အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပြောင်းပေါ်ချိန် နိုဝင်ဘာလအစမှာ ပြောင်းဈေးအနည်းငယ် မြင့်တက်

ပြောင်းပေါ်ချိန် နိုဝင်ဘာလအစမှာ ပြောင်းဈေးအနည်းငယ် မြင့်တက်

AMIA
AMIA • 05/11/2026

ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ရန် နီးကပ်လာသော ပြောင်းဆန်များ ဈေးနှုန်း မြင့်တက်လာကြောင်း သိရသည်။

၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြန်လည် တင်ပို့နိုင်တော့မည်ဖြစ်၍ စတင်တင်ပို့နိုင်ရန် ၄ လနီးပါးသာ ကျန်တော့သည်ဖြစ်ရာ ဈေးကွက် လှုပ်ရှားလာခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ယခုကာလမှာ ပြည်တွင်း၌ ပြောင်းအသစ်များ စတင်ပေါ်နေပြီဖြစ်၍ ကုန်စည်ဒိုင်များတွင် အရောင်းအဝယ် သွက်ကာ ဈေးကွက် အနည်းငယ် ပြန်တက်လာသည့် အနေအထားသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

အောက်တိုဘာ နောက်ဆုံးအပတ်က ပြောင်းတစ်ပိဿာလျှင် ကျပ် ၁,၆၉၀ မှ ၁,၇၁၀ အထိသာ ရှိခဲ့ပြီး လက်ရှိ နိုဝင်ဘာလ ပထမပတ်တွင် ပြောင်းတစ်ပိဿာလျှင် ကျပ် ၁,၈၄၀ မှ ၁,၈၆၀ ခန့်အထိ ပေါက်ဈေး ရှိလာကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရသည်။

"ပြောင်းပေါ်ချိန်ဆိုပေမဲ့ မိုးရာသီအတွင်း ကြုံတွေ့ခဲ့ရတဲ့ ရေကြီးရေလျှံမှုတွေနဲ့ မိုးသည်းထန်မှုတွေကြောင့် အချို့ဒေသတွေမှာ ပြောင်းခင်းတွေ ပျက်စီးဆုံးရှုံးမှု ရှိခဲ့တာတွေရှိတယ်။ ဒါကြောင့် ယခင်နှစ်တွေထက် အထွက်နှုန်း အနည်းငယ် လျော့နည်းနိုင်တယ်။ ပြီးတော့ တချို့တောင်သူတွေက သွင်းအားစု ဈေးနှုန်းနဲ့ လုပ်အားခများတော့ လျှော့ချစိုက်ပြီး သိပ်ဂရုမစိုက်နိုင်တော့ အထွက်နှုန်းကျတယ်။ နောက်ပြီး ပြောင်း ပေါ်ပေါ်ချင်းမှာပဲ ပြည်တွင်းအစာစပ်စက်ရုံတွေနဲ့ ပြည်ပပို့ကုန် (Export) သမားတွေက လိုက်ဝယ်တာတွေရှိလာလို့ ဈေးကွက်က လှုပ်လာတာလို့ ပြောရမှာပဲ" ဟု ပြောင်းကုန်သည် တစ်ဦးက ပြောသည်။

ပြောင်းဈေးမှာ ယခုထက်မက ထပ်မံတက်ဦးမည်ဖြစ်၍ တောင်သူများအနေဖြင့် ခြွေလှေ့ကျိတ်ခွဲပြီးပါက အကုန်မရောင်းသင့်ကြောင်းနှင့် ၆၀ ရာခိုင်နှုန်းခန့် လှောင်ထားသင့်ကြောင်း ဈေးကွက်နားလည်သူ အချို့က သုံးသပ်ထားခြင်းများလည်း ရှိသည်။

"ဒီလို ပြောင်းပေါ်ချိန်အစမှာ ဈေးတက်မှ တောင်သူတွေအတွက် အကျိုးရတာ။ နောက်မှတက်ရင်တော့ လှောင်သမားနဲ့ ကုန်သည်တွေပဲ အကျိုးအမြတ် ရတာပါ။ ထိုင်းတင်ပို့ချိန်မှတက်ရင် တောင်သူနဲ့ မဆိုင်ဘူး၊ လှောင်နိုင်တဲ့ တောင်သူအချို့ဆိုတာ လက်ချိုးရေလို့ရတယ်။ အခုက သွင်းအားစုတွေက အတော်ကြီးလို့ စိုက်စရိတ် ပြန်ရဖို့ မနည်း လုံးပန်းနေရတာ" ဟု ပြောင်းစိုက်တောင်သူ တစ်ဦးက ဆိုသည်။

လက်ရှိတွင် ထိုင်းနိုင်ငံသို့ မတင်ပို့မီ ပုံမှန်အားဖြင့် အိန္ဒိယ၊ တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင် အပါအဝင် အခြား အာရှနိုင်ငံများသို့ ရေကြောင်းမှ အဓိကထား တင်ပို့နေကြောင်း သိရသည်။

လက်ရှိတွင် FOB နှုန်းထားအနေဖြင့်လည်း ပြောင်းတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၇၅ မှ ၂၈၅ ဝန်းကျင်ဖြင့် ဈေးတက်နေကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံအနေဖြင့် မွေးမြူရေးလုပ်ငန်းများအတွက် ပြောင်းတန်ချိန် နှစ်စဉ် ၉ သိန်းခန့်အထိ လိုအပ်ချက်ရှိနေ၍ လာမည့် ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလတွင် အခွန်လွတ် တင်သွင်းခွင့် ပြန်လည်စတင်သည်နှင့် တစ်ပြိုင်နက် ထိုင်းဝယ်လိုအား အလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက်လာနိုင်ခြေ ရှိကြောင်းလည်း သိရသည်။

ထို့ကြောင့် လာမည့်နှစ်တွင် မြန်မာ့ပြောင်းကို ထိုင်းနိုင်ငံသို့ တင်ပို့မည့် ကုန်သည်နှင့် တောင်သူများအနေဖြင့် ဈေးကွက်ကောင်း ရရှိနိုင်ကြောင်းလည်း ဈေးကွက်နားလည်သူ အချို့က သုံးသပ်ထားကြောင်း သိရသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

ပြောင်းဈေးကွက်

ပြောင်းဈေးကွက်

အကြောင်းအရာ 3

သီးနှံဈေးကွက်

သီးနှံဈေးကွက်

U Saw

U Saw

လွန်ခဲ့သော ၁ နာရီ က

ပြောင်းစိုက်တောင်သူတွေအနေနဲ့ ဈေးမြင့်လာတဲ့ ပြည်ပထုတ် ဓာတုသွင်းအားစု တွေ အပေါ် မှီခိုခြင်းကို လျှော့ချပြီး ပြည်တွင်းထုတ် သဘာဝမြေဩဇာ ၊ ပိုးပြေးဆေး ၊ မှိုနိုင်ဆေး တွေ ပိုသုံးနိုင်မှ အကျိုးအမြတ် ပိုရနိုင်မှာပါ။

You

ဆက်စပ်မေးခွန်းများ

မြေပဲအပင် ၁၄ရက်သားပါ ဘာရောဂါပိုးကျရောက်နေတာလည်းရှင့် ပြီးတော့ဘာဆေးဖျန်းရမလည်းရှင့်

Hnin Nu Wai • ဖြေကြားချက် 0 ခု

ခရမ်းခဥ်အပွင့်မအောင်လို့ဘာဆေးသုံးရမှာလဲ

အောင်စီ • ဖြေကြားချက် 1 ခု

ရှမ်းပြည်နယ်၊မိုင်းနောင်မြို့ကပါခင်ဗျာ ကော်ဖီစိုက်ပျိုးရေး နည်းလမ်း၊နည်းစနစ် သိချင်လို့ပါ

U KYAW YE AUNG • ဖြေကြားချက် 3 ခု

ခရမ်းချဉ်သီးအပင် အတက်နှေးနေလို့ မိုရယ်မုန်းနဲ့ ပုလဲဝဲရေဖျော်လောင်းလို့ အဆင်ပြေလားဗျ သက်တမ်းက25ရက်လောက်ရှိပါပီး

maungsoethuwin • ဖြေကြားချက် 1 ခု

မင်္ဂလာပါ ကျွန်မရွှေပန်းအဖူးတွေပုတ်လို့ပါ အဖူးပုတ်တဲ့ပုံစံကအဖူးကောင်းတစ်ခုထွက် ပြီးအဖူးထပ်မလာတော့ပဲအထဲကိုခွာကြည့်တဲ့အခါပုတ်နေတာပါ ရှင့်

ဒေါ်ဇာနည်လင်း • ဖြေကြားချက် 4 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။