၂၀၂၄ အပူချိန်အောက် ၁ ဒီဂရီလျော့နိုင်တဲ့ ၂၀၂၅ နွေရာသီ
၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း ဖြစ်လာနိုင်တဲ့ အပူချိန်ကြိုတင်ခန့်မှန်းချက်တွေကို Meteoblue ရဲ့ SA-ENSEMBLE, SA-ECMWF နဲ့ SA-NCEP model ၃ ခုရဲ့ ခန့်မှန်းချက်များမှတဆင့် လေ့လာတဲ့အခါ -
🌡 ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ ဧပြီလရဲ့ ပျမ်းမျှဖြစ်မြဲအပူချိန်အထက် ၀.၅°C မှ ၁°C အထိ ပိုမိုပူပြင်းနိုင်ကြောင်း၊ ဒီအပူချိန်ဟာ အယ်လ်နီညိုနှစ်ဖြစ်ခဲ့သော ၂၀၂၄ ခုနှစ်အပူချိန်အောက် ၁°C ခန့် လျော့နည်းနိုင်ကြောင်း တွေ့ရပါတယ်။
🌡 နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတွေမှာတော့ ဧပြီလရဲ့ ပျမ်းမျှဖြစ်မြဲအပူချိန်များအထက် ၀.၂°C မှ ၀.၅°C အထိ ပိုမိုပူပြင်းနိုင်ကြောင်းတွေ့ရတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၄ အယ်လ်နီညိုနှစ်အပူချိန်များထက် ၁.၅°C ခန့်လျော့နည်းနိုင်ကြောင်း ခန့်မှန်းရပါတယ်။
🌡 SA-ENSEMBLE နဲ့ SA-ECMWF model တွေရဲ့ ခန့်မှန်းချက်က မတိမ်းမယိမ်း(အတူတူ)သာရှိနေပြီး SA-NCEP model ခန့်မှန်းချက်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းတွေမှာ ဧပြီလရဲ့ ပျမ်းမျှဖြစ်မြဲအပူချိန်အထက် ၁°C မှ ၁.၅°C အထိအပူချိန်ပိုမိုနိုင်ကြောင်းတွေ့ရပါတယ်။ NCEP ခန့်မှန်းချက်အရလည်း ၂၀၂၄ ခုနှစ်(အယ်လ်နီညိုဖြစ်ခဲ့သောနှစ်)အပူချိန်များထက် ပူပြင်းမှုလျော့နည်းနိုင်မယ်ဆိုတာတွေ့ရပါတယ်။

🔸 နွေရာသီကာလအတွင်းကို တဖြည်းဖြည်းဝင်ရောက်လာနေတာဖြစ်တာကြောင့် နေ့အပူချိန်များတဖြည်းဖြည်း မြင့်တက်လာတယ်ဆိုသော်လည်း အယ်လ်နီညိုဖြစ်ခဲ့တဲ့ ၂၀၂၄ ခုနှစ်လောက် ၂၀၂၅ ခုနှစ်နွေရာသီက အပူချိန်မများနိုင်ဘူး လို့သုံးသပ်ရပါတယ်။ နွေရာသီကာလအတွင်းမှာ ဖြစ်လေ့ရှိတဲ့ ပူပြင်းခြောက်သွေ့မှုကြောင့် ၄၀°C ဝန်းကျင်အထိဖြစ်လာတဲ့အပူရှိန်နဲ့ ခြောက်သွေ့တဲ့လေပြင်းတိုက်ခတ်နိုင်ခြင်းကြောင့် မီးဘေးအန္တရာယ်ကို ပေါ့ဆလို့တော့ မရပါ။
Meteoblue မှ Model တွေရဲ့ စုပေါင်းခန့်မှန်းချက်များကိုအခြေခံပြီးမှ ရေးဆွဲပေးထားတဲ့ ပြည်နယ်/တိုင်းမြို့များရဲ့ ၄ ရက်အတွက် မိုးလေဝသခန့်မှန်းချက်တွေမှာ အနီးစပ်ဆုံးကြိုတင်ခန့်မှန်းချက်များကို ကြည့်ရှုလေ့လာနိုင်ပါတယ်။
https://www.mmweather.org/divisional-cities-weather
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
KoKo Zin
လွန်ခဲ့သော ၁ နှစ် ကကျေးဇူအများကြီးတင်ပါတယ်
ဆက်စပ်ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဦးဝင်းနိုင်
အားလုံး
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026