အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နာနတ်သီးတွင် ကျရောက်လေ့ရှိသော ရောဂါများ

နာနတ်သီးတွင် ကျရောက်လေ့ရှိသော ရောဂါများ

Htunn Winn Kyaw
Htunn Winn Kyaw • 12/01/2018

Black Rot or Soft Rot (အသီးပျော့ပုတ်၊ မဲပုတ်)

ရိတ်သိမ်းပြီးနောက်ပိုင်းကာလမှ စတင်ကာ မစားသုံးမှီအချိန်အတွင်းကျရောက်တတ်သော ရောဂါမျိုးဖြစ်ပါသည်။ မှိုကြောင့်ဖြစ်သော ရောဂါဖြစ်ပြီး အသီးတွင်းအောက်ခြေမှစကာ ပျော့ရိမဲကာ ပုတ်လာသော လက္ခဏာပြပါသည်။ ရောဂါဖြစ်စေသော မှိုများသည် ခူးဆွတ်ချိန်တွင် ရလာသော ဒဏ်ရာမှ တစ်ဆင့်ဝင်ခြင်းဖြစ်ပြီး လက္ခဏာသည် အူတိုင်အဆုံးဖက် အသီးအောက်ခြေမှစ၍ပြပါသည်။ ရေစိုနာကွက်မှ စတင်ကာ အသီးပျော့၍ပုတ်လာပြီး အသီးတစ်ခုလုံးလိုက်ကာ ပုတ်သော အနံ့ထွက်လာပါသည်။

Control:ရောဂါမဖြစ်စေရန်အတွက် အသီးခူးဆွတ်ချိန်မှ သယ်ယူပို့ဆောင်သော ကာလ တစ်လျောက်တွင် အသီးကို ထိခိုက်မှုနည်းစေရန် သတိထားရမည်ဖြစ်ပါသည်။
ဓာတုဆေးအားဖြင့် Thiabendazole (၁၀၀ ppm) သို့မဟုတ်Benomyl ( ၃၀၀၀ ppm) တွင်လည်းကောင်း ၅ မိနစ်ခန့် အသီးကို စိမ်ပြီးနောက်ပိုင်းတွင် ပျော့ပုတ်ရောဂါကို ကာကွယ်နိုင်ပါသည်။ 

Heart-rot (Phytophthora parpsitica) (အူတိုင်ပျော့ပုတ်ရောဂါ)

Phytophthora မှိုကြောင့်ဖြစ်သော ရောဂါဖြစ်ပြီး အလယ်အူတိုင်ပုတ်သော လက္ခဏာကိုတွေ့ရပါသည်။ ထိပ်ဆုံးအရွက်သည် အညိုရောင်ပြောင်းလာပြီးနောက် အရွက်အောက်ခြေများသည် ပုတ်သော လက္ခဏာများ ပြပြီးနောက် အနံ့ထွက်လာတတ်ပါသည်။ မြေသားဖွဲ့စည်းမှုမကောင်းခြင်းနှင့် ရေသွင်းရေထုတ်မှု မကောင်း ခြင်းကြောင့် ရောဂါပျံ့နှံ့မှုပိုမိုဆိုးနိုင်ပါသည်။ 

Control: ရောဂါပျံ့ပွားမူ အနည်းဆုံးဖြစ်စေရန်အတွက် ရေသွင်းရေထုတ်တွင် ဂရုစိုက်ခြင်းဖြင့်သော် လည်းကောင်း သန့်ရှင်းသော (အသီးများစွန်းထင်းမှုကင်းသော) သီးနှံသုံး ကိရိယာများကို သုံးခြင်းဖြင့် လည်းကောင်း ကာကွယ်နိုင်ပါသည်။ ဓာတုဆေးအားဖြင့် Chlorthalonil 20g Zineb 20g ကို ရေသန့်ဘူး ၁၀ ဘူးနှင့်ရောကာ ဖြန်းပေးနိုင်ပါသည်။ ဆေးဒြပ်ပေါင်းများကို ဆေးဆိုင်တွင် ပြသကာ ရှာဖွေနိုင်ပါသည်။

Leaf and Fruit-rot (Cyratostomella paradoxa) Cyratostomella paradoxa ကြောင့့်ဖြစ်သော အရွက်နှင့် အသီးပျော့ပုတ်ရောဂါ
လုံလောက်သော လေမရနိုင်သော အခြေအနေတွင် အစိုဓာတ်များလွန်းသောသီးနှံများကို ထားမိသောကြောင့် အသီးအောက်ခြေများပုတ်လိုက်လာကာ မှိုများဝင်လာကာ ပျော့ပုတ်များဖြစ်တတ်ပါသည်။ ပေါင်းလိုက်ခြင်းကဲ့သို့သော စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများကြောင့် ရနိုင်သော ထိခိုက်ဒဏ်ရာများမှ ကွင်းဆက်အကွက်လေးများဖြစ်ကာ ရောဂါဝင်ရောက်နိုင်ပါသည်။ ဆိုးရွားသော အခြေအနေသို့ရောက်လာပါက အပင်တစ်ပင်လုံးသည် အမဲရောင်သို့ပြောင်းကာ ၂ ရက်မှ ၃ ရက်အတွင်း ပုတ်ရိကျ နိုင်သည်အထိဖြစ်နိုင်ပါသည်။

Control: ရောဂါဖြစ်နေသော အပင်များကို ဖျက်ဆီးခြင်းဖြင့်သော်လည်းကောင်း၊ Sucker(အပင်ပွား)များကို ထပ်မပွားစေခြင်းအားဖြင့်သော်လည်းကောင်း ကာကွယ်နိုင်ပါသည်။ ဓာတုဆေးအားဖြင့် ကော့ပါးပါဝင်သော ဆေးများကို အပင်မှ အရွက်များ လောင်နေသော လက္ခဏာများတွေ့ရချိန်တွင် စတင်ဖြန်းပေးနိုင်ပါသည်။ နောက်တစ်နည်းအားဖြင့် 0.3% Dithane Z-78 ကို အပင်များတွင် ဖြန်းပေးခြင်း သို့မဟုတ် အပင်စိုက်ရာတွင် သုံးသော ကိရိယာများကို စိမ်ပေးခြင်းကို ပြုလုပ်ပေးခြင်းအားဖြင့် ကာကွယ်နိမ်နှင်းနိုင်ပါသည်။

Leaf Spot (Phytophthotra sp.) ရွက်ပြောက်ရောဂါ

အိန္ဒိယအရှေ့ဖက်ပိုင်းတွင် ဖြစ်လေ့ရှိသော ပူနွေးစိုစွတ်သော ရာသီမျိုးတွင် စတင်ဖြစ်ပေါ်လေ့ရှိပြီး အရွက်များတွင် ရေစိုနာကဲ့သို့သော အကွက်များကို တွေ့နိုင်ပါသည်။ အကွက်များသည် တဖြည်းဖြည်းကြီးလာပြီး အကွက်နေရာများတွင် ခြောက်သွေ့သွားပါသည်။ 

Control : ရောဂါပြန့်ပွားမှုနည်းစေရန်အတွင် ရေသွင်း ရေထုတ်ကို ဂရုစိုက်ပေးရန်လိုအပ်ပြီး ကောင်းမွန်သန့့်ရှင်းသော အပင်သုံးကိရိယာများကို သုံးခြင်းအားဖြင့် ကာကွယ်နိုင်ပါသည်။ Chlorthalonil 20g Zineb 20g ကို ရေ (၁၀) ဘူးဖြင့်ရောကာ ပက်ဖျန်းခြင်းဖြင့်သော်လည်းကောင်း နှိမ်နင်းနိုင်ပါသည်။

Thielaviopsis rot (Thielaviopsis paradoxa) 

Thielaviopsis paradoxa ကြောင့်ဖြစ်သော ပုတ်ရိရောဂါဖြစ်ပါသည်။ ပင်စည်တွင် လက္ခဏာစပြပြီး အပြင်ဖက်တွင် ရေစိုနာကြောင့်ဖြစ်သော အကွက်မဲများဖြစ်ပေါ်လာပြီးနောက် အကွက်အောက်ဖက်ရှိ အသားများ စတင်ပုတ်ရိလာပါသည်။ ဆိုးသောအခြေအနေတွင် ပင်စည်ကို တွန်းရုံမျှဖြင့် အပင်ကျိုးသော အခြေအနေအထိ ဖြစ်နိုင်ပါသည်။ 

Control: လူကြောင့်ဖြစ်သော အနာတရများ တတ်နိုင်သလောက် နည်းစေရန် သတိထားရမည် ဖြစ်ပါသည်။ မှိုသတ်ဆေးဖြစ်သော Thiabendazole(TBZ) ကို သုံးနိုင်ပါသည်။ ရိတ်သိမ်းပြီးနောက်တွင် သင့်တော်သော အစိုဓာတ်နှင့် အပူချိန်ရောက်အောင် ထားရှိပေးရပါမည်။

ထွန်းဝင်းကျော် 

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်​ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏

Aung Ko Min • ဖြေကြားချက် 2 ခု

ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ

Nga Chan • ဖြေကြားချက် 3 ခု

ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့

U Yan • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။