မှိုရောဂါများကိုလေ့လာခြင်း (မှိုအစစ်နဲ့ မှိုအတုဆိုတာ)
သီးနှံပင်တွေမှာ ကျရောက်လေ့ရှိတဲ့ မှိုရောဂါတွေကို မှိုးစပိုးထုတ်ပုံကိုလိုက်ပြီး အကြမ်းအားဖြင့် အောက်ပါအတိုင်း၄ မျိုး/အုပ်စု ခွဲခြားသတ်မှတ်နိုင်ပါတယ်။
- ၁။ phycomycete/Oomycetes (ဖိုက်ကိုမိုက်ဆိ/အူးမိုက်ဆိ)
- ၂။ Ascomycetes (အက်စ်ကိုမိုက်ဆိ)
- ၃။ Basediomycetes (ဘေစီဒီယိုမိုက်ဆိ)
- ၄။ Deuteromycetes (ဂျူထရိုမိုက်ဆိ)
ဒီနေရာမှာ လေ့လာသူတွေမေးတဲ့ True fungi(မှိုအစစ်) untrue fungi(မှိုအတု)ဆိုတာ ဘာတွေလဲ ဆရာ? ဆိုတဲ့ မေးခွန်းကို ဖြေရင်း... ရောဂါအမျိုးအစားတွေကို ယှဉ်တွဲဖော်ပြလိုက်ပါတယ်။
True fungi(မှိုအစစ်)

အထက်ဖော်ပြပါ မှိုအုပ်စု ၄ မျိုးထဲကမှ...
မှိုရောဂါများ၊ စပိုးထုတ်ခြင်း၊ ပွားများခြင်း၊ ဆဲလ်နံရံအကန့်ပိုင်းခြားခြင်း၊ ကပ်ပါးပြုခြင်း စတဲ့ မှိုအင်္ဂါရပ်များနဲ့ကိုက်ညီသော...
Ascomycetes/Basediomycetes/Deuteromycetes ၃ မျိုးကို မှိုအစစ်ဟုခေါ်ကြပါတယ်။
သီးနှံပင်မှာကျရောက်တဲ့ အပင်ရောဂါနမူနာတွေနဲ့ ယှဉ်တွဲဖော်ပြရရင်..
Ascomycetes - ( Powdry mildew (ဖားဥမှိုရောဂါ၊ rice blast(စပါးဂုတ်ကျိုးရောဂါ၊)၊ apple scab (ပန်းသီးအကြေးဖတ်ရောဂါ..စသည်...)
Basediomycetes - (သံချေးရောဂါများ နှင့် စပါးမှိုသီးရောဂါ စသည်... )
Deuteromycetes - ( Leaf- spots (ရွက်ပြောက်ရောဂါများ), blights, (ရွက်ခြောက်ရောဂါများ၊တောက်တဲ့မြီး၊ wilts(ပင်ညှိုးရောဂါများ)၊ rots (ခါးရိ၊အမြစ်ပုပ်ရောဂါ)၊ anthracnose (မှည့်ပြောက်စွန်းရောဂါ... စသည်...) တို့ဖြစ်ပါတယ်။
(စိုက်/ဆေး လောကသားတွေကတော့ Non Oomycete(နန်းအူးမိုက်ဆိ မှိုအုပ်စု)လို့ အလွယ်ခေါ်ကြပါတယ်)
Untrue fungi/fungus liked organism(မှိုအတု)

Oomycetes(အူးမိုက်ဆိမှို)ကိုတော့...
- မှိုအတု (ရေကြိုက်မှို (water mold) နဲ့ ဘုံနိမ့်မှို (Lower fungi)လို့ ခေါ်ကြပါတယ်။
- အခြားမှိုအုပ်စုနဲ့ မတူတဲ့အချက်က မှိုမျှင်တွေမှာ အကန့်မပါခြင်းနဲ့ စပိုးတွေမှာ ယက်မွှေးလေးတွေပါခြင်းဖြစ်ပါတယ်။
- ဒါကြောင့် အူးမိုက်ဆိမှိုရောဂါတွေဟာ ကူးစက်တာမြန်တယ်၊ ရေနဲ့ အစိုဓာတ်ကိုကြိုက်တယ်။
သီးနှံပင်မှာကျတဲ့ရောဂါတွေနဲ့ ယှဉ်တွဲဖော်ပြရရင်...
- Phytopthora spp (နှောင်းပင်နာကျရောဂါများ)
- Pythium spp (အပင်ငယ် ခါးရိညှိုးသေရောဂါ)
- Downy mildew(ဒေါင်းနီးရွက်ခြောက်ရောဂါ)
စတာတွေဖြစ်ပါတယ်။
ဘာကြောင့် အူးမိုက်ဆိမှိုရောဂါတွေကို သီးသန့်ခွဲခြားဖော်ပြနေရတာလဲဆိုရင်...
Non oomycetes တွေကို ဖျန်းတဲ့ မှိုသတ်ဆေးတွေကို ခံနိုင်ရည်ရှိနေလို့ပါပဲ။
အူးမိုက်ဆိရောဂါဆိုရင် မှိုဆေးအုပ်စု သီးသန့်ပေးရပါတယ်။
ဥပမာဆိုရရင်...
- ဒိုင်မီသိုမော့၊
- ဆိုင်မောက်ဇနေးလ်
- ဖို့စတိုင်းအလူမိနိယံ
- မက်တလက်ဇီး
- အဇိုဇီစထရိုဘင်...စတဲ့ အေအိုင်များကို အသုံးပြုရတာဖြစ်ပါတယ်။
အထူးသတိပြုစရာ တခုလည်းကျန်ပါသေးတယ်။
အဲ့ဒါကတော့... မှိုရောဂါတွေထဲမှာ..တောင်သူတွေ အကြောက်ဆုံးနဲ့ အဖြစ်အများဆုံးဖြစ်တဲ့ အပင်ရောဂါတွေပါ။
- Dry root rot - အမြစ်ခြောက်ဆွေးရောဂါ(Rhyzoptonia spp)
- Fusarium walt - ဖျူဆေရိယန် ခါးရိပင်ညှိုးရောဂါ (Fusarium spp)
အဲ့ဒီရောဂါ ၂ မျိုးကိုတော့ နာတာရှည်မှိုရောဂါ သို့မဟုတ် "ဆရာမနိုင် နှစ်ဆောင်ပြိုင်"လို့ ခေါ်ရမလိုပါပဲ။
လက်ရှိမှိုသတ်ဆေးတွေနဲ့ ကုသဖို့ အဆင်မပြေသေးပါ။
သို့သော်..ပညာရှင်တွေအနေနဲ့..
Pseudomonas fluorescens(ဆူဒိုမိုနပ်စ် ဖလူးဆင့်) နဲ့Bacillus subtilis (ဘက်ဆဲလပ်စ်ဆာ့ဘ်တလစ်) လို့ခေါ်တဲ့ ဘက်တီးရီးယားဆေးတွေနဲ့ အချိန်ယူစမ်းသပ်လျက်ရှိတယ်လို့တော့ ဆိုပါတယ်။
ကဲ... ဒီတပတ်တော့..ဒီလောက်နဲ့ပဲ... နားကြပါဦးစို့။
ဒီလောက်ဆိုရင်တော့..မှိုရောဂါတွေရဲ့အကြောင်း အနည်းအကျဉ်းသဘောပေါက်မယ်လို့ ယူဆပါတယ်။
မဖြစ်ခင်..ကြိုတင်ကာကွယ်ခြင်းကတော့ အကောင်းဆုံးနည်းပါပဲ..
စေတနာများစွာဖြင့်
ဒို့ဦးလေး
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြလိုပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Mr. Win
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးပါဆရာ
kyawminn
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပါခင်ဗျ.
ကိုမျိုး
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပါခင်ဗျ
ရှိုင်းထက်အောင်
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပါဦး 🙂
U thet naing htay
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပါ ခင်ဗျ
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏
Aung Ko Min • ဖြေကြားချက် 2 ခု
ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ
Nga Chan • ဖြေကြားချက် 3 ခု
ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့
U Yan • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Thar Po
အားလုံး