အရွက်ပေါ်မှာတွေ့ရတဲ့ ပုလဲဥလေးတွေ
ပုလဲလုံးလေးတွေဆိုတာ.....
အစိမ်းရောင်လမ်း အမေးအဖြေကဏ္ဍမှာ အမေးများနေတဲ့မေးခွန်းလေးပါ။
"ကွမ်းရွက်တွေမှာ အဖြူဥလေးတွေ တွေ့ရပါတယ်။ ကြာလာရင် အမဲစက်လေးတွေ ဖြစ်လာလို့ ဘာဖြစ်တာပါလဲ ခင်ဗျာတဲ့"ဆိုပြီး မေးလာပါတယ်။
အလားတူမေးခွန်းမျိုးတွေ သင်္ဘောပင်မှာ ကျရောက်တာတွေ့ရပါတယ်။
အဲဒါလေးတွေက ဘာတွေလဲ? ဘာကြောင့်အမဲစက်တွေ ဖြစ်ရတာလဲ? ပြီးတော့ အပင်တွေ ဘာကြောင့်အားနည်းသွားရသလဲ? တွေ့ဖူးသူတိုင်း သိချင်ကြမှာအမှန်ပါပဲ။ ဒါကြောင့် ဒီစာစုလေးကို ရှာဖွေတင်ပြလိုက်ရခြင်းဖြစ်ပါတယ်။
ပုလဲလုံး(Pearl body)
ပုလဲလေးတွေဆိုတာ ကမာကောင်လေးတွေရဲ့ မျက်ရည်ပါလို့ တင်စားကြသလို ကွမ်းရွက်၊ သင်္ဘောရွက်အောက်ဖက်မှ ပုလဲဖြူဥလေးတွေဟာလည်း အရွက်ရဲ့မျက်ရည်ဥလေးတွေလို့ ဆိုနိုင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ညဘက်အချိန် အေးပြီး စိုစွတ်တဲ့ကာလမှာ အမြစ်ကစုပ်ယူပေးပို့တဲ့ ရေတွေကို ပင်စည်မှတဆင့် အရွက်ဆီပို့တဲ့ ရေေကြာစည်း အဆုံးဖြစ်တဲ့ အရွက်မျက်နှာပြင်ပေါ်က စတိုမာအပေါက်လေးတွေပိတ်နေပါတယ်။
ဒါကြောင့် ရေနဲ့အတူပါလာတဲ့ သတ္ထုဓာတ်ပါသော အရည်ဥလေးတွေဟာ စတိုမာအပေါက်မှာ ထွက်ပေါ်လာရပါတယ်။ ဒါကြောင့် ပုလဲဖြူဥ(pearl body)ကို xylem sapလို့လည်း ခေါ်ကြပါတယ်။ ဒီဖြစ်စဉ်ကို Guttation လမ်းကြောင်းပိတ်ခြင်းလို့ခေါ်ပါတယ်။

ဘာကြောင့်အမဲစက်လေးတွေ ဖြစ်ရတာလဲ?
အထက်မှာ ဖော်ပြခဲ့သလို့ ပုလဲဖြူဥလေးတွေမှာ အပင်အတွက် လိုအပ်တဲ့ အစာရည်(Minerals)တွေပါပါတယ်။
အချိန်ကြာလာတဲ့အခါ ရေဓာတ်ခမ်းပြီး သတ္ထုဓာတ်တွေက အပူရှိန်နဲ့ပေါင်းပြီး အမဲစက်တွေဖြစ်စေပါတယ်။
ဒါတင်မကပါဘူး။ မှိုနဲ့ ဘက်တီးရီးယားရောဂါတွေပါ ကျရောက်နိုင်ပါတယ်။ ဒါ့အပြင် ပုလဲဥလေးတွေ ထွက်လာရင် မွှားတွေ( mites)ကျရောက်တတ်ပြီး အရွက်လေးတွေ တွန့်လိမ်တတ်ပါတယ်။
ဘာကြောင့် အပင်မှာ အာဟာရချို့တဲ့စေတာလဲ?
ဒီလို Guttation ဖြစ်စဉ်မျိုး အပင်တွေမှာ မကြာခဏဖြစ်လာရင် အာဟာရဓာတ်တွေ ဆုံးရှုံးရလို့ အပင်အားနည်းခြင်း၊ အသီးမတင်ခြင်း၊ ကြီးထွားမှုရပ်တန့်ခြင်းတွေ ဖြစ်တတ်ပါတယ်။
ကဲ, ဒါလောက်ဆို ပုလဲလေးတွေဆိုတာ အရွက်လေးတွေရဲ့ မျက်ရည်ပါဆိုတာ သဘောပေါက်လောက်ပါပြီ။
အပင်လေးတွေရဲ့ ကုန်ခမ်းသွားတဲ့ မျက်ရည်အတွက်တော့ အာဟာရလေးတွေပံ့ပိုးလို့ ပိုးမွှားရောဂါလေးတွေ ကာကွယ်ပေးဖို့တော့ လိုပါလိမ့်မယ်နော်။ အားလုံးပဲ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေ။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Htet Wai
လွန်ခဲ့သော ၉ လ ကPyraclostrobin 25% မတ်ပဲမှာ အပင်သတ်တမ်းဘယ်လောက်ကနေစသုံးလိုရလည်းဗျ၊အပင်ရောတတ်မြန်စေလားဗျ
ဒို့ဦးလေး
လွန်ခဲ့သော ၉ လ ကမှိုသတ်ဆေးတွေပါ၊ဘက်တီးရီးယားမနိုင်ပါဘူးနော်
ကိုလင်းထက်ကျော်
လွန်ခဲ့သော ၉ လ က@Myanma Shwe Nagar:Dimethomorph 32% + Pyraclostrobin 16% စူပါဆန်းမှိုသတ်ဆေးက ဘက္တီရီးယားရွက်ေြခာက်နိုင်လား
ဒို့ဦးလေး
လွန်ခဲ့သော ၉ လ ကacetameprid ဖျန်းရင် ပျောက်ပါတယ်။
ကိုသန်းလိူင်
လွန်ခဲ့သော ၉ လ ကဘယ်လိုကုသ. ကာကွယ်ပြုစု စောင်ရှောက်ရမှာလည်း
ဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Thar Po
အားလုံး
တစ်ညတည်း တံစဉ်နဲ့ ရိတ်ထားသလို ကိုက်ဖြတ်စားသောက်နိုင်တဲ့ စပါးငမြှောင်တောင်
21/07/2026
Diamide အုပ်စု(IRAC-group 28) ပိုးသတ်ဆေးအကြောင်း
23/04/2026
ပြီးခဲ့သည့် ဆောင်းပဲခင်းများအတွက် လေ့လာသုံးသပ်ချက်
09/03/2026
ပဲပုစွန်တွင်ကျရောက်တတ်သော ရောဂါများ
03/12/2025
ဇီဝလှုံဆော်ပစ္စည်း (biostimulant) အကြောင်း သိပြီးပြီလား?
25/06/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....