အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
"ငါးနှပ် (ခေါ်) အာပြဲခြောက်ငါး"

"ငါးနှပ် (ခေါ်) အာပြဲခြောက်ငါး"

ငါးနှပ်ကို အင်္ဂလိပ်လို Bombay duck ဟု ခေါ်ဆိုကြပြီး ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်မှာ ရှည်မျောမျောနှင့် အလွန်ပျော့ပျောင်းနူးညံ့လှပါသည်။ မျက်လုံးသေးသေး၊ ပါးစပ်ကျယ်ကျယ်၊ သွားငယ်လေးများစွာနှင့် သေးငယ်သော အကြေးခွံလေးများ ပါရှိကြပါသည်။ ငါးနှပ်ပါးစပ်မှာ ကျယ်သမို့ 'အာပြဲခြောက်ငါး' ဟုလည်း ခေါ်ကြပါသည်။ 

ရေငန်ပိုင်း (Marine)တွင် အများဆုံးတွေ့ရပြီး ရေချိုရေငန်စပ် (Brackish water) တွင်လည်း တွေ့ရှိရပါသည်။ ငါးနှပ်များကို ကျားပိုက် (Bagnet)ဖြင့် ဖမ်းဆီးကြပြီး ဆောင်းတွင်းဘက် အအေးများချိန် ပိုပြီးအထိအမိများကြပါသည်။ အမြင့်ဆုံးအလျား(၄၀) စင်တီမီတာရှိပြီး ပုံမှန်အားဖြင့် (၂၀-၂၅) စင်တီမီတာ ရှိကြပါသည်။

ငါးနှပ်များမှာသက်တမ်း (၂) နှစ်ခန့် အသက်ရှင်နိုင်ကြပြီး တစ်နှစ်လျှင် (၆) ကြိမ်ခန့် မျိုးပွား သားပေါက်လေ့ရှိကြပါသည်။ ငါးနှပ်များကို ပင်လယ်ပြင်တွင် အုပ်စုလိုက်တွေ့ရတတ်ပြီး ညဘက်တွင် သူတို့ခန္ဓာကိုယ်မှ မီးရောင်လဲ့လဲ့တောက်ပကြသည်ဟု သိရသည်။

မွန်ပြည်နယ်ဘက်တွင် ငါးနှပ်ကို မရမ်းပြား၊ ငရုတ်သီးစိမ်း၊ ငံပြာရည် စသည်တို့ဖြင့် ချက်ထားသည့် 'ငါးနှပ်မွန်ဟင်း'ချဥ်ငံစပ် တုန်တုန်အိအိလေးက ခံတွင်းမြိန်စရာ နာမည်ကြီးဟင်းတစ်မယ် ဖြစ်ပေသည်။  ငါးနှပ်မွန်ဟင်းကို ငါးနှပ်အစိုဖြင့်ချက်ရပြီး ငါးနှပ်အစိုကို အခြောက်လှမ်းထားသည့် ငါးနှပ်ခြောက် (ခေါ်) အာပြဲခြောက်မှာလည်း လူကြိုက်များကြပါသည်။ ငါးနှပ်အစိုကို သောက်ဆမ်း၊ ငါးနှပ်ငါးဆုပ်ကြော်၊ ငါးနှပ်အစပ်ဟင်း၊ ငါးနှပ်ကြော်အပြင် ငါးနှပ်ဟင်းရည်ထဲသို့ မုန့်တီဖတ်ထည့်၍လည်း စားသုံးလေ့ရှိကြပါသည်။ 

ငါးနှပ်ခြောက် (ခေါ်) အာပြဲခြောက်ကိုမူ ဘာလချောင်ကြော်၊ အမွကြော်၊ ငါးနှပ်ခြောက်ဖုတ်နှင့် ကောက်ညှင်းပေါင်း စသဖြင့် စားသုံးကြပါသည်။ ငါးနှပ်ခြောက်စားသုံးမှု (၁၀၀) ဂရမ်တွင် အင်အားဓါတ် (၃၁၄) ကီလိုကယ်လိုရီ၊ ပရိုတင်းဓါတ် (၇၀.၆၀) ဂရမ်နှင့် ကာဗိုဟိုက်ဒြိတ် (၂.၅) ဂရမ် ပါဝင်ကြောင်းလည်း သိရပါသည်။

ငါးနှပ်မျိုးစိတ်ကို -

Phylum (မျိုးပေါင်းစု) - Chordata

Class (အမျိုးအစား) - Actinopterygii

Order (မျိုးစဥ်) - Aulopiformes

Family (မျိုးရင်း) - Synodontidae

Genus (မျိုးစု) - Harpadon

Species (မျိုးစိတ်) - Harpodon Nehereus ဟူ၍ ဖြစ်ပါသည်။

ပင်လယ်ပြာ(ငါးဦးစီးဌာန)

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

အရွက်တွေကွက်ကြားခြောက်ပြီးတစ်နေ့ထက်တစ်နေပိုပိုခြောက်တယ့်အကျယ်အဝန်းကများလာလို့ဆရာ/စပါးကမင်းဧရာပါ

Zaw Than Oo • ဖြေကြားချက် 0 ခု

ကြက်သွန်နီတွင် ကျရောက်တတ်သောရောဂါများအကြောင်းကိုသိသလောက်လေးပြောပြပေးပါ

Aung Myo Oo • ဖြေကြားချက် 3 ခု

အောက်တိုဘာလအတွက်စိုက်ရန်ဖြစ်သည်ဘောင်တင်စနစ်နဲ့စိုက်တာကောင်းသလား ဘောင်မဲ့မြေပြင်စိုက်တာကောင်းသလားဗျ မြေပြင်စိုက်ပီးဘယ်နှစ်ရက်သားရလျှင်ဘောင်တင်ရသလားဗျ ဘောင်တင်ရာတွင်ပင်စည်ဘယ်နှစ်လက်မလောက်တင်သင့်သလဲဗျ ကျေးဇူးပြု၍ဖြေပေးစေချင်တယ်

wai phyo naing • ဖြေကြားချက် 1 ခု

ဧရာမင်းစပါး သက်တမ်း၃လရှိပါပြီ။၁လသားမှာ ဒိုပါဝါကျောက်မှုန့်၊တီစူပါ၊ပုလဲ ၂လသားမှာ တီစူပါ၊ပိုတက် ပက်ထားပါတယ်။ကာဆူကာမိုင်စင်မှိုသတ်ဆေး ၂ကြိမ်နှင့်၊ကာတက်ပိုးသတ်ဆေး၂ကြိမ်၊ပိုင်ဒီ တကြိမ် ဖျန်းထားတယ်။အပင် အောက်လက်တွေ ဝါနေသေးလို့ ဘာဆေးဖျန်းရမှာလည်း။မှိုသတ်ဆေးရောပေါ့။

ဦးနေဇော်ငြိမ်း • ဖြေကြားချက် 6 ခု

အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ

Phyo Zaw Hein • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။