အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တစ်ပတ်စာ ပဲမျိုးစုံ ဈေးကွက် သုံးသပ်ချက် (23 -27.11.2026)

တစ်ပတ်စာ ပဲမျိုးစုံ ဈေးကွက် သုံးသပ်ချက် (23 -27.11.2026)

AMIA
AMIA • 27/11/2026

အိန္ဒိယဈေးကွက်၏ ဝယ်လိုအား မျှော်လင့်ချက်ကြောင့် ပြည်တွင်းဈေးကွက်တွင် မတ်ပဲဈေး လှုပ်နေသည်။ သို့သော် ပဲစဉ်းငုံမှာ ဈေးအနည်းငယ် အေးသည်။ ဖိလစ်ပိုင်နှင့် အိန္ဒိယနိုင်ငံတို့၏ ဝယ်လိုအားကြောင့် ပြောင်းဈေးမှာ ထပ်မံမြင့်တက်လာသည်။

မတ်ပဲဈေး တက်

အိန္ဒိယဆိပ်ကမ်းများတွင် ပြည်ပမှ တင်သွင်းသည့် မတ်ပဲလက်ကျန် လျော့နည်းသည်ဆိုသည့် သတင်းများနှင့်အတူ ပဲဈေးကလည်း မြင့်တက်လာသည်။

ဘရာဇီး မတ်ပဲ အဝင်ပါးနေချိန် အိန္ဒိယ ပြည်တွင်းဈေးကွက်တွင် မြန်မာ့မတ်ပဲ FOB ဈေးမှာ ပဲတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၅ ဈေးတက်လာသည်။

မြန်မာ့မတ်ပဲ FAQ တစ်တန်လျှင် ဒေါ်လာ ၈၇၀ မှ ၈၉၅ သို့လည်းကောင်း၊ မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၉၂၀ မှ ၉၇၅ သို့လည်းကောင်း ဈေးပြောင်းသွားသည်။

ပြည်တွင်းဈေးကွက်တွင်လည်း မတ်ပဲ FOB ဈေးမှာ ပဲတစ်တန်လျှင် အနည်းဆုံး ဒေါ်လာ ၂၅ ဈေးတက်သွားသည်။

မတ်ပဲ FAQ တစ်တန်လျှင် ဒေါ်လာ ၈၅၅ - ၈၆၅ မှ ၈၈၀ - ၈၉၀ သို့လည်းကောင်း၊ မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၉၁၅ - ၉၂၅ မှ ၉၆၀ - ၉၇၀ သို့လည်းကောင်း ဈေးပြောင်းသွားသည်။

လက်ရှိ မတ်ပဲဈေး အပြောင်းအလဲတွင် အရည်အသွေးကောင်းသည့် SQ အမျိုးအစားမှာ ဈေးနှုန်း ပိုမိုမြင့်တက်သည်။

ပြည်တွင်း မတ်ပဲဈေးကလည်း မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၃,၉၉၁,၀၀၀ မှ ၄,၀၃၇,၀၀၀ သို့လည်းကောင်း၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၄,၃၂၆,၀၀၀ မှ ၄,၃၈၇,၀၀၀ သို့လည်းကောင်း ဈေးပြောင်းသွားသည်။

ပြည်တွင်းဈေး အားနည်းလာသည့် ပဲစဉ်းငုံ

မုတ်သုံအလွန် မုန်တိုင်းများကြောင့် အိန္ဒိယနိုင်ငံအတွင်း ပဲစဉ်းငုံစိုက်ခင်းအချို့ ထိခိုက်မှုရှိသည်ဆိုသည့် သတင်းများနှင့်အတူ အိန္ဒိယဈေးကွက်တွင် မြန်မာ့ပဲစဉ်းငုံဈေး အနည်းငယ် လှုပ်သည်။

မြန်မာ့ပဲစဉ်းငုံ FOB ဈေးမှာ ပဲတစ်တန်လျှင် ဒေါ်လာ ၁,၀၂၀ မှ ၁,၀၃၀ သို့ ဈေးပြောင်းသွားသည်။

မြန်မာ့ဈေးကွက်တွင် ပဲစဉ်းငုံ FOB ဈေးမှာ ပဲစဉ်းငုံ (နီ) အဟောင်း တစ်တန်လျှင် ဒေါ်လာ ၉၅၀ - ၉၆၀၊ ပဲစဉ်းငုံ (နီ) အသစ် တစ်တန်လျှင် ဒေါ်လာ ၉၈၀ - ၉၉၀ ဈေးဖွင့်သည်။

ယခုရက်သတ္တပတ် ပြည်တွင်း ပဲစဉ်းငုံဈေးမှာ ဈေးအားပျော့နေသည်။ ရန်ကုန်ဈေးကွက်တွင် ပဲစဉ်းငုံ (နီ) တစ်တန်လျှင် ကျပ် ၄,၅၁၅,၀၀၀ မှ ၄,၄၉၇,၀၀၀ သို့ ဈေးပြောင်းသွားသည်။ မန္တလေးဈေးကွက်တွင် ပဲစဉ်းငုံ (နီ) တစ်တန်လျှင် ကျပ် ၄,၁၈၀,၀၀၀ ကျော် ဈေးဖွင့်သည်။

ပဲတီစိမ်းဈေး အပြောင်းအလဲ

တရုတ်နိုင်ငံသို့ တင်ပို့လိုက်သည့် ပဲတီစိမ်းအချို့တွင် ဓာတ်ကြွင်းသတ်မှတ်ချက် မြင့်မားသည်ဆိုသည့် သတင်းများက ဈေးကွက်အပေါ် စိုးရိမ်မှုများ ရှိလာစေသည်။

ထို့ကြောင့် နယ်စပ်မှတစ်ဆင့် တရုတ်ဈေးကွက်သို့ တင်ပို့ရန် ဝယ်ယူနေသည့် ပဲတီစိမ်း (အညာ) ၏ အရောင်းအဝယ် အနည်းငယ် အေးလာသည်။ လက်ရှိ မန္တလေးဈေးကွက်တွင် ပဲတီစိမ်း (အညာ) တစ်တန်လျှင် ကျပ် ၂,၉၃၀,၀၀၀ ကျော် ဈေးဖွင့်သည်။

ရန်ကုန်ဈေးကွက်တွင် ပဲတီစိမ်း ပြည်တွင်း၊ ပြည်ပ ဈေးနှုန်း အပြောင်းအလဲ မတူညီပေ။ ပြည်ပသို့ ရောင်းချသည့် ပဲတီစိမ်း FOB ဈေး အနည်းငယ် ကျရိပ်သန်းနေသည်။ ပဲတီစိမ်း (အညာ) FAQ အမျိုးအစား တစ်တန်၏ FOB ဈေးမှာ ဒေါ်လာ ၇၄၀ - ၇၅၀ မှ ၇၂၀ - ၇၃၀ သို့လည်းကောင်း၊ ပဲတီစိမ်း (ရွှေဝါ) FAQ တစ်တန်၏ FOB ဈေးမှာ ဒေါ်လာ ၈၈၀ - ၈၉၀ မှ ၈၆၀ - ၈၇၀ သို့လည်းကောင်း ဈေးပြောင်းသွားသည်။

ပဲတီစိမ်း ပြည်တွင်းဈေးမှာ ပဲတီစိမ်း (အညာ) တစ်ပိဿာလျှင် ကျပ် ၄,၀၈၀ - ၄,၁၀၀၊ ပဲတီစိမ်း (ခရမ်းနှင့် ပဲခူး) ရွှေဝါ တစ်ပိဿာလျှင် ကျပ် ၅,၅၈၀၊ ပဲတီစိမ်း (ဝါးခယ်မ) FAQ တစ်ပိဿာလျှင် ကျပ် ၄,၅၈၀ - ၄,၆၀၀ မှ ၄,၆၆၅ - ၄,၆၈၅ သို့ ဈေးပြောင်းသည်။

ဈေးထပ်မံ မြင့်တက်နေသည့် ပြောင်း

အိန္ဒိယ၊ ဖိလစ်ပိုင်နိုင်ငံများ အပါအဝင် ပြည်ပဝယ်လိုအား မျှော်လင့်ချက် ကောင်းနေသည့် ပြောင်းမှာ ဈေးထပ်မံ မြင့်တက်လာသည်။

တန်ဆောင်တိုင် ရုံးပိတ်ရက်အလွန် ရန်ကုန်ဈေးကွက်တွင် ပြည်တွင်း ပြောင်းဈေးမှာ ပြောင်းတစ်ပိဿာလျှင် ကျပ် ၂,၀၀၀ အထက် မြင့်တက်သွားသည်။ ပြည်ပသို့ ရောင်းချသည့် ပြောင်း FOB ဈေးကလည်း လိုက်ပါ မြင့်တက်သည်။

ရန်ကုန်ဈေးကွက်တွင် ပြောင်း FOB ဈေးမှာ ပြောင်းတစ်တန်လျှင် ဒေါ်လာ ၂၈၀ - ၂၉၀ မှ ၂၉၀ - ၃၀၀ သို့ ဈေးပြောင်းသွားသည်။ ပြည်တွင်း ပြောင်းဈေးကလည်း ပြောင်းတစ်ပိဿာလျှင် ကျပ် ၁,၉၀၀ - ၁,၉၂၀ မှ ၂,၀၀၀ - ၂,၀၂၀ သို့ ဈေးပြောင်းသွားသည်။

မန္တလေးဈေးကွက်တွင် ရှမ်းပြောင်း တစ်တန်လျှင် ကျပ် ၁,၁၃၀,၀၀၀ ကျော်မှ ၁,၁၆၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

12လပိုင်းမှာ နွေစပါးကျဲရင် အထွက်နှုန်းကျနိုင်ပါသလား ကျဲလို့အဆင်ပြေနိုင်သလား ဖြေကြားပေးပါ

ko kyaw myo • ဖြေကြားချက် 0 ခု

အရွက်တွေအဲ့လိုဖြစ်နေတယ်အကွက်လိုက်ဖြစ်နေတာပါ TBL9ပဲမျိုးပါ ယင်ဖြူကျတာမဟုတ်ပါဘူးဆရာ ဘာဖြစ်တာလဲ

Saw Samson • ဖြေကြားချက် 1 ခု

ဘာဆေးဖျန်းရမလဲခင်ဗျ

ကိုချမ်း • ဖြေကြားချက် 1 ခု

ပွင့်သီးလိုက်နေချိန် အပင်အားဆေးသုံးလို့အဆင်ပြေလားခင်ဗျာ တစ်ချို့အပင်တွေအချိန်လိုနေလို့ပါ တွဖျန်းရင်ရောအဆင်ပြေလားခင်ဗျာ အပင်အားဆေးနဲ့ ပွင့်သီးနဲ့

ကိုနိုင်လင်းထက် • ဖြေကြားချက် 3 ခု

ကုလားပဲပင် အပင်မသေအောင် ဘာဆေးကြိုဖျန်းသင့်လဲ

ကိုကိုလင်းအောင် • ဖြေကြားချက် 8 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။