တစ်ပတ်အတွင်း လယ်ယာထွက်ကုန် သီးနှံစျေးကွက် နှိုင်းယှဉ်သုံးသပ်ချက်
ဒီတစ်ပတ်ကတော့ ပွဲတော်ပိတ်ရက်တွေများနေပြီး ကုန်စည်ဒိုင်တွေပိတ်တဲ့အတွက် အရောင်းအဝယ်ကလည်း မရှိသလောက်ဖြစ်သွားပါတယ်။ ပဲဈေးတွေလောက်သာ အတက်အကျရှိပြီး အခြားသီးနှံတွေကတော့ ထူးထူးခြားခြားပြောင်းလဲသွားတာမျိုးမရှိပါဘူး။
ဆန်၊ စပါး
ဒီတစ်ပတ်မှာတော့ ရန်ကုန်ဈေးကွက်မှာ ဆန်ကောင်းရင် အရောင်းအဝယ်ကောင်းတဲ့အခြေအနေ လည်း ဖြစ်ပါတယ်။ ဆန်သစ်က ဈေးအေးနေပြီး အဟောင်းသာ ရောင်းရတဲ့အခြေအနေလည်း ဖြ စ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပေါ်ဆန်းအသစ်က တစ်အိတ်ကို ၂၃၀၀၀ ကနေ ၂၄၀၀၀ ကြားပေါက်ဈေးရှိပေမယ့် အဟောင်းဖြစ်တဲ့ မြောင်းမြပုသိမ်ပေါ်ဆန်းကတော့ ၃၈၀၀၀ ကနေ ၄၂၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းကတော့ ၃၆၀၀၀ ကနေ ၃၈၀၀၀ ကျပ်၊ ဒေးဒရဲပေါ်ဆန်းကတော့ ၃၅၀၀၀ ကနေ ၃၈၀၀၀ကျပ်၊ ဒေးဒရဲပေါ်ဆန်းကတော့ ၂၅၀၀၀ ကနေ ၃၂၀၀၀ ကြား အသီးသီးရှိပြီး ဈေးငြိမ်ပါတယ်။
နယ်ဈေးကွက်တွေမှာတော့ စပါးသစ်တွေထွက်ရှိပြီဖြစ်တဲ့အတွက် စပါးအဟောင်းဈေးတွေက ငြိမ်နေပြီး ဆန်အဟောင်းတွေကထပ်ပြီးဈေးက ကျဆင်းသွားတာတွေ့ရပါတယ်။ ပေါ်ဆန်းစပါးဈေး၊ ဆန်ဈေးတွေက ငြိမ်နေတာ တစ်လနီးပါးရှိပြီး ဧည့်မထ ဆန်ဈေးတွေကတော့ အနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။
စပါးအသစ်ကတော့ ပုသိမ်ဧည့်မထသာ ထွက်ရှိပြီး တင်း ၁၀၀ ကို ၄၆၀၀၀၀ နဲ့ ဈေးဖွင့်ထားပါ တယ်။ မြောင်းမြဧည့်မထကတော့ တင်း ၁၀၀ ကို ၄၆၉၀၀၀ ပေါက်ဈေးရှိပြီး မြောင်းမြပေါ်ဆန်းကတော့ တင်း ၁၀၀ ကို ၆၂၂၀၀၀ ပေါက်ဈေးရှိနေပါတယ်။
ပုသိမ်ပေါ်ဆန်းစပါးအဟောင်းကတော့ တင်း ၁၀၀ ကို ၈၂၄၀၀၀ ကျပ်ရှိပြီး ဆန်ကတော့ ၃၈၀၀၀ ကျပ်ရှိပါ တယ်။ မြောင်းမြပေါ်ဆန်းအဟောင်းစပါးကလည်း တင်း ၁၀၀ ကို ၇၄၅၀၀၀ ကျပ်ရှိပြီး ဆန်က ၄၀၀၀၀ ကျပ်၊ ဒေးဒရဲစပါးက တင်း ၁၀၀ ကို ၇၁၁၀၀၀ ပေါက်ဈေးရှိပြီး ဆန်က ၃၈၀၀၀ ကျပ်၊ဖျာပုံပေါ်ဆန်းက တင်း ၁၀၀ ကို ၇၂၅၀၀၀ ပေါက်ဈေးရှိပြီး ဆန်က ၃၈၀၀၀ ကျပ် အသီးသီး ဈေးငြိမ်ပါ တယ်။ ပုသိမ်ဧည့်မထဆန်က တစ်တင်းခွဲ တစ်အိတ်ကို ၂၀၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်၊ မြောင်းမြ ဧည့်မထ ဆန်က တစ်အိတ်ကို ၂၁၅၀၀ ကျပ်ရှိပြီး ၅၀၀ ကျပ်၊ အသီးသီးဈေးကျဆင်းသွားပါတယ်။
မတ်ပဲ (FAQ/RC)
မတ်ပဲကတော့ အမြင့်ဆုံးဈေးရရှိခဲ့ပြီးတောင်သူတွေကို မျှော်လင့်ချက်ပေးခဲ့ပေမယ့် ရက်ပိုင်းအတွင်း ပြန်ကျဆင်းသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်နဲ့ ယှဉ်ရင်တော့ အနည်းငယ်မျှော်လင့်ချက်ရှိပေမယ့် တောင်သူတွေလက်ထဲ ပဲ မရှိတဲ့အတွက် ဈေးကောင်းရရှိမှုဟာ တောင်သူတွေအတွက် မဟုတ်ခဲ့တာလည်းတွေ့ရပါတယ်။
အိန္ဒိယမှာ မကြာခဏပြောင်းလဲနေတဲ့ ပဲမူဝါဒတွေကြောင့် မြန်မာ့ပဲဈေးကွက်က ကမောက်ကမ တွေ ဖြစ်ဖြစ်သွားတာလည်းတွေ့ရပါတယ်။
ပြီးခဲ့တဲ့ အပတ်ကတော့ မတ်ပဲက တစ်တန်ကို ၁၃ သိန်းထိ မြင့်တက်သွားခဲ့ပြီး ရက်ပိုင်းအတွင်း ပြန်ကျဆင်းသွားကာ ဈေးပိတ်ရက်မှာ တစ်တန်ကို ၁၂၀၀၀၀၀ ပေါက်ဈေးရှိပါတယ်။ ဒီတစ်ပတ်မှာတော့ တစ်တန်ကို ၁၁၈၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင်တော့ ၃ သောင်းလောက်ထပ်ပြီး ကျဆင်းသွားခဲ့ပါတယ်။
နယ်ကုန်စည်ဒိုင်တွေဖြစ်တဲ့ မုံရွာဈေးကွက်မှာတော့ မတ်ပဲက တစ်တင်းကို ၃၂၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀၀ ကျော်ဈေးကျဆင်းသွားပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာလည်းတစ်တင်းကို ၃၀၆၀၀ ပေါက်ဈေးရှိပြီး ၁၉၀၀ ကျပ် ဈေးကျဆင်းသွားခဲ့ပါတယ်။
ပဲစင်းငုံ(နီ)
ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့အပတ်က ဈေးမဖွင့်ပေမယ့် ဒီတစ်ပတ် ပိတ်ရက်ပြီးတဲ့အချိန်မှာတော့ အရောင်းအဝယ် ဖြစ်ပြီးဈေးပြန်ဖွင့်ပါတယ်။ မတ်ပဲဈေးကသာ အတက်အကျအပြောင်းအလဲဖြစ်နေပေမယ့် ပဲစင်းငုံနီကတော့ လက်တလော ပုံမှန်ဈေးရှိနေတယ်လို့ပြောလို့ရပါတယ်။ အတက်အကျကလည်း အနည်းငယ်သာ အပြောင်းအလဲရှိနေပါတယ်။
အိန္ဒိယကပဲဝယ်ယူမှုရက်ကို နိုဝင်ဘာ ၁၅ ရက်နေ့အထိ သက်တမ်းတိုးပေးလိုက်တဲ့အတွက် ရက်ပိုင်းအတွင်း အရောင်းအဝယ်ပြန်ဖြစ်နေတာလည်းဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက ၈၂၀၀၀၀ ကျော်နဲ့ အရောင်းအဝယ်ဖြစ်ပါတယ်။ မုံရွာဈေးကွက် မှာလည်း တစ်တင်းကို ၂၇၇၅၀ ကျပ် နဲ့ဈေးငြိမ်နေပြီး မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၈၅၀၀ ကျပ်ရှိပြီး ၃၀၀ လောက်ဈေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၂၇၀၀၀ ကျပ်ရှိပြီး ၇၀၀ ကျပ် ဈေးတက်လာပါတယ်။
ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၈၉၀၀ ပေါက်ဈေးရှိပြီး ၉၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်း ကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်တက်လာပါတယ်။ အိန္ဒိယတင်ပို့မှုကြောင့် ဈေးတက်လာတာ ဖြစ်ပြီး ဒီလအတွင်း အပြီးတင်ပို့ရမယ်ဆိုတဲ့အတွက်ကြောင့်လည်းဖြစ်ပါတယ်။ တရုတ်တင်ပို့မှုကတော့ ပုံမှန်ရှိနေပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်းက တစ်ပိဿာကို ၁၈၅၀ ကနေ ၂၂၅၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျော်ဈေး တက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ ပဲတီစိမ်းကတော့ တစ်တင်းကို ၃၃၅၀၀ ကနေ ၃၅၀၀၀ ပေါက်ဈေးရှိ ပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၈၅၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။
၁၃.၁၁.၂၀၁၉ မှ ၁၅.၁၁.၂၀၁၉ထိ
ဝတ်ရည်မွန်(AMIA)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 0 ခု
ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ
Nga Chan • ဖြေကြားချက် 0 ခု
ထရိုင်ကိုဒါးမားကို မန္တလေး (သို့မဟုတ်) တံတားဦးအနီးတဝိုက် ဘယ်မှာဝယ်ယသလို့ရလဲသိချင်ပါတယ်ဗျ
Nyan Lwin Tun • ဖြေကြားချက် 0 ခု
မတ်ပဲနဲ့ပဲကီးခင်းထဲတွင် ရွေးချယ်ပေါင်းသတ်ဆေး ဘာဖျန်းရမလဲ သိရင် ပြောပေးပါ ဦးဗျ
Thura Htun • ဖြေကြားချက် 2 ခု
ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့
U Yan • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....