အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စားကျက်မြေ ရှားလာသဖြင့် တနိုင်တပိုင် ဘဲမွေးမြူမှု နည်းလာ

စားကျက်မြေ ရှားလာသဖြင့် တနိုင်တပိုင် ဘဲမွေးမြူမှု နည်းလာ

AMIA
AMIA • 03/11/2026

ကျေးလက်ဒေသတွင် ဘဲလွှတ်ကျောင်းရန်အတွက် စားကျက်မြေနေရာ ရှားပါးလာသဖြင့် တနိုင်တပိုင် ဘဲမွေးမြူရေး လုပ်ကိုင်သူ အလွန်နည်းပါးလာကြောင်း သိရသည်။

ဘဲအရှင် ဖမ်းဈေးကွက် ကောင်းမွန်သည့်အတွက် တနိုင်တပိုင် မွေးမြူလိုသူများ ရှိသော်လည်း စားကျက်မြေနေရာ နည်းပါးလာခြင်း၊ မွေးမြူရေးအစာ ဈေးနှုန်းမြင့်တက်လာခြင်း စသည့် အခြေအနေများကြောင့် ဘဲမွေးမြူရေး လုပ်ကိုင်သူ နည်းပါးလာခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဘဲအရှင် ဖမ်းဈေးကွက်မှာ တစ်ပိဿာလျှင် ကျပ် ၂၃,၀၀၀ မှ ၂၄,၀၀၀ အတွင်း ဈေးရှိကြောင်း သိရသည်။

"ပုံမှန်ဆို ဘဲမွေးတာက သူတို့ကိုထားဖို့ ခြံလိုတယ်။ ကျန်တာက လယ်တွေထဲ လွှတ်ကျောင်းရတာ။ အခုက လွှတ်ကျောင်းဖို့ နေရာက ရှားလာတယ်။ လယ်သမားတွေကလည်း လယ်တွေထဲ အကျောင်းမခံဘူး။ မွေးမြူရေးအစာ ကျွေးရင်လည်း တွက်ခြေမကိုက်နိုင်ဘူး" ဟု တနိုင်တပိုင် ဘဲမွေးမြူရေး လုပ်ကိုင်သူ ဦးစိုးက ပြောသည်။

ကျေးလက်ဒေသတွင် တနိုင်တပိုင် မွေးမြူရာ၌ အများဆုံး မွေးမြူသည့် ဘဲအမျိုးအစားမှာ မန်ဒါလီနှင့် ကတ်ဘဲများ ဖြစ်ကြောင်း၊ မွေးမြူရေးခြံများအနေဖြင့်မူ ကာကီကင်းဘဲ အမျိုးအစားကို မွေးမြူမှု များကြောင်း သိရသည်။

အဆိုပါ ကာကီကင်းဘဲ အမျိုးအစားသည် ထိုင်းနိုင်ငံမှ မျိုးဥဝယ်ယူပြီး ပြည်တွင်း၌ သားဖောက်ကာ ပြန်လည်ရောင်းချခြင်း၊ မွေးမြူခြင်း ဖြစ်ကြောင်း သိရသည်။

ယခုနောက်ပိုင်းတွင် အဆိုပါ ကာကီကင်းဘဲ အမျိုးအစားကို အနည်းဆုံး အကောင်ရေ ၃၀၀ မှ ၅၀၀ အကြားအထိ မွေးမြူမှု ရှိသလို အများဆုံးဆိုလျှင် အကောင်ရေ ၁,၀၀၀ မှ ၂,၀၀၀ ကြားအထိ စီးပွားဖြစ် မွေးမြူမှု ရှိလာကြောင်း သိရသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မွေးမြူရေးသတင်း

မွေးမြူရေးသတင်း

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဘယ်ဖြစ်တာလဲဗျဘယ်လို့ကုသရ

မောပ်တိုးတတ် • ဖြေကြားချက် 4 ခု

ဧရာပဒေသာ၁၁၀ရက်သားပုံပါအတိုင်းစပါးစေ့ကွဲပြီးဝတ်ဆံထွက်တာအဟာရကြောင့်လားပိုးမွှားကြောင့်လားခဗျာ

kyaw zin • ဖြေကြားချက် 2 ခု

ဧရာပဒေသာ၁၀၇ရက်သားအနှံထွက်စပြုပါပြီပုလဲသီးသန့်ကျွေးသင့်လားဆာလ်ဖာပုလဲပဲကျွေးသင့်လားခဗျ၁လသားမှာ၁၆ပတ်လည်နဲ့ပုလဲကျွေးထားပါတယ်၄၅ရက်သားမှာ၁၅ပတ်လည်သီးသန့်ကျွေးထားပါတယ်၇၅ရက်သားမှာပုလဲပိုတက်ကျွေးထားပါတယ်၉၃ရက်သားမှာပုလဲပိုတက်ထပ်ကျွေးထားပါတယ်အခုနောက်ဆုံးအပတ်မှာဘာကျွေးသင့်လဲခဗျာ၁ဧကဘယ်နှစ်ပြည်ကျွေးသင့် လဲခဗျ

kyaw zin • ဖြေကြားချက် 2 ခု

မတ်ပဲကို မှိုဆေးဖျန်းပြီးဘယ်နှစ်ရက်နေရင် အားဆေးဖျန်းသင့်လဲ ပိုးသတ်ဆေးကိုဘယ်နှစ်ရက်တစ်ကြိမ်ဖျန်ရင်အကောင်းဆုံးလဲ

Saw Samson • ဖြေကြားချက် 2 ခု

အောက်အရွက်တွေညှပ်လို့ရပီးလား တစ်လတော့ကျော်နေပါပီး ခူးတာလဲ 4ခါတော့ ရှိပီး

maungsoethuwin • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။