သီဟိုဠ်ဈေးကွက်ကျဆင်းနေသည့်အချိန်တွင် အစားထိုးသီးနှံအဖြစ် ကွမ်းခြံလုပ်ငန်းများ လုပ်ကိုင်နေကြ
သီဟိုဠ်ဈေးကွက်ကျဆင်းနေသည့်အချိန်တွင် အစားထိုးသီးနှံအဖြစ် ကွမ်းခြံလုပ်ငန်းကို လုပ်ကိုင်နေကြောင်း ဧရာဝတီတိုင်းဒေသကြီးမှ သီဟိုဠ်ပင်စိုက်ပျိုးသူများထံမှ သိရသည်။
"ကျွန်တော်တို့မြန်အောင်က စိုက်တဲ့သီဟိုဠ်တွေကို အဓိက ပုသိမ်မြို့ပေါ်ကို တင်ပို့ရောင်းချကြတယ်။ ပုသိမ် ဒိုင်တွေက ဒိုင်ခံဝယ်ပေးပါတယ်။ သို့သော် ဈေးကောင်းမရတာ သီဟိုဠ်ဈေးကွက် ပျက်သွားတာတော့ ၃ နှစ်ရှိနေပါပြီ။ ပထမကိုဗစ်လှိုင်းကာလကတည်းက Export တင်ပို့မှုနည်းသွားပြီး ဈေးကွက်လည်းကျဆင်းလာတာလို့ သိရပါတယ်။ သီဟိုဠ်ဈေးကွက် အခုလို ကျဆင်းနေတဲ့အတွက် အစားထိုးသီးနှံအနေနဲ့ ကွမ်း စိုက်ပျိုးထားပါတယ်"
ဟု ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်မှ သီဟိုဠ်ပင်စိုက်ပျိုးသူ ဦးမျိုးဝင်းက ပြောသည်။
လွန်ခဲ့သော ၃ နှစ်ကာလက သီဟိုဠ်စေ့ တစ်ပိဿာလျှင် ၄၅၀၀ ကျပ် မှ ၅၀၀၀ ကျပ်အထိ ဈေးရရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် တစ်ပိဿာကို ၁၂၀၀ ကျပ်မှ ၂၀၀၀ ကျပ်ဝန်းကျင်အတွင်းသာ ဈေးရရှိကြောင်း တောင်သူများက ဆိုသည်။
"သီဟိုဠ်က Export အနေနဲ့ဆို အဓိက တရုတ်ဘက်က ဝယ်တယ်။ ထွက်သမျှ သီဟိုဠ်စေ့တွေကို ပုသိမ်မြို့ပေါ်ကို ရောင်းချလိုက်တဲ့အခါ အဝယ်ဒိုင်တွေက ပုသိမ်မှာတင် အချောသန့်စင်ပြီးမှ တရုတ်ကိုပြန်တင်ပို့ကြတာပါ။ အခုကျတော့ တရုတ်ဘက်က ဝယ်တော့ဝယ်နေသေးပေမယ့် အရောင်းထိုင်းသွားလို့ ကျွန်တော်တို့ဘက်လည်း ဈေးကျသွားတဲ့သဘောပါ။"
ဟု ဦးမျိုးဝင်းက ဆက်လက်ပြောသည်။
သီဟိုဠ်ပင်သည် နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး စိုက်ပျိုးရာတွင် သွင်းအားစုစရိတ်၊ ရေနှင့် ပြုစုစောင့်ရှောက်မှုများစွာမလိုအပ်သည့် အပင်အမျိုးအစားတစ်ခု ဖြစ်သည်။
ဆောင်ပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဦးခင်ရွှေ
လွန်ခဲ့သော ၃ နှစ် ကတစ်ဧကအထွက်နှုန်းသိချင်ပါတယ်ခင်ဗျာ
zaw aung
လွန်ခဲ့သော ၄ နှစ် ကတောင်သူလက်ထဲ ဈေးကောင်းတဲ့ သီးနှံများရှိလို့လား
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022