အပင်များအတွက် အနည်းလိုအာဟာရဓာတ် ဘိုရွန်
အပင်များ အောင်မြင်ဖြစ်ထွန်းကြီးထွားရှင်သန်ရန် ၎င်းတို့နှင့် သင့်တော်သော ပတ်ဝန်းကျင်ရာသီဥတုနှင့် ၎င်းတို့အတွက် လိုအပ်သော အာဟာရဓာတ်များ လုံလောက်စွာ ရရှိနေရန် လိုအပ်ပါသည်။ အပင်များအတွက် လိုအပ်သော အာဟာရဓာတ်များကို အဓိက (၂) ပိုင်းခွဲ၍ ဖော်ပြကြသည်။ နိုက်ထရိုဂျင် (Nitrogen)၊ ဖော့စ်ပရပ်/မီးစုန်း (Phosphorus)၊ ပိုတက်စီယမ် (Potassium) တို့ (၃) မျိုးကို အပင်များအတွက် အများလိုအာဟာဓာတ်များ (Major Elements) အဖြစ် သတ်မှတ်ကြသည်။ ဆာဖာ/ကန့် (Sulfur)၊ ကယ်လစီယမ် (Calcium)၊ မဂ္ဂနီစီယမ် (Magnesium)၊ အိုင်းရွန်း/သံ (Iron)၊ မင်းဂနိ (Manganese)၊ ကော့ပါး/ကြေးနီ (Copper)၊ ဇင့်/သွပ် (Zinc)၊ မော်လဒီနမ် (Molybdenum)၊ ဘိုရွန် (Boron) နှင့် ကိုဘော့ (Cobalt) တို့ကို အပင်များအတွက် အနည်းလိုအာဟာရဓာတ်များ (Minor/Trace Elements) အဖြစ် သတ်မှတ်ကြသည်။ သို့သော်လည်း ယခုအခါ ကယ်လစီယမ်၊ မဂ္ဂနီစီယမ်နှင့် ဆာဖာတို့ကို နိုက်ထရိုဂျင်၊ ဖော့စ်ပရပ်နှင့် ပိုတက်စီယမ် အများလိုအာဟာရဓာတ်များပြီးနောက် ဒုတိယအရေးကြီးသော အများလိုအာဟာရဓာတ်များ (Secondary Elements) အဖြစ် သတ်မှတ်လာကြသည်။
ဖော်ပြပါ အာဟာရဓာတ်များထဲမှ တစ်မျိုးမျိုး ချို့တဲ့လျှင်သော်လည်းကောင်း၊ လွန်ကဲလျှင်သော်လည်းကောင်း အပင်များ၏ ကြီးထွားဖွံ့ဖြိုးမှုနှင့် အထွက်နှုန်းကို ဆိုးဝါးစွာ ထိခိုက်ပျက်စီးနိုင်ပါသည်။ ၎င်းအာဟာရဓာတ်များသည် အပင်များအတွက် သူ့လိုအပ်ချက် ပမာဏအတိုင်းအတာနှင့်အတူ အရေးကြီးလိုအပ်ကြသည်သာ ဖြစ်သည်။ ၎င်းတို့ထဲမှ အနည်းလိုအာဟာရဓာတ်တစ်မျိုးဖြစ်သည့် ဘိုရွန်သည် ကမ္ဘာ့စိုက်ပျိုးမြေအများစုတွင် ချို့တဲ့မှုအများဆုံးနှင့် အတွေ့ရအများဆုံးပြဿနာတစ်ခုအဖြစ် ပညာရှင်များ အလေးထားဆောင်ရွက် ရေးသားဖော်ပြလာကြသည်။
ဘိုရွန်သည် မြေတွင်းသဘာဝဆွေးမြေ့ ပစ္စည်းများ (Soil Organic Matter) ဖြင့် နှီးနွယ် ပတ်သက်နေပေသည်။ မြေကြီးအား နှစ်ပေါင်းများစွာ ထွန်ယက်စိုက်ပျိုးလာမှုကြောင့် မြေတွင်းရှိ သဘာဝဆွေးမြေ့ပစ္စည်းများ (Organic Matter) လျော့ကြလာသည်ဟု ဆိုသည်။ ထို့ကြောင့် မြေတွင်းရှိ ဘိုရွန် အဓိကအရင်းအမြစ်များလည်း တဖြည်းဖြည်းလျော့နည်းလာသည်ဟု ပညာရှင်များ သုံးသပ်ကြသည်။ မြေတွင်းရှိ ဘိုရွန်ပမာဏသည် မြေတွင်းသဘာဝ ဆွေးမြေ့ပစ္စည်းပမာဏနှင့် တိုက်ရိုက်အချိုးကြနေသည်။ မြေတွင်းသဘာဝ ဆွေးမြေ့ပစ္စည်းပမာဏများလျှင် ဘိုရွန်ပမာဏလည်း များလာတတ်သည်။ မြေချဉ်ငံဓာတ် (Soil pH) ၆.၅ အထက်ရှိလာသောအခါ ဘိုရွန်ဓာတ်လျော့ကျသွားတတ်သည်။ မိုးများသောဒေသများတွင် ဘိုရွန်ဓာတ်များ မြေအတွင်းသို့ စိမ့်ဝင်ဆုံးရှုံးသွားတတ်သည်။ ခန့်မှန်းခြေအားဖြင့် မြေတစ်ဧကတွင် သီးနှံပင်အများစုအတွက် ဘိုရွန် ၂-၃ ပေါင်ခန့် လိုအပ်သည်ဟု တွေ့ရသည်။
အပင်များကြီးထွားမှုနှင့် အထွက်နှုန်းကောင်းရန် ဘိုရွန်ဓာတ်နှင့် ကယ်လစီယမ်ဓာတ်တို့ တစ်ခုနှင့်တစ်ခု ဟန်ချက်ညီနေဖို့ လိုပါသည်။ ၎င်းဓာတ် (၂) ခု ဟန်ချက်ညီ မနေလျှင် အပင်များသည် ကောင်းစွာ ကြီးထွားဖွံ့ဖြိုးလိမ့်မည် မဟုတ်ပေ။ ဘိုရွန်ဓာတ်နိမ့်ကျနေသော အပင်များ၏ အမြစ်များသည် ဖော့စ်ပရပ်ဓာတ်ကိုကောင်းစွာ မစုပ်ယူနိုင်သောကြောင့် ဖော့စ်ပရပ်ဓာတ်သည် အပင်၏ ဆဲလ်များအတွင်းသို့ မရွေ့လျားနိုင်တော့ပေ။ အကယ်၍ နိုက်ထရိုဂျင်ဓာတ်နှင့် ပိုတက်စီယမ်ဓာတ်တို့ အလွန်မင်းမြင့်မားနေလျှင်လည်း အပင်များတွင် ကယ်လစီယမ်/ဘိုရွန်အချိုး လျော့ကျသွားတတ်သည်။
အပင်များတွင် ဘိုရွန်ဓာတ်ချို့တဲ့ခြင်း၏ ယေဘူယျလက္ခဏာများမှာ
- အပင်၏ ကြီးထွားနေဆဲ အစိတ်အပိုင်းများ ပုံသဏ္ဍန်မမှန်ဖြစ်လာခြင်း
- အရွက်များ ရှုံ့တွပြီး အရွက်သားများထူလာကာ ကြီးထွားမှု တုန့်နှေးသွားခြင်း
- အရောင်များရင့်လာခြင်း
- ဆဲလ်နံရံများ ကောင်းစွာ မဖွံ့ဖြိုးသောကြောင့် အပင်များကြွတ်ဆတ်နေခြင်း
- စပါးကဲ့သို့ မြက်မျိုးရင်းဝင်အပင်များတွင် အရွက်များတွန့်လိမ်ရစ်နေခြင်း
- အရွက်ပြန့်အပင်များတွင် အရွက်ထိပ်များ/အညွန့်များ ပုံပျက်နေခြင်း တို့ဖြစ်သည်။
ဘိုရွန်ချို့တဲ့မှုအား ကာကွယ်ရန် ဘိုရွန်ဓာတ်ပါသော ရွက်ဖျန်းမြေသြဇာအရည်များ ပက်ဖျန်းပေးခြင်းနှင့် ဘိုရွန်ဓာတ်ပါသော မြေသြဇာများအား မစိုက်ခင်နှင့် စိုက်ပြီးနောက် အပင်ခြေပတ်လည်တွင် မြေတွင်းသို့ ထည့်သွင်း ကျွေးပေးခြင်းတို့ ဆောင်ရွက်နိုင်ပါသည်။ ဘိုရွန်ဓာတ်ရနိုင်သော အရင်းအမြစ်များမှာ
- Boric Acid (ဘိုရွန်ဓာတ် ၁၇% ပါဝင်သည်)
- Borax (လက်ချား) (ဘိုရွန်ဓာတ် ၁၁% ပါဝင်သည်)
- Sodium Pentaborate (ဘိုရွန်ဓာတ် ၁၈% ပါဝင်သည်)
- Sodium Tetraborate (ဘိုရွန်ဓာတ် ၂၁% ပါဝင်သည်) နှင့်
- Liquid Boron (ဘိုရွန်ဓာတ် ၂-၄% ပါဝင်သည်) တို့ဖြစ်သည်။
ဘိုရွန်ဓာတ်များများလိုအပ်သော သီးနှံပင်များမှာ
- မုန်လာဉဝါ (Turnip)
- ပန်းမုန်လာစိမ်း (Broccoli)
- ပန်းမုန်လာ/ပန်းဂေါ်ဖီ (Cauliflower)
- ဂေါ်ဖီထုပ် (Cabbage)
- ကွမ်းသီးလုံးမုန်လာထုပ် (Brussel Sprouts)
- ကညွတ် (Asparagus)
- သကြားမုန်လာ (Sugar beet)
- တရုတ်နံနံ (Celery)
- ပန်းသီး (Apple)
- သစ်တော့ (Pear) နှင့်
- စပျစ် (Grape) တို့ဖြစ်သည်။
အရွက်ပြန့်အပင်များသည် အရွက်သေးရှည်အပင်များထက် ဘိုရွန်ဓာတ်ပို၍ လိုအပ်သည်ဟု ပညာရှင်များ ဖော်ပြထားသည်ကို လေ့လာတွေ့ရှိရပါသည်။ ။
ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)
(၁၀-၄-၂၀၁၁ တနင်္ဂနွေနေ့ နေ့လယ် ၁၂းဝ၅ တုန်းက ဘိုရွန်အကြောင်းတွေ ဖတ်ဖြစ်ရင်း ရေးထားခဲ့တဲ့ မှတ်စုလေးပါ။ ဘယ်စာအုပ်က ဖတ်ပြီးရေးခဲ့တယ်ဆိုတာ မှတ်တမ်းထဲမှာ ရေးဖို့ မေ့သွားလို့ Reference မဖော်ပြနိုင်တာကို နားလည်ခွင့်လွတ်ပေးပါ။)
ကိုချမ်း
လွန်ခဲ့သော ၅ နှစ် ကကျေးဇူးပါခင်ဗျာ
ဦးခင်မောင်ဦး
လွန်ခဲ့သော ၆ နှစ် ကကွမ်းပင်ကိုလက်ချားဖျန်းလို့ရသလားဗျာ။
ဆက်စပ်မေးခွန်းများ
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ
နံပတ်2 • ဖြေကြားချက် 4 ခု
Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား
Khing Hein • ဖြေကြားချက် 1 ခု
အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ
Phyo Zaw Hein • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from HanPhyoAung
အားလုံး