ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် ဈေးကျသွားတဲ့ သီးနှံများ (ဈေးကွက်သုံးသပ်ချက်)
မတ်ပဲ
ပြီးခဲ့တဲ့ တစ်လလုံး ဆက်တိုက် ဈေးမြင့်တက်လာခဲ့တဲ့ မတ်ပဲက မေလ ပထမပတ်မှာ စတင် ဈေးကျဆင်းသွားပါတယ်။ ငွေကြေးလဲလှယ်နှုန်းကြောင့် ဈေးမြင့်တက်ခဲ့ပြီးနောက် အစိုးရက ဒေါ်လာဈေးကို ထိန်းချုပ်ခဲ့ပြီး တစ်ပတ်အတွင်း ပဲဈေးတွေ ဈေးပြန်ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဈေးကွက်အတွင်း အရောင်းအဝယ် ရှိနေပေမယ့် ငွေကြေးဈေးအခြေအနေကြောင့် လှောင်ထားပြီး စောင့်ကြည့်နေတဲ့ အခြေအနေ ရှိနေတယ်လို့လည်း ကုန်သည်အချို့ ထံကနေ သိရပါတယ်။
အိန္ဒိယနိုင်ငံမှာလည်း ရွေးကောက်ပွဲ ပြီးဆုံးသွားပြီဖြစ်လို့ တက်လာမယ့် အစိုးရက ပဲဈေးမြင့်တက်နေတာတွေနဲ့ပတ်သတ်ပြီး ဘယ်လို ထိန်းချုပ်မလဲဆိုတာစောင့်ကြည့်ရမယ့် အခြေအနေလည်း ဖြစ်နေပါတယ်။
ဒါပေမယ့် အိန္ဒိယအစိုးရက ထုတ်ပြန်လိုက်တဲ့ ၂၀၂၃/၂၀၂၄ ကောက်ပဲသီးနှံအထွက်နှုန်းအတွက် တတိယအကြို ခန့်မှန်းချက်ကတော့ ပြီးခဲ့တဲ့ ရာသီနဲ့စာရင် ပဲမျိုးစုံထွက်ရှိမှုနှုန်းက ၆ ရာခိုင်နှုန်းခန့် အထွက်နှုန်းလျော့ခဲ့ပြီး မတ်ပဲက ပြီးခဲ့တဲ့ ရာသီတုန်းက ၂.၉၁ သန်းရှိခဲ့ရာကနေ အခု ခန့်မှန်းချက်အရ ၂.၆၃ သန်းသာ ရှိတယ်လို့ အိန္ဒိယသတင်းစာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အိန္ဒိယလိုအပ်ချက်က ဆက်ရှိနေမှာဖြစ်လို့ မတ်ပဲကို မြန်မာအပြင် အခြား ဘရာဇီးနိုင်ငံ၊ အာဂျင်တီးနား နိုင်ငံတို့ကပါ တင်သွင်းဖို့ လုပ်နေတာ ဖြစ်ပါတယ်။
လက်ရှိ အခြေအနေအရကတော့ မြန်မာနည်းတူ အိန္ဒိယနိုင်ငံမှာပါ ဈေးနှုန်းတွေ ကျဆင်းနေတာဖြစ်ပြီးတော့ အိန္ဒိယနိုင်ငံ ချန်နိုင်းဈေးကွက်မှာ မြန်မာ မတ်ပဲ FAQ က တစ်တန်ကို ရူပီး ၉၁၅၀ ရှိပြီး ပြီးခဲ့တဲ့အပတ်ယှဉ်ရင် တစ်တန်ကို ၇၅ ရူပီး ဈေးကျဆင်းသွားပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၃၈၉၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ သောကြာနေ့နဲ့ ယှဉ်ရင်တစ်တန်ကို ၂၀၀၀၀ ကျော်ဈေးကျဆင်းသွားပါတယ်။ (SQ/RC)ကတော့ တစ်တန်ကို ၃၆၇၉၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၂၁၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၅၅၅၀ မှ ၅၅၈၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ လောက်ဈေးကျဆင်းပါတယ်။ မတ်ပဲ FOB ဈေးနှုန်းကလည်း တစ်တန်ကို ၁၀၂၅ မှ ၁၀၄၅ ဒေါ်လာ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။
ပဲစဥ်းငုံနီ
ပဲစင်းငုံနီကလည်း ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် ဈေးအနည်းငယ်သာ ကျဆင်းပါတယ်။ ပြည်တွင်း လက်ကျန်လည်း နည်းနေတာဖြစ်ပြီး လက်ရှိ ငွေဈေးအခြေအနေနဲ့ အိန္ဒိယလိုအပ်ချက်တွေကြောင့် ဈေးကွက်ထဲ အရောင်းအဝယ် သိပ်မရှိဘူးလို့ သိရပါတယ်။ လှောင်ထားနေဆဲ အခြေအနေ ဖြစ်တာကြောင့် ပဲ ဈေးက အများကြီး ကျဆင်းနိုင်ခြေ မရှိဘူးလို့လည်းကုန်သည်အချို့က ခန့်မှန်းပါတယ်။
အိန္ဒိယက ထုတ်ပြန်တဲ့ အထွက်နှုန်း ခန့်မှန်းချက်မှာတော့ ပဲစင်းငုံနီက ၃.၃၁ သန်းကနေ ၃.၃၉ သန်းထိ ထွက်မယ်လို့ ထုတ်ပြန်ထားပါတယ်။အမှန်တကယ် ထွက်မယ်မထွက်ဆိုတာကတော့ စောင့်ကြည့်ရမယ့် အခြေအနေလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတော့ ရာသီဥတု အခြေအနေ မကောင်းတာကြောင့် ပဲစင်းငုံနီရဲ့ အထွက်နှုန်းက ၂၀ ရာခိုင်နှုန်းထွက် မနည်း လျော့ကျမယ်လို့ ကုန်သည်တွေက ခန့်မှန်းခဲ့လို့ လာမယ့်ကာလအတွင်းမှာလည်း အတက်ဈေးနဲ့ပဲ ရှိနိုင်ဦးမယ်လို့ ဆိုထားကြပါတယ်။
အိန္ဒိယနိုင်ငံချန်နိုင်းဈေးကွက်မှာတော့ ပဲစင်းငုံနီ တစ်တန်ကို ရူပီး ၁၁၅၀၀ ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ရူပီး ၁၀၀ ဈေးကျဆင်းပါတယ်။
ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၄၄၄၅၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ်သောကြာနေ့နဲ့ယှဉ်ရင် တစ်တန်ကို ၅၀၀၀ ကျပ်သာ ဈေးကျဆင်းပါတယ်။

ဂျုံ
ငွေကြေးနဲ့ အတူ မြင့်တက်လာခဲ့တာကတော့ ဂျုံဈေးနှုန်းပဲ ဖြစ်ပါတယ်။ ပြည်တွင်းထွက်ရှိမှုနှုန်းလည်း နည်းနေပြီဖြစ်လို့ ဈေးမြင့်တက်နေတာလို့သိရပါတယ်။
မန္တလေးဈေးကွက်မှာ ဂျုံ(မျိုးစုံ)က တစ်အိတ်ကို ၁၉၀၀၀၀ ကနေ ၂၀၀၀၀၀ ကြား ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း တစ်အိတ်ကို ငွေကျပ် ၄၀၀၀၀ ဈေးမြင့်တက်လာခဲ့ပါတယ်။
ပဲပုပ်
ပဲပုပ်ဈေးတွေလည်း မြင့်တက်လာပါတယ်။ ပြီးခဲ့တဲ့ လလယ်လောက်ကတည်းက ဈေးမြင့်တက်နေခဲ့တာဖြစ်ပြီးတော့ လက်ရှိမှာတော့ အမြင့်ဈေးနဲ့ ရှိနေတာ ဖြစ်ပါတယ်။ ဈေးကွက်ထဲကို အဝင်ရှိနေပြီး အဝင်ရှိသလောက် အဝယ်ရှိနေတယ်လို့လည်း သိရပါတယ်။ ဆီအတွက် အသုံးပြုတာဖြစ်လို့ ဈေးကွက်အတွင်း ဝယ်လိုအားကတော့ ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာလည်း ပဲပုပ် (အထွက်တိုး)က တစ်ပိဿာကို ၃၆၆၅ မှ ၃၇၅၀ ရှိပြီး တစ်ပိဿာကို ၈၅ကျပ်ဈေးမြင့်တက်လာပါတယ်။
မန္တလေးဈေးကွက်မှာ ပဲပုပ်(ရှမ်း/ဗမာ)က တစ်အိတ်ကို ၁၈၅၀၀၀ မှ ၁၉၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀လောက်ဈေးမြင့်တက်လာပါတယ်။
မေမီမောင်(AMIA)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026