မိုဆန်တိုကုမ္ပဏီမှ ထုတ်လုပ်တဲ့ပေါင်းသတ်ဆေးကြောင့် ကင်ဆာဖြစ်စေမှုအတွက် လူနာကို လျော်ကြေး ဒေါ်လာ (၂၈၄) သန်း ပေးရန် အမိန့်ချမှတ်
Twitter ဝင်မဖတ်ဖြစ်တာကြာလို့ ဖတ်မိတော့ ....
တွစ်တာ တခုလုံး ဒီသတင်းပဲဖြစ်လို့နေတယ်...။ ဒီသတင်း ကိုကြားရတာ ကြက်သီးထ တဲ့အထိ ဝမ်းသာမိပါတယ်...။
'Democracy ဘက်ဦးတည် လာတဲ့ အမေရိကန် တရားစီရင်ရေး ကြောင့် ကျန် ကိစ္စများအတွက်ပါ ရောင်နီသန်းလာသလိုခံစားမိတယ်...။
အလွန်သြဇာတိက္ကမ ကြီးမားတဲ့
လူများစွာမလွန်ဆန်ရဲတဲ့..
အလွန်ကြောက်ကြတဲ့....
မဲဆွယ်ပွဲ တွေကိုတောင် ငွေကြေး ထောက်ပံ့ပေးနိုင်တဲ့
ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး ၊မျိုးစေ့ မွန်ဆန်တို ကုမ္ပဏီ ကို
တစ်ယောက်တည်း ရဲဝံ့စွာ ....အနိုင်ယူ သွားလိုက် တဲ့
ကင်ဆာဝေဒနာရှင် ဂျွန်ဆင် က မသေခင်
အမှန်တရားတစ်ခုကိုဖေါ်ထုတ်ပြသွားနိုင်ခဲ့ပါတယ်။
တရားရှုံးနိမ့်သွားတဲ့ မွန်ဆန်တိုက ဒေါ်လာ ၂၈၉ သန်း ပေးလျော်ရပါတော့မယ်...။
Glyphosate link ...Round Up ပေါင်းသတ်ဆေး သည် လူ တွေအတွက်အန္တရာယ် ကင်းကြောင်း ဆယ်စု နှစ်များစွာလိမ်လည် ခဲ့တာ...
၁၉ ၈၀ လောက်ကတည်းက ပြုလုပ်ခဲ့တဲ့ သုတေသန တွေ့ရှိချက်အစစ်အမှန် တွေကို ဖုံးကွယ် ထားခဲ့တာ..... သိမ်းဆည်းထားခဲ့တယ်...
(( ဖားဥတွေအကောင် မပေါက် တော့တာ....သိခဲ့ ဘူးပါတယ်...။)
အသက် ၄၆ နှစ်အရွယ်ရှိ ဆာဖရန်စစ္စကိုမှ ကစားကွင်း များကို ကြီးကြပ်ရသူ ဂျွန်ဆင် က ဖေါ်ထုတ်လိုက်ပါတယ်...။
သူဟာ နှစ်ပေါင်းများစွာ စာသင်ကျောင်း တစ်ခု ရဲ့ ကစားကွင်း မှာထိန်းသိမ်းရသူဖြစ်လို့ ပေါင်းသတ်ဆေးကိုအကြိမ်ပေါင်းများစွာ ဖြန်းခဲ့ ဘူးတယ်...။
ဒါ့ကြောင့် လင်ဖိုးမားLymphoma ကင်ဆာ ခံစားရပြီး သက်တမ်းရှည် ရှည် မနေရတော့ပါဘူး ...။But he is dutiful.....
သူ့ ရဲ့ တရားစွဲဆိုမှု အပေါ် နာမည် ကျော် မွန်ဆန်တို ဆေးကုမ္ပဏီ မှ ရှုံးနိမ့်ခဲ့ပါတယ်...။
မြန်မာ မှလည်း အလားတူကိစ္စများ စဉ်းစားကြစေလိုပါတယ်...။
လူတွေကြား မှာ ပိုးသတ်ဆေး စက်ရုံဆောက်လို့ ရလာ မဲ့အမြတ်
နဲ့ ပေးရမဲ့လျော်ကြေး တွေ တွက်ချက်ကြည့်စေချင်ပါတယ်...။
တာဝန်ရှိသူ များ လည်း တားဖြစ်သင့်ပါတယ် လို့...။
((( ပေါင်းသတ်ဆေး သည် ကင်ဆာ ဖြစ်စေသည်))....
သတိ..သတိ....သတိ....
ဓာတ်ပုံ - Abc.net.au
ဆက်စပ်မေးခွန်းများ
ကြက်သွန်နီခင်းမှာ ဘယ်ရောဂါကျရင် ဘယ်ai သုံးမရလဲဆိုတာရော သိသလောက်ပြောပြပေးပါအုံးဗျ
Aung Myo Oo • ဖြေကြားချက် 0 ခု
(အမျိုးအစားမှာ ပင်စိမ်းမတွေ့လို့ ခရမ်းချဉ်ထည့်ထားတာပါ) ပင်စိမ်းပင်အားလုံး အရွက်နုတွေတွန့်လိပ်ပြီး ပိုးတွေ့တယ်။ဆပ်ပြာရည်နဲ့ထိုးချလည်းမကုန်ဘူး ပြန်ဖြစ်တယ်။ ဘယ်လိုလုပ်ရမလဲ ကူညီပါဦးဆရာတို့ 🙏။ ပင်စိမ်းပင်ပါ။
ကို ငယ် • ဖြေကြားချက် 1 ခု
ခရမ်းချဉ်မျိုးစေ့က ဘယ်နှစ်ရက်ဆို အပင်ပေါက်ပါသလဲ ? ကြက်ဟင်းခါး ငရုပ်လည်းဖြေပေးပါအုံး သိနားလည်သောဆရာများ ခင်ဗျာ
စောတိုးသူဝင်း • ဖြေကြားချက် 2 ခု
ဧရာမင်းစပါး ၁၁၀ရက်ရှိပါပြီ အောက်ရွက်ခြေက်နေလို့ ဘာလုပ်သင့်လဲ ပြောပေးပါအုံး မြေဩဇာကျွေးပြီးတာ ရက်သုံးဆယ်ကျော်ပါပြီ
ဦးဝင်း • ဖြေကြားချက် 4 ခု
trichoderma ဖြန်းပီးနောက်ရက် နွားသေး နွားချေး တမာရွက်ဆေးရည်ဖြန်းလို့ရသလားဗျ အဲ့ဆေးရည်ဖော်စပ်ပီးဘယ်နှစ်ရက်ထိထားသိုနိုင်ပါသလဲဗျ သိချင်ပါတယ်
wai phyo naing • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026