(FAW) ငမြှောင်တောင်ပိုးကျရောက်မှုအတွက် တရုတ်နဲ့သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားမည်
ပြောင်းသီးနှံမှာကျရောက်နေတဲ့ (FAW) ငမြှောင်တောင်ပိုးကျရောက်မှုများနဲ့ ဘက်စုံကာကွယ်နှိမ်နင်းခြင်းများအတွက် သုတေသနလုပ်ငန်းများကို တရုတ်နိုင်ငံ ကူမင်းစိုက်ပျိုးရေးကျေးလက်ဗျူရိုအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သိရပါတယ်။
ပြောင်းသီးနှံမှာကျရောက်နေတဲ့ (FAW) Fall Armyworm အတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးညှိနှိုင်းနေတာဖြစ်တယ်လို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်လွင်ဦးက ပြောပါတယ်။
“အဓိကပြောင်းသီးနှံမှာကျရောက်နေတဲ့ (FAW) Fall Armyworm အတွက်ကိုပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေးတာပါ။ သူတို့ဆီမှာတော့ နောက်မှာကျတာ။ အဲဒီအတွက် နည်းပညာတွေကို ပူးပေါင်းဆောင်ရွက်ဖို့ ကာကွယ်နှိမ်နင်းဖို့ လုပ်ဆောင်သွားမှာပါ။ FAW ကို ကာကွယ်နှိမ်နင်းဖို့အတွက် ခုထိမရှိသေးဘူးပေါ့နော်”
လာမယ့်ပြောင်းရာသီမှာ ပြောင်းသီးနှံမှာကျရောက်နေတဲ့ (FAW) Fall Armyworm အတွက် နည်းစနစ်နဲ့ ကာကွယ်နိုင်မယ့်နည်းပညာများ ပူးပေါင်းနိုင်ရန်အတွက် အစီအစဉ်များရေးဆွဲနေတာဖြစ်ကြောင်းလည်း အဆိုပါဌာနမှ သိရပါတယ်။
ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းလမ်းများနဲ့ ပိုးမွှားသုတေသနလုပ်ငန်းများ အတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ တရုတ်နိုင်ငံ ကူမင်း စိုက်ပျိုးရေး ကျေးလက်ဗျူရိုအဖွဲ့နဲ့ ပူးပေါင်းကာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် ဆွေးနွေးညှိနှိုင်းသွားမှာဖြစ်ကြောင်း အဆိုပါဌာနမှ သိရပါတယ်။
တိုးတိုးခိုင်(ABM)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ပေါ်ဆန်း140/145မျိုး ပျိုးတစ်လနှုတ်ပြီး စိုက်ခင်းပြောင်းရွှေ့စိုက်ထားပါတယ်။ကာစူဂါမိုင်စင်မှိုသတ်ဆေးနဲ့ ကာတက်ပါသောဆေး နှစ်ကြိမ်၊ကာစူဂါမိုင်စင် သီးသန့်တစ်ကြိမ်။ရိန်းဘိုးကုမ္ပဏီက စစ်သူကြီး တစ်ကြိမ်၊ဒီနေ့ ဩဘာက ဖိုင်းရာ50ccထည့်ပြီး ဖျန်းခဲ့ပြီး၊ပိုတက် ကျောက်မှုန့်နဲ့ ပုလဲပါးပါး ကျွေးထားထယ်။ဘာဆက်ဆောင်ရွက်သင့်လညါး အောက်ရွက်နည်းနည်း ခြောက်လို့ပါဗျ။
ဦးနေဇော်ငြိမ်း • ဖြေကြားချက် 2 ခု
Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား
Khing Hein • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
အရွက်တွေကွက်ကြားခြောက်ပြီးတစ်နေ့ထက်တစ်နေပိုပိုခြောက်တယ့်အကျယ်အဝန်းကများလာလို့ဆရာ/စပါးကမင်းဧရာပါ
Zaw Than Oo • ဖြေကြားချက် 1 ခု
ကြက်သွန်နီတွင် ကျရောက်တတ်သောရောဂါများအကြောင်းကိုသိသလောက်လေးပြောပြပေးပါ
Aung Myo Oo • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026