင်သော မှိုစပိုးများဖြင့် ပျံနှံ့ပါတယ်။
ကာကွယ်နှိမ်နင်းခြင်း - ပျိုးပေါင်အား ပိုးသန့်ပေးပါ။ ပျိုးဘောင်ပေါ်ရှိ ဒဏ်ရာရပင်စည်များကို ဓာတုဆေးတစ်မျိုးဖြင့် အပင်ခြေ၌ စိုရွဲအောင်ဖျန်းပေးပါ။ ၄ နှစ်တစ်ကြိမ် သီးနှံစိုက်စနစ်ကိုသုံးပါ။
အမြစ်တင်းပုတ်ရောဂါ

မုန်ညင်း၊ မုန်လာသီးနှံများမှာ ဆိုးရွားတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။
ရောဂါလက္ခဏာ - အပင်ရေသောက်မြစ်ဟာ စတင်ဖောင်းကားပြီး ၎င်းမှတစ်ဆင့် အမြစ်နှင့် မြေအောက်ပင်စည်အစိတ်အပိုင်းများ ဖောင်းကားလာပါတယ်။ အမြစ်ရဲ့အလယ်ပိုင်းတွင်ထူပြီး အဖျားပိုင်းများရှူးကာ ရစ်ဘီးပုံဖြစ်လာပါတယ်။ ရောဂါကျအမြစ်များဟာ မရိတ်သိမ်းမီမှာပင် ဆွေးမြေ့ပျက်စီးသွားပါတယ်။ မြေအစိုဓာတ်များခြင်းနှင့် အချဉ်ပေါက်နေခြင်း အပူချိန် ၁၈.၅ နှင့် ၂၅.၅ ဒီဂရီစင်တီဂရိတ်အတွင်းရှိပါက ရောဂါကျရောက်စေပါ တယ်။ ၎င်းရောဂါဟာ ရောဂါကျပျိုးပင်များ၊ လေနှင့်အတူပါလာသော မြေမှုန်များ၊ မသန့်ရှင်းသော လယ်ယာသုံးစက်ကိရိယာများမှတစ်ဆင့် ပျံ့နှံ့ပါတယ်။
ကာကွယ်နှိမ်နင်းခြင်း - ရောဂါကင်းပျိုးပင်များကို စိုက်ပျိုးပါ။ တစ်နေရာထဲတွင် မုန်ညင်းမုန်လာမျိုးများအား ၃-၄ နှစ်မစိုက်ဘဲ သီးနှံလွှဲ၍စိုက်ပါ။ ရောဂါအနည်းအကျဉ်းကျရောက်နေသောမြေကို ထုံးထည့်ပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ရွေ့စိုက်ချိန်တွင် အမြစ်ကျင်းတူးပြီး မှိုသတ်ဆေးထည့်ပေးပါ။
မုန်လာမိုစေ့ဗိုင်းရပ်စ် သို့မဟုတ် စက်ဝိုင်းပြောက်ဗိုင်းရပ်ရောဂါ
၎င်းရောဂါဟာ မျိုးစေ့နှင့် အစိမ်းရောင် မက်မွန်သီးပျများမှ ကူးစက်ခြင်းဖြစ်ပါတယ်။
ရောဂါလက္ခဏာ - အရွက်ငယ်များပေါ်တွင် စက်ဝိုင်းပုံ အဝါရောင်အပြောက်စတင်ဖြစ်ပေါ်ပြီး နောက်ပိုင်းတွင် အစိမ်းဖျော့ အစိမ်းရင့်စက်ဝိုင်းပုံများ အစွန်းကွက်များဖြင့် ရောင်မညီကွက်ကျားများ ဖြစ်ပေါ်လာပါတယ်။ အပူချိန်မြင့်သောအခါတွင် ပိုမိုထင်ရှားပြီး အပူချိန်နိမ့်သောအခါ အပြင်ရွက်များ၌ အနက်ရောင်စက်ဝိုင်းပြောက်များကို ထင်ရှားစွာတွေ့မြင်ရပါ တယ်။ ၎င်းရောဂါဟာ ရောဂါကျရောက်နေသောအပင်များ ပေါင်းပင်များကို ပျများကျရောက်ရာမှ ကျန်းမာသောအပင်များကို ရောဂါပျံ့နှံ့ကူးစက်ခြင်း ဖြစ်ပါတယ်။
ကာကွယ်နှိမ်နင်းခြင်း - ရောဂါကင်းမျိုးများကို စိုက်ပျိုးပါ။ ရောဂါကျအပင်များနှင့် ဝေးသောနေရာများတွင် ပျိုးပင်များကို ထုတ်လုပ်ပါ။ ရောဂါကျသီးနှံပင်များ၊ အပင်အကြွင်းအကျန်များအနီး၌ စိုက်ပျိုးခြင်းကိုမပြုရန်။
စလာရိုတီးနီးယားရေနာရောဂါ (Sclerotinia)

၎င်းရောဂါဟာ ဂေါ်ဖီထုပ်ပင်များ ကြီးရင့်လာလေလေ ဆုံးရှုံးမှုများလေလေဖြစ်ပါတယ်။
ရောဂါလက္ခဏာများ - အညိုဖျော့ရောင် ရေနာကွက်သည် လျင်မြန်စွာပြန့်ပွားပြီး ကြီးထွားလာပါတယ်။ စိုစွတ်သောအခြေအနေတွ င်ရေနာကွက်ဟာ အဖြူရောင်မှိုမျှင်များဖုံးအုပ်ပြီး ၎င်းအတွင်း၌ အစေ့နှင့်သဏ္ဍန်တူသော ပုံမမှန်အစိတ်အပိုင်းများကို တွေ့ရပါတယ်။ ၎င်းတို့ဟာ စခရိုးရှားဟုခေါ်သော မှိုအိမ်များဖြစ်ပါတယ်။ ၎င်းဟာ မြေထဲတွင်နှစ်ပေါင်းများစွာ ရှင်သန်နိုင်ပါတယ်။ ၎င်းရောဂါဟာ ဟင်းသီးဟင်းရွက်များနှင့် အခြားပင်များကိုပါ ကျယ်ပြန့်စွာ ဖျက်ဆီးနိုင်ပါတယ်။
ကာကွယ်နှိမ်နင်းခြင်း -ရောဂါကျရောက်နေသော အပင်များကို ဖယ်ရှားခြင်းဖြင့် ၎င်းမှိုရောဂါပျံ့ပွားခြင်းကို ကာကွယ်နိုင်ပါတယ်။ မြေကြီး၌ ရောဂါဝင်ရောက်မှုများ အေးမြစိုစွတ်နေပါက ၁၄ ရက်တစ်ကြိမ် ဆေးဖျန်းပေးပါ။
ဗိုင်းရပ်စ်သယ်ဆောင်သော မုန်ညင်းမုန်လာပေါင်းပင်များကို ဖယ်ရှားပေးပါ။ ပုံမှန်ပိုးသတ်ဆေးဖျန်းခြင်းအားဖြင့် ပျစိမ်းအရေအတွက်တိုးပွားခြင်းကို ကာကွယ်နိုင်ပြီး ဗိုင်းရပ်စ်ပျံ့ပွားမှုကို လျော့နည်းစေပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
naylintun du
လွန်ခဲ့သော ၁ နှစ် ကဘာဆေးသုံသင်လဲ
ဆက်စပ်မေးခွန်းများ
မင်္ဂလာပါ စိုက်ပျိုးရေးပညာရှင်များခင်ဗျာ။ ကျွန်တော့်စပါးခင်းမှာ ဂုတ်ကျိုးရောဂါ ဝင်နေပါတယ်။ လက်ရှိ စပါးက နို့ရည်ဝင်အဆင့်တော့ကျော် ဖြစ်ပါတယ်။ ရိတ်သိမ်းဖို့ ရက် ၂၅ခန့် လိုပါသေးတယ်။ စပါးခင်းတစ်ခင်းလုံး ရောဂါပျံ့နှံ့နေပါတယ်။ စပါးနှံ ၃၀% ခန့် ဂုတ်ကျိုးပြီး ဖြူခြောက်နေပါတယ်။ ရောဂါကလည်း နေ့စဉ် တိုးလာနေပါတယ်။ မေးချင်တာက— ၁။ ဒီအချိန်မှာ မှိုသတ်ဆေး ဖျန်းသင့်ပါသလား။ ၂။ ဖျန်းသင့်တယ်ဆိုရင် ဘယ်ဆေးအမျိုးအစား သုံးသင့်ပါသလဲ။ ၃။ ရိတ်သိမ်းဖို့ ရက် ၃၀ သာလိုတော့တဲ့အတွက် ဘယ်ဆေးက သင့်တော်ပါသလဲ။ ၄။ ကျန်ရှိနေတဲ့ စပါးနှံတွေကို ရောဂါမထပ်ပြန့်အောင် ကာကွယ်နိုင်ပါသလား။ အခုပုံက ရိုက်ထားတာ ၂ရက်ရှိပါပီဗျာ အကြံဉာဏ်ပေးကြပါဦးခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Nyi Nyi Aung • ဖြေကြားချက် 2 ခု
မုိခါ မျိုး27ရက်သား 10ရက်သားခန့် တန်းရှင်း ရွေးချယ် ၊ 15ရက်သားကျော်ကယူနတီမှိုဆေးဖြန်းထားပြီး 25ရက်သားက(ပုံပါ) ပိုးသတ်ဆေးဖြန်းထားပါတယ် အပင်တွေ သေနေလို့ တစ်ချို့က ပုံပါအတိုင်းအညွှန့်ပုပ်ပုပ် သွားလို့ ပိုးကြောင့်လား မှိုကြောင့်လား ဖြေပေးပါဦး ဆရာတို့
Hlaing Min Tun • ဖြေကြားချက် 1 ခု
ကျွန်တော်ပဲတီိစိမ်းအခင်းအပင်တွေညိုးသေနေပါတယ်မြေကြီးကလည်းအလွန်စိုနေပါတယ်ပဲပင်ဆက်မသေအောင်ဘယ်လိုကာကွယ်ကုသရမလဲဆရာ
လက်တွေ့တောင်သူ • ဖြေကြားချက် 1 ခု
ဆင်းသုခစပါးအရွက်တွေအဝါရောင်ဖြစ်နေလို့ပြန်ကောင်းအောင်ဘယ်လိုလုပ်ရမလဲ
Hein Hein Htet • ဖြေကြားချက် 1 ခု
သီးလုံးဖောက်ပိုးနဲ့ ပွင့်ထွေးပိုးကတစ်မျိုးတည်းလား ဘယ်လိုကွာလဲ ဆရာ
Saw Samson • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၆)
10/11/2026
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
More from လင်းလင်းထွန်း
အားလုံး