ရေပေါ်ငါးအစာတောင့်ဆိုတာဘာလဲ. ဘယ်လိုငါးမျိုးတွေကျွေးလို့ရလဲ..?
မွေးမြူထားသော ရေနေသတ္တဝါများသည် ရှင်သန်ကြီးထွားရန်အတွက် အစာ စားရသည်။ အစာ (Feed) ကို ခန္ဓာကိုယ်အတွက် အာဟာရအထောက်အပံ့ရစေရန် စားသုံးရာတွင် အပင်အရင်းမြစ် (Plant Source) သို့မဟုတ် တိရစ္ဆာန်အရင်းမြစ် (Animal Source)မှရရှိကြသည်။အဆိုပါအရင်းမြစ်တွင် ကာဗိုဟိုက်ဒရိတ်၊ အဆီများ၊ ပရိုတင်းများ၊ ဗီတာမင်နှင့် သတ္တုဓာတ်များကဲ့သို့ မရှိမဖြစ်လိုအပ်သောအာဟာရဓာတ်များ ပါဝင်ကြရမည်ဖြစ်သည်။
မွေးမြူရေးတွင်လည်း သားပေါက်ထုတ်လုပ်ခြင်းနှင့် အသားတိုးမွေးမြူခြင်းဟူ၍ရှိရာ ရေနေသတ္တဝါမျိုးစိတ်အလိုက်နှင့် သက်တမ်းအလိုက် သားလောင်း၊ သားပေါက်၊ ငါးမှုန်၊ ငါးသန်၊ ငါးဖျန်း၊ သက်လတ်၊ သက်ကြီးကောင်စသည်ဖြင့် မတူညီမှုများရှိသည့်အပြင် ကျွေးသည့် အစာအမျိုးအစား ၊အရွယ်အစား၊ ပုံစံ၊ အာဟာရဓာတ်ပါဝင်မှုတို့လည်း ကွဲပြားကြသည်။ ယင်းသို့မတူညီမှုများအရ ဖြည့်စွက်အစာ ကျွေးရာတွင် မတူညီသောကုန်ကြမ်းပစ္စည်းများကိုရောစပ်၍ သတ်မှတ်ချက်များနှင့် ကိုက်ညီအောင် ပြုပြင်ထုတ်လုပ်ကြရသည်။
ဤတွင် အစာ၌ အစိုဓာတ် (Moisture) ပါဝင်မှုကို အခြေခံ၍ အစာအမျိုးအစား ကွဲပြားသွားပြန်သည်။ အစိုဓာတ်(ရေပါဝင်မှု) ၃၅% မှ ၇၅ % အထိ ပါဝင်သည့်အစာကို အစာအစို (Moist Feed) ဟုခေါ်သည်။ အစိုဓာတ်၁၂% မှ ၃၅% အထိရှိပါက မစိုမခြောက်သောအစာ(Semi Moist Feed) ဟုခေါ်ပြီး အစိုဓာတ်ပမာဏ ၄% မှ ၁၂% အထိပါသောအစာကို ခြောက်သွေ့သောအစာ (Dry Feed) ဟုခေါ်သည်။ Dry Feed အမျိုး အစားများ (Types of Dry Feed) ကိုလည်း မတူညီသော ပုံစံမျိုးဖြင့် Pellet Feed, Flake Feed, Powdered Feed, Micro-Encapsulated Feed စသည်ဖြင့်ထုတ်လုပ်ကြသည်။
ယခုဆောင်းပါးတွင်ရေချိုငါးမွေးမြူရေး၌ အဓိကဖြည့်စွက်ကျွေးသည့်အစာများဖြစ်သည့် ကဇော်ဖတ်၊ ဖွဲနု၊ ပဲဖတ်၊ နှမ်းဖတ်၊ ဝါစေ့ဖတ်၊ ပဲပုပ်စေ့ဖတ် (Raw Ingredients) နှင့် စနစ်တကျ ဖော်စပ်ထုတ်လုပ်ထားသည့် အစာတောင့် (Pellet – Dry Feed) များအနက် ရေပေါ်ငါးအစာတောင့်အကြောင်း ဖော်ပြသွားမှာ ဖြစ်ပါသည်။

ယနေ့ခေတ်တွင် ငါးမွေးမြူသူအများစုသည် စီးပွားဖြစ်ထုတ်လုပ်ထားသော ပရိုတင်း ၁၈ - ၅၀%၊ အဆီဓာတ် ၁၀ - ၂၅%၊ ကာဘိုဟိုက်ဒရိတ် ၁၅ - ၂၀%၊ ပြာဓာတ် < ၈.၅%၊ ဖော့စဖရပ်စ် < ၁.၅၊ ရေ < ၁၀% နှင့် ဗီတာမင်၊ သတ္ထုဓာတ်များ ပါဝင်သည့် ပြီးပြည့်စုံသော အစာများ အသုံးပြုကြသည်။ Dry Feed များကို ယေဘုယျအားဖြင့် Dry Ingredientsများ သို့မဟုတ် Mixtures of Dry and Moist Ingredients များ ရောစပ်ထားသည်။ Dry Feed တွင် Moisture ပါဝင်မှုနည်းပြီးပတ်ဝန်းကျင်ပေါ်မူတည်၍ Moisture ၇-၁၃% ခန့်ရှိသည်။ Dry Feed ကိုစက်ပိုင်းဆိုင်ရာနည်းလမ်းများဖြင့် ကျစ်လစ်သိပ်သည်း၍ တိကျသည့်ပုံဖော်မှုမျိုးဖြင့် အစာတောင့်များထုတ်လုပ်နိုင်ပြီး ယင်းကို Pellet ဟုခေါ်သည်။ အစာစပ်ပုံဖော်မြူလာနှင့် အစာကျစ်လစ်မှုနည်းစနစ်ပေါ်မူတည်၍ ရေတွင်ပေါ်သောအစာကို ရေပေါ်အစာ (Floating Feed) နှင့် ရေတွင်မြုပ်သောအစာကို ရေမြုပ်အစာ (Sinking Feed) အဖြစ်ခွဲခြားထုတ်လုပ်သည်။
ရေပေါ်အစာကိုအထူးသဖြင့် နွေးသောရေတွင်နေထိုင်ကျက်စားသည့် ငါးမျိုးစိတ်များ (Warm – Water Fish Species) ဖြစ်သည့် တီလားပီးယား၊ ငါးခူ၊ ငါးတန်နှင့် Carps အုပ်စုဝင်ငါးများ (ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးဆိုင်းခေါင်းပွ) စသည့်မွေးမြူရေး ငါးများအားကျွေး၍ရပါသည်။
မွေးမြူရေးကန်များတွင်များသောအားဖြင့် ရေမြုပ်အစာတောင့်သာကျွေးလေ့ရှိပြီး ယခုနောက်ပိုင်းကာလများမှ ရေပေါ်အစာ ကျွေးသည့် စနစ်တိုးတက်ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ဖြည့်စွက်အစာကျွေးရာတွင် အရေးကြီးသည့်အချက်မှာ ကျွေးလိုက်သည့်အစာ အားလုံးနီးပါးသည် ငါးများကောင်းစွာရရှိ စားသုံးနိုင်ရေးပင်ဖြစ်သည်။ ငါးများမစားလိုက်ရသော အလေအလွင့်ပမာဏပေါ်မူတည်၍ ကန်ရေညစ်ညမ်းမှုကိုဖြစ်ပေါ်စေသည့်အပြင် ငါးများကို ပြန်ပြီး အန္တရာယ်ဖြစ်စေနိုင်သည်။ ကျစ်လစ်သိပ်သည်းမှုမရှိသော အစာများဖြစ်သည့် (ဥပမာ - ဖွဲနုကို အမှုန့်အတိုင်း ပက်ကျွေးသည့် အလေ့အထ) သည် လေလွင့်ဆုံးရှုံးမှု ရာခိုင်နှုန်းအများဆုံးဖြစ်သည်။ ယေဘုယျ အစာဆုံးရှုံးမှု ၄၀% မှ ၅၀% အထိ ရှိသည်။ အစာတောင့် ကျွေးခြင်းသည် ၁၀% သာအလေအလွင့်ရှိနိုင်သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဒေါ်ဌေးဌေးလွင်
လွန်ခဲ့သော ၂ နှစ် ကဆက်သွယ်ပေးမေတာရပ်ခံပါတယ်09961854515
ဒေါ်ဌေးဌေးလွင်
လွန်ခဲ့သော ၂ နှစ် ကကြီးထွားနှုံးကောင်းပြီအဟာရုဖြစ်စေမဲ့ပါဝင်ပစည်းများလဲသိချင်ပါတယ်
ဒေါ်ဌေးဌေးလွင်
လွန်ခဲ့သော ၂ နှစ် ကငါးအစာတောင့်မှာာပဝင်သုံးစွဲရမည့်ဆေးမျာလဲသီချင်ပါတယ်
ဒေါ်ဌေးဌေးလွင်
လွန်ခဲ့သော ၂ နှစ် ကငါးအစာတောင့်ပြုလုပ်ရာမှာရေစိမ်ခံရန်ဘယ်လိုလုပ်ရမလဲဆိုတာသိချင်ပါတယ်
ဆက်စပ်မေးခွန်းများ
မိတ္ထီလာ ပျော်ဘွယ်သာစည်မှာ ငါးခူ ဒိုင်သွင်းစျေး ဘယ်လောက်ဆရာတို့
မူန် • ဖြေကြားချက် 1 ခု
ငါးအချိန်တစ်ဆယ်မှာ ပိသာဘယ်လောက်ရှိလဲ
ဒေါ်ဇာဖြူဝင်း • ဖြေကြားချက် 3 ခု
ငါးမုတ်အကြောင်းသိချင်ပါတယ်
ဦးသီဟထွန်း • ဖြေကြားချက် 1 ခု
တီလားဗီးယားမွေးမြူရာတွင် ဒေသအစာကို ဘယ်လို ပြုလုပ်ကျွေးမွေးရမလဲ ဆရာတို့
ရန်နောင်စိုး • ဖြေကြားချက် 1 ခု
ငါးအစာအတွက်မြက်ချဥ်ထည့်နည်းသိချင်ပါတယ်ခင်ဗျာ ဘာပစ္စည်းများလိုအပ်ပါသလဲခင်ဗျာ
zaw naing • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from သက်နိုင်(ငါးဦးစီး - ငြိမ်း)
အားလုံး
အကောင်းဆုံးငါးမွေးမြူရေးကျင့်စဉ်တွင် ပါဝင်သော အဆင့်များ
13/05/2026
အကောင်းဆုံး ငါးမွေးမြူရေးအလေ့အကျင့်ဆိုတာဘာလဲ?
03/04/2026
အာရုံကြောစနစ်ကို ဖျက်စီးလိုက်နိုင်တဲ့ အပြာကွင်းပတ်ရေဘဝဲ
12/11/2025
စားလို့ရတဲ့ ငါးဥ နဲ့ စားလို့မရတဲ့ ငါးဥ
04/08/2025
ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုဖြစ်ပွားခဲ့သော ငါးမွေးမြူရေးကန်များအပေါ် ပြန်လည်ကုစားဆောင်ရွက်နည်းများ
21/04/2025