ယခုတစ်ပတ်အတွင်း ဈေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ
(၁၅.၁၀.၂၀၁၈ မှ ၁၉.၁၀.၂၀၁၈)ထိ
မတ်ပဲ (FAQ/RC)
မတ်ပဲကတော့ ရန်ကုန်ဈေးကွက်မှာရော နယ်ဈေးကွက်မှာ ဈေးတက်လာခဲ့ပါတယ်။ အောက်တိုဘာလ ပထမအပတ် ကတည်းက စတင်ဈေးမြင့်တက်လာခဲ့တာလည်းဖြစ်ပြီး သုံးပတ်ဆက်တိုက် ဈေးတက်နေခဲ့ပါတယ်။
ပြည်တွင်း ဝယ်လိုအားအပြင် ပြည်ပဝယ်လိုအားကလည်း များတဲ့အတွက် ဈေးကမြင့်တက်လာခဲ့ပါတယ်။ ထို့ပြင် အသစ် တွေကလည်း ဝင်ရောက်တော့မှာဖြစ်လို့ အဟောင်းလက်ကျန်တွေက ဈေးကွက်အတွင်း ဈေးပိုရနေတာလည်း ဖြစ်ပါ တယ်။
ပဲတွေကတော့ ဝင်သလောက် အရောင်းအဝယ်ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို အမြင့်ဆုံးဈေး ၆၀၀၀၀၀ အထိ ဈေးတက်ခဲ့ပါတယ်။ နေပြည်တော် ကုန်စည် ဒိုင်မှာလည်း မတ်ပဲက သုံးတင်းဝင်တစ်အိတ်ကို ၁၅၀၀၀ ရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်ဈေးတက် လာခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်အိတ်ကို ၆၀၀၀၀ နဲ့ ဈေးအပြောင်းအလဲ မရှိပါဘူး။
မန္တလေးကုန်စည်ဒိုင်မှာတော့ တစ်အိတ်ကို ၅၅၀၀၀ ကနေ ၆၂၀၀၀ အထိ တစ်ပတ်အတွင်း တစ်အိတ်ကို ၃၀၀၀ ကျော် ထိ ဈေးတက်လာခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ ဒီတစ်ပတ်က တစ်အိတ်ကို ၁၅၀၀ ကျပ် ဈေးကျဆင်းသွားခဲ့ပြီး တစ်အိတ်ကို ၅၅၅၀၀ ရှိပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးအတက်အကျ တည်ငြိမ်မှုမရှိပါဘူး။ ကုန်စည်ဒိုင်တွေကိုတော့ နေ့စဉ် အိတ် ၅၀ ခန့် အဝင်ရှိပြီး အရောင်းအဝယ်ဖြစ်နေပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ အချို့ရက်က ဈေးဖွင့်ပေမယ့် အချို့ရက်တွေမှာ ဈေးမဖွင့်တာလည်း ရှိပါတယ်။ ပဲအဝင်နည်းတဲ့နေ့ ဈေးတက်ပြီး ပဲအဝင်များတဲ့နေ့ ဈေးကျဆင်းပါတယ်။
လက်ရှိမှာတော့ ပုံမှန်အရောင်းအဝယ်ကတော့ ဖြစ်နေပြီး ဈေးက တည်ငြိမ်မှုမရှိတာ တွေ့ရပါတယ်။
မုံရွာကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တစ်တင်းကို ၆၀၀ ကျပ်ဈေးကျဆင်းပြီး တစ်အိတ်ကို ၁၃၆၅၀ ကျပ်ပေါက်ဈေး ရှိပါ တယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၄၆၀၀ နဲ့ ဈေးငြိမ်နေပါတယ်။ ပြည်ကုန် စည်ဒိုင်မှာတော့ တစ်တင်းကို ၁၄၀၀၀ နဲ့ တစ်တင်းကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။
ပဲတီစိမ်း
ပုံမှန်ဝယ်ယူခဲ့ပေမယ့် အရည်အသွေးကြောင့် ဈေးတွေ ဆက်တိုက်ကျဆင်းခဲ့တဲ့ ပဲတီစိမ်းက ဒီတစ်ပတ်မှာတော့ ဈေး တက်လာတာ တွေ့ရပါတယ်။ ကုန်စည်ဒိုင်တွေကို ပဲအဝင်နည်းလာပြီး နေ့စဉ် အိတ် ၅၀ ခန့်သာ ဝင်ရောက်နေတဲ့ အတွက်ကြောင့် ဈေးကတက်လာခဲ့တာလည်း ဖြစ်ပါတယ်။
ပုံမှန်ဝယ်ယူမှုရှိတဲ့အတွက်ကြောင့် အရောင်းအဝယ်ကို စိုးရိမ်စရာ မလိုပေမယ့် အရည်အသွေးကြောင့်သာ ဈေးလျော့နေ တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ လက်ရှိမှာ မတ်ပဲ၊ ပဲစင်းငုံနီ နဲ့ နှိုင်းယှဉ်ရင် ဈေးမြင့်တက် အခြေအနေပါ။
မုံရွာကုန်စည်ဒိုင်မှာ ပဲတီစိမ်း (အကြီး၊သေး)က တစ်တင်းကို ၂၄၅၀၀ ကနေ ၂၇၅၀၀ ရှိပြီး ၅၀၀ ကျပ်ဈေးတက် လာပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၆၆၀၀ ရှိပြီး တစ်တင်းကို ၁၆၀၀ ကျပ်၊ ပခုက္ကူ ကုန်စည် ဒိုင်မှာတာ့ တစ်တင်းကို ၃၀၀၀၀ ကျပ်ရှိပြီး ၇၅၀ ကျပ်၊ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၇၃၀၀ ရှိပြီး တစ်တင်းကို ၇၀၀ ကျပ် အသီးသီးဈေးတက်လာခဲ့ပါတယ်။
အာလူး
အာလူးကတော့ လက်ရှိ ရန်ကုန်ဈေးကွက်မှာ အတက်ဈေးနဲ့ ရှိနေပေမယ့် အချို့ နယ်ကုန်စည်ဒိုင်တွေမှာတော့ အကျဈေး နဲ့ရှိနေတာ တွေ့ရပါတယ်။ တရုတ်ဘက်ကလာတဲ့ တရားမဝင်အာလူးတွေကို အဖမ်းအဆီးတွေ ပြုလုပ်နေတဲ့အတွက် ပြည်တွင်းအာလူးတွေ ဈေးကောင်းရနေတာကိုလည်း တွေ့ရပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ အာလူးက ဈေးအတက်အကျ မမှန်ပေမယ့် တစ်ပိဿာကို ၃၅၀ ကနေ ၇၈၀ ထိ ပေါက်ဈေး ရှိပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ အာလူး (အေဝမ်း၊ အိုကေ၊ ဆွဲသီး)က တစ်ပိဿာကို ၅၀၀ ကနေ ၈၀၀ ရှိပြီး တစ် ပိဿာကို ၁၅၀ ကျော်ဈေးတက်လာခဲ့ပါတယ်။
အာလူးအများဆုံးထွက်ရှိတဲ့ အောင်ပန်းဒေသ ကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၃၅၀ ကနေ ၈၅၀ ရှိပြီး တစ်ပိဿာကို ၁၅၀ ကျပ် ဈေးကျဆင်းသွားခဲ့ ပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာခဲ့ပါတယ်။ တစ်လကျော်ကျော် ဈေးငြိမ်နေခဲ့ပေမယ့် ဒီတစ် ပတ်မှာတော့ ငွေလဲလှယ်နှုန်းဈေးတွေ မြင့်တက်လာခဲ့တဲ့အတွက် တရုတ်ကနေ တင်သွင်းတဲ့ ကြက်သွန်ဖြူ(ကြူကုတ်)က ဈေးကလည်း မြင့်တက်လာခဲ့ပါတယ်။ ကြက်သွန်ဖြူ (ရှမ်း) ကတော့ ဈေးအေးနေသလို အချို့ဒေသတွေမှာတော့ ဈေးကျ ဆင်းနေခဲ့ပါတယ်။
ကြက်သွန်ဖြူ(ကြူကုတ်)က အလုံးကြီးတဲ့အတွက် အသုံးပြုရမှာ လွယ်ကူတဲ့အတွက် စားသုံးမှု များပြားတဲ့အတွက် အဝယ်လည်း များပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်ဖြူ(ကြူကုတ်)က တစ်ပိဿာကို ၁၂၀၀ ကနေ ၁၂၂၅ ကျပ်ရှိပြီး တစ်ပိဿာကို ၁၂၅ ကျပ်ဈေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၁၂၂၀ ရှိပြီး ၅၀ ကျပ် ဈေးတက်လာပါတယ်။
ဝတ်ရည်မွန် (AMIA)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 0 ခု
ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ
Nga Chan • ဖြေကြားချက် 0 ခု
ထရိုင်ကိုဒါးမားကို မန္တလေး (သို့မဟုတ်) တံတားဦးအနီးတဝိုက် ဘယ်မှာဝယ်ယသလို့ရလဲသိချင်ပါတယ်ဗျ
Nyan Lwin Tun • ဖြေကြားချက် 0 ခု
မတ်ပဲနဲ့ပဲကီးခင်းထဲတွင် ရွေးချယ်ပေါင်းသတ်ဆေး ဘာဖျန်းရမလဲ သိရင် ပြောပေးပါ ဦးဗျ
Thura Htun • ဖြေကြားချက် 2 ခု
ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့
U Yan • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026