အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လယ်ယာကဏ္ဍတွင် အမျိုးသမီးပါဝင်မှုမြှင့်တင်ခြင်းဖြင့် လူပေါင်း ၄၅ သန်းခန့် ငတ်မွတ်ခေါင်းပါးမှုလျှော့ချနိုင်

လယ်ယာကဏ္ဍတွင် အမျိုးသမီးပါဝင်မှုမြှင့်တင်ခြင်းဖြင့် လူပေါင်း ၄၅ သန်းခန့် ငတ်မွတ်ခေါင်းပါးမှုလျှော့ချနိုင်

စိုက်ပျိုးရေးကဏ္ဍမှာ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်သွားအောင် ဆောင်ရွက်နိုင်မယ်ဆိုရင် ကမ္ဘာ့စီးပွားရေး တိုးတက်လာနိုင်တဲ့အပြင် ကမ္ဘာ့လူဦးရေ ၃၄၅ သန်းအထိ စားနပ်ရိက္ခာမဖူလုံမှု စံချိန်တင်နေတဲ့ ခုလိုကာလမှာ အစာငတ်မွတ်ခေါင်းပါးမှုကိုပါ လျော့ပါးလာစေမှာဖြစ်ကြောင်း လေ့လာမှုတစ်ခုက ဖော်ပြလိုက်ပါတယ်။

"လယ်ယာကုန်ထုတ်လုပ်ငန်းအတွင်း ကျားမမခွဲခြားမှုနဲ့ လုပ်အားခကွာဟချက်တွေကို ပပျောက်အောင် ဆောက်ရွက်နိုင်မယ်ဆိုရင် ကမ္ဘာ့ဂျီဒီပီ တစ်ရာခိုင်နှုန်း၊ တနည်းအားဖြင့် ကန်ဒေါ်လာ တစ်ထရီလီယံနီးပါးအထိ တိုးတက်သွားစေပါလိမ့်မယ်" လို့ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့ (FAO) ရဲ့ “လယ်ယာကုန်ထုတ်လုပ်မှုစနစ်အတွင်းရှိ အမျိုးသမီးများအခန်းကဏ္ဍ” အစီရင်ခံစာမှာ ရေးသားထားတာဖြစ်ပါတယ်။

"အဲဒီအတိုင်းဆိုရင် စားနပ်ရိက္ခာမဖူလုံသူဦးရေ ရာခိုင်နှုန်းအမှတ် နှစ်ခုခန့် ကျဆင်းပြီး အစာရေစာမလောက်ငသူဦးရေ ၄၅ သန်းလောက် လျော့နည်းသွားပါလိမ့်မယ်" လို့ လေ့လာမှုက ဆိုပါတယ်။

ယခုနှစ်မှာ ကမ္ဘာတစ်ဝန်း အစာငတ်မွတ်ခေါင်းပါးမှု ရင်ဆိုင်နေရသူဦးရေဟာ ၂၀၂၀ တုန်းကထက် နှစ်ဆကျော် ပိုများလာကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ထုတ်ပြန်ထားပါတယ်။ မိုးအလွန်အမင်းခေါင်တာ၊ သီးနှံတင်ပို့ခွင့်ပိတ်တာတွေနဲ့ ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်အပြင် ကပ်ရောဂါကြောင့် ဖြစ်ခဲ့ရတဲ့ ကုန်စည်ကွင်းဆက်ပြတ်တောက်မှုတွေဟာ စားနပ်ရိက္ခာအကျပ် အတည်းကို ပိုမိုဆိုးရွားစေခဲ့တာဖြစ်ပါတယ်။

"လယ်ယာကုန်ထုတ်လုပ်မှုစနစ်တွေ ရေရှည်တည်တံ့ခိုင်မြဲပြီး အကျပ်အတည်းတွေကနေ ကျော်လွှားလွန်မြောက်နိုင်ဖို့ဆိုရင် အမျိုးသမီးတွေကို တန်းတူအခွင့်အရေးပေးတာ၊ စွမ်းအားမြှင့်တင်ပေးတာ စတဲ့နည်းလမ်းတွေနဲ့ ခွဲခြားဆက်ဆံမှု ပပျောက်အောင် ဆောင်ရွက်ရပါမယ်” လို့ FAO ရဲ့ အားလုံးပါဝင်ကျေးလက်ပြုပြင်ပြောင်းလဲရေးနှင့် ကျားမတန်းတူရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး Lauren M. Phillips က ပြောပါတယ်။

FAO အစီရင်ခံစာမှာ အကြံပြုထားတဲ့ မူဝါဒပြုပြင်ပြောင်းလဲစရာတွေထဲမှာ အမျိုးသမီးတွေ လယ်ယာမြေပိုင်ဆိုင်ခွင့် တိုးမြင့်ရရှိရေး၊ ကလေးသူငယ်ပြုစုစောင့်ရှောက်ခွင့် တိုးမြှင့်ပေးရေးနဲ့ အမျိုးသမီးတွေ အလုပ်အကိုင်ရရှိမှုနဲ့ အခက်အခဲကျော်လွှားနိုင်မှု ပိုကောင်းလာအောင် လူမှုရေးရာအကာအကွယ် မြှင့်တင်ပေးအပ်ရေးတို့ ပါဝင်ပါတယ်။

နိုင်ငံအများစုမှာ လယ်ယာကုန်ထုတ်လုပ်ငန်းတွေဟာ အမျိုးသမီးတွေ အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်ရရှိမှုအတွက် အလွန်အရေးပါပါတယ်။ အာဖရိကတိုက်ခွဲ ဆာဟာရတောင်ပိုင်းဒေသမှာ လယ်ယာကုန်ထုတ်လုပ်ငန်းအတွင်း အမျိုးသမီးထုရဲ့ သုံးပုံနှစ်ပုံထိ အလုပ်လုပ်ကိုင်နေကြပြီး အမျိုးသားတွေထဲကတော့ ၆၀ ရာခိုင်နှုန်းလောက် ပါဝင်ပါတယ်။ အရှေ့တောင်အာရှမှာဆိုရင် ဒီကဏ္ဍအတွင်း အမျိုးသမီး ၇၁ ရာခိုင်နှုန်းအထိ ဝင်ရောက်လုပ်ကိုင်နေပြီး အမျိုးသားတွေက ၄၇ ရာခိုင်နှုန်းသာ ရှိပါတယ်။

“လယ်ယာကုန်ထုတ်လုပ်ငန်းတွေကို အမျိုးသမီးတွေအတွက် ပိုမိုအဆင်ပြေအောင် ဆောင်ရွက်ပေးခြင်းအားဖြင့် လူတန်းစုံပါဝင်မှု၊ ရေရှည်တည်တံ့မှုနဲ့ အခက်အခဲကျော်လွှားနိုင်မှုတွေ တိုးတက်လာနိုင်ပါတယ်” လို့ Phillips က အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။

“အဲဒီလို လုပ်ဆောင်ခြင်းဟာ အမျိုးသမီးတွေအတွက်လည်း အကျိုးများသလို ကမ္ဘာ့စီးပွားရေး၊ အိမ်ထောင်စုအလိုက်ဝင်ငွေနဲ့ အိမ်ထောင်စုတွေ အကျပ်အတည်းကျော်လွှားနိုင်မှုတို့ကိုပါ တိုးတက်လာစေနိုင်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Gender equality in farming could add US$1 trillion to world economy, study reveals - South China Mornning Post

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

တနိုင်တပိုင် ငါးမွေးချင်လို့ မိုးကာစနဲ့ မြေပေါ် ငါးကန်လေး လုပ်ချင်လို့ပါ။ ဝယ်ရမယ့် ပစ္စည်း အဓိက မိုးကာစနဲ့ တခြားလိုအပ်တာလေးတွေ လမ်းညွှန်ပေးပါဦး၊ ဘယ်မှာ ဝယ်ရမလဲပေါ့နော် ၊ မွေးမှာကတော့ တီလားဗီးယားငါးပါ၊ ပုံပါအတိုင်း ငါးကန်လေးမျိုးလုပ်ချင်တာပါ။ ​မြေနေရာ အကျယ်တော့ သိပ်မရှိပါဘူးဗျ၊ တကန်လောက် စမ်းပြီး မွေးကြည့်ချင်လို့ပါ၊ ရန်ကုန်ကပါဗျ။

Zin Ko Latt • ဖြေကြားချက် 0 ခု

‌ဘတ်တီးရီးယား ရွက်ပျောက်ဖြစ်တာလားခင်ဗျ။ စိုက်ခင်းပါ အရင်နှစ်ကလည်း အပင်တွေက ယခုလို ဖြစ်လို့ ပြန်ထွန်ပြီး နောက်ပျိုးပင် ပြောင်းစိုက်လည်း ဖြစ်ပါတယ်။ ‌ဖြေကြားပေးကြပါဦးခင်ဗျာ။

Nan Lin Soe • ဖြေကြားချက် 0 ခု

ပဲတစ်ခါမှမလုပ်ဖူးတဲ့လယ်မြေမှာပဲလုပ်ရင် အဆင်ပြေပါမလဲ မတ်ပဲလားပဲဒီစိမ်း လား.

ဦးကျော်ဇင်သန့် • ဖြေကြားချက် 1 ခု

မတ်ပဲ၂၅ရက်သားအရွယ်ကိုရွှေနဂါးရွက်ဖျန်းအားဆေးနဲ့awbaကထုတ်တဲ့ပီဖိုလန်အသီးအား​းေဖျန်းပေးရင်ပိုကောင်းလား

Sawsamson • ဖြေကြားချက် 1 ခု

မတ်ပဲအပင်ကြဲသွားလို့ အပင်ကြီးပြီးပြန်ပိတ်သွားအောင်ဘာဆေးသုံးသင့်လဲ အထွက်နှုန်းတစ်အားမလျော့အောင်

Sawsamson • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။