လကမ္ဘာမြေသားပေါ် သစ်ပင်စိုက်ပျိုးမှု ပထမဆုံးအကြိမ် စမ်းသပ်အောင်မြင်
သိပ္ပံပညာရှင်တွေဟာ လကမ္ဘာကနေ သယ်ယူလာတဲ့ မြေသားပေါ်မှာ သစ်ပင်စိုက်ပျိုးမှု ပထမဆုံးအကြိမ်အဖြစ် အောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့ကြပါပြီ။ ဒါဟာ လပေါ်မှာ လူတွေ ကြာကြာနေထိုင်နေအောင် ကြိုးပမ်းမှုတွေအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။

ပညာရှင်တွေဟာ ၁၉၆၉-၁၉၇၂ အာပိုလိုလကမ္ဘာခရီးစဉ်အတွင်း လပေါ်ကနေ ဆောင်ယူလာခဲ့တဲ့ ဖုန်မှုန့်နမူနာအနည်းငယ်ကို အသုံးပြုကာ နံနံပင်တစ်မျိုးကို စိုက်ပျိုးခဲ့ကြတာပါ။
အံ့သြစရာကောင်းတာက မျိုးစေ့လေးတွေဟာ စိုက်ပျိုး နှစ်ရက်အကြာမှာ အညောက်တွေ ပေါက်လာတာကို တွေ့ခဲ့ရခြင်းပါပဲ။
"ကျွန်မတို့ ဘယ်လောက်ထိ အံ့အားသင့်သွားတယ်ဆိုတာကို ပြောမပြတတ်လောက်အောင်ပါပဲ" လို့ သုတေသနစာတမ်းကို ပူးတွဲရေးသားခဲ့သူ ဖလော်ရီဒါတက္ကသိုလ် ပါမောက္ခ Anna-Lisa Paul က ပြောပါတယ်။
"လမြေသားနမူနာပေါ်မှာ စိုက်တဲ့အပင်တွေနဲ့ ထိန်းချုပ်ခန်းမှာ စိုက်ထားတဲ့အပင်တွေဟာ ခြောက်ရက်မြောက်နေ့အထိ အတူတူပါပဲ" လို့ ပြောပါတယ်။
အဲဒီနောက်ပိုင်းတော့ ကွဲပြားခြားနားချက်တွေ တွေ့လာရပါပြီ။ လမြေသားပေါ်မှာ စိုက်ထားတဲ့ အပင်လေးတွေဟာ ဝန်းကျင်ဒဏ်ကို မခံနိုင်ဘဲ ဖွံ့ဖြိုးမှု နှေးကွေးလာပြီး ပုညှက်ညှက်လေးတွေ ဖြစ်လာပါတယ်။
သုတေသနမှာ ပါဝင်သူတွေကတော့ ဘာပဲဖြစ်ဖြစ် ဒါဟာ အံ့မခန်းအောင်မြင်မှုဖြစ်ပြီး ကမ္ဘာမြေဆန်ဆန် စမ်းသပ်မှုဖြစ်လာတယ်လို့ ပြောပါတယ်။
"ဒီလေ့လာချက်ဟာ လကမ္ဘာပေါ် လူသားတွေ ကြာရှည်နေထိုင်နိုင်ဖို့ ရည်မှန်းထားတဲ့ နာဆာအဖွဲ့ရဲ့ ပန်းတိုင်တွေအတွက် အလွန်တရာ အရေးပါပါတယ်။ ဘာကြောင့်လဲဆိုတော့ လနဲ့ အင်္ဂါဂြိုဟ်ပေါ်မှာ ရှိတဲ့ အရင်းအမြစ်ကို သုံးပြီး အနာဂတ်အာကာသယာဉ်မှူးတွေအတွက် အစားအစာ ထုတ်လုပ်ရမယ်မဟုတ်လား" လို့ နာဆာအကြီးအကဲ Bill Nelson က ပြောပါတယ်။
"ဒီအခြေခံကျတဲ့ အပင်ကြီးထွားမှုသုတေသနပြုချက်ဟာ စိုက်ပျိုးရေးရာ တီထွင်ဆန်းသစ်မှုတွေကို ဖော်ထုတ်နိုင်အောင် နာဆာက လုပ်ဆောင်နေတဲ့ နမူနာကောင်းတစ်ရပ် ဖြစ်ပါတယ်။ ဒီလိုလေ့လာမှုကနေ အပင်တွေဟာ ဒီကမ္ဘာမြေကြီးပေါ်က အစာရေစာရှားပါးဧရိယာတွေမှာ ဘယ်လိုဒဏ်ခံကျော်ဖြတ်နိုင်မလဲဆိုတာကို နားလည်လာစေနိုင်ပါတယ်"
သုတေသနပညာရှင်တွေအတွက် အဓိကစိန်ခေါ်မှုကတော့ လေ့လာစမ်းသပ်စရာ လကမ္ဘာပေါ်က ပါလာတဲ့မြေ များများစားစား မရှိတာဖြစ်ပါတယ်။ ၁၉၆၉ က စတင်တဲ့ သုံးနှစ်ခရီးစဉ်အတွင်းမှာ နာဆာရဲ့ အာကာသယာဉ်မှူးတွေဟာ လမျက်နှာပြင်ပေါ်က ကျောက်တုံးကျောက်ခဲ၊ သဲနဲ့ မြေမှုန် ၃၈၂ ကီလို (၈၄၂ ပေါင်) သယ်ဆောင်လာခဲ့ကြပါတယ်။
ဖလော်ရီဒါတက္ကသိုလ် သုတေသနအဖွဲ့ အတွက် သစ်ပင်တစ်ပင် စမ်းသပ်စိုက်ပျိုးဖို့ လကမ္ဘာမြေသား တစ်ဂရမ်နှုန်းသာ ရရှိခဲ့ပြီး ဒီမြေနမူနာအနည်းငယ် မပျောက်ပျက်အောင် ဆယ်စုနှစ်ပေါင်း များစွာကြာ ထိန်းသိမ်းလာခဲ့ရပါတယ်။
နာဆာက ၁၉၇၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လကမ္ဘာပေါ်ကို လူသားတွေ ထပ်မံစေလွှတ်ဖို့ စီစဉ်နေပြီး ၂၀၂၅ ခုနှစ်မှာ ခရီးစဉ်စတင်ဖို့ ရည်မှန်းထားပါတယ်။
ဝေယံဟိန်း (B.Ag)
Ref: Moon soil used to grow plants for first time in breakthrough test - BBC
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
ဆက်စပ်မေးခွန်းများ
တနိုင်တပိုင် ငါးမွေးချင်လို့ မိုးကာစနဲ့ မြေပေါ် ငါးကန်လေး လုပ်ချင်လို့ပါ။ ဝယ်ရမယ့် ပစ္စည်း အဓိက မိုးကာစနဲ့ တခြားလိုအပ်တာလေးတွေ လမ်းညွှန်ပေးပါဦး၊ ဘယ်မှာ ဝယ်ရမလဲပေါ့နော် ၊ မွေးမှာကတော့ တီလားဗီးယားငါးပါ၊ ပုံပါအတိုင်း ငါးကန်လေးမျိုးလုပ်ချင်တာပါ။ မြေနေရာ အကျယ်တော့ သိပ်မရှိပါဘူးဗျ၊ တကန်လောက် စမ်းပြီး မွေးကြည့်ချင်လို့ပါ၊ ရန်ကုန်ကပါဗျ။
Zin Ko Latt • ဖြေကြားချက် 0 ခု
ဘတ်တီးရီးယား ရွက်ပျောက်ဖြစ်တာလားခင်ဗျ။ စိုက်ခင်းပါ အရင်နှစ်ကလည်း အပင်တွေက ယခုလို ဖြစ်လို့ ပြန်ထွန်ပြီး နောက်ပျိုးပင် ပြောင်းစိုက်လည်း ဖြစ်ပါတယ်။ ဖြေကြားပေးကြပါဦးခင်ဗျာ။
Nan Lin Soe • ဖြေကြားချက် 0 ခု
ပဲတစ်ခါမှမလုပ်ဖူးတဲ့လယ်မြေမှာပဲလုပ်ရင် အဆင်ပြေပါမလဲ မတ်ပဲလားပဲဒီစိမ်း လား.
ဦးကျော်ဇင်သန့် • ဖြေကြားချက် 1 ခု
မတ်ပဲ၂၅ရက်သားအရွယ်ကိုရွှေနဂါးရွက်ဖျန်းအားဆေးနဲ့awbaကထုတ်တဲ့ပီဖိုလန်အသီးအားးေဖျန်းပေးရင်ပိုကောင်းလား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်ကြဲသွားလို့ အပင်ကြီးပြီးပြန်ပိတ်သွားအောင်ဘာဆေးသုံးသင့်လဲ အထွက်နှုန်းတစ်အားမလျော့အောင်
Sawsamson • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
12/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....