အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သစ်သီးဝလံဈေးများ မြင့်တက်နေသော်လည်း ကီလိုမာလကာစိုက်ပျိုးသူများမှာ ကုန်သည်ပွဲစားများပေးသည့်ဈေးနှုန်းဖြင့်သာ ရောင်းဝယ်နေရ

သစ်သီးဝလံဈေးများ မြင့်တက်နေသော်လည်း ကီလိုမာလကာစိုက်ပျိုးသူများမှာ ကုန်သည်ပွဲစားများပေးသည့်ဈေးနှုန်းဖြင့်သာ ရောင်းဝယ်နေရ

သစ်သီးဝလံဈေးနှုန်းများ မြင့်တက်နေသော်လည်း ကီလိုမာလကာသီးစိုက်ပျိုးသည့် တောင်သူများမှာ ကုန်သည်ပွဲစားများပေးသည့် ဈေးနှုန်းဖြင့်သာ ရောင်းဝယ်ဖောက်ကားနေရကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ ကိုယ်တိုင်စိုက်ပျိုးသူများထံမှ သိရသည်။

"တခြားသီးနှံတွေ ဈေးကောင်းရနေတယ်။ ရန်ကုန် သစ်သီးဝလံဈေးကွက်မှာလည်း ကီလိုမာလကာသီးတွေ ဈေးကောင်းနေပေမယ့် ကျွန်တော်တို့လို စိုက်ပျိုးတဲ့တောင်သူတွေကတော့ အရင်ကနဲ့ ဈေးနှုန်းက သိပ်ပြီးကွာခြားမှုမရှိကြပါဘူး။ တောင်သူတွေလက်ထဲတော့ ဈေးကောင်းမရကြဘူး။ ကျောက်ပန်းတောင်းဘက်က ကီလိုမာလကာသီးတွေဆိုရင်လည်း ရန်ကုန်၊ သီရိမင်္ဂလာဈေးကို ၁၀ ဘီးကားကြီးတွေ တင်ပို့ကြတယ်။ သူတို့လည်း ဈေးကောင်းမရကြဘူး။ ဈေးကွက်တင်ပို့ရာမှာ ကုန်သည်ပွဲစားတွေပေးတဲ့ ဈေးနှုန်းအတိုင်းပဲ ရနေကြပါတယ်။"

ဟု ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်မှ ကီလိုမာလကာပင် စီးပွားဖြစ်စိုက်ပျိုးသူ ဦးသန့်ဇင်က ပြောသည်။

ကီလိုမာလကာပင် စိုက်ပျိုးသူများ၏ အပင်ပြုပြင်ချိန်၊ ထိန်းသိမ်းစောင့်ရှောက်ပုံများမှာလည်း ဒေသတစ်ခုနှင့်တစ်ခု ကွဲပြားခြားနားမှုများ ရှိနိုင်ကြောင်း သိရသည်။

"အပင်ပြုပြင်ထိန်းသိမ်းဖို့ကတော့ ဒီအချိန်က နည်းနည်းလေး စောသေးတယ်။ ဒေသတစ်ခုနဲ့တစ်ခု အပင်ပြုစုကြပုံတွေ၊ ကိုင်းမွေးချိန်တွေ မတူညီကြဘူး။ သူ့ဒေသနဲ့သူပေါ့နော်။ ဇူလိုင်လမှာ ကိုင်းဖြတ်၊ အစာကျွေးသူတွေလည်း ရှိတယ်။ တစ်ချို့ စက်တင်ဘာလမှာ ကိုင်းဖြတ်၊ အစာ (မြေဩဇာ) ကျွေးကြသူတွေလည်း ရှိတယ်။ ဓာတုမြေဩဇာ၊ အော်ဂဲနစ်မြေဩဇာ နှစ်သက်ရာ ကျွေးကြတယ်။ အသီးတွေကတော့ ဖေဖော်ဝါရီလ၊ မတ်လလောက်တွေမှာ ထပ်ပေါ်လိမ့်မယ်။ အခုလည်း သူ့ဟာသူ ကီလိုမာလကာကတော့ သီးနေတဲ့နေရာတွေက သီးနေကြပါတယ်။ ကိုယ့်ဒေသနဲ့ကိုယ် ဈေးကွက်ကိုမှန်းချိန်ပြီးတော့ လုပ်ကိုင်ကြရတာပေါ့နော်။"

ဟု ဦးသန့်ဇင်က ဆက်လက်ပြောသည်။ 

လက်ရှိဈေးကွက်အတွင်း ကီလိုမာလကာသီး အလုံးကြီး အလုံးချောသန့် အလုံးရေ ၉၀ ကျော် (အလုံးသေးပါက အလုံးရေ ၁၃၀ မှ ၁၃၅ အတွင်း) ဝင်ဆံ့သည့် ကီလိုမာလကာသီး တစ်တင်းခွဲဝင် အိတ်တစ်အိတ်လျှင် ၂၀၀၀၀ ကျပ်ဖြင့် ရောင်းဝယ်ဖောက်ကားနေကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

2
Si Thu

Si Thu

လွန်ခဲ့သော ၄ နှစ် က

hi

KO Min Thu

KO Min Thu

လွန်ခဲ့သော ၄ နှစ် က

အရသာရှိလား အမ

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။