အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နိုဝင်ဘာ ၂၄ မှ ၃၀ ရက်နေ့အထိ တစ်ပတ်စာ မိုးလေဝသ သုံးသပ်ချက်

နိုဝင်ဘာ ၂၄ မှ ၃၀ ရက်နေ့အထိ တစ်ပတ်စာ မိုးလေဝသ သုံးသပ်ချက်

00:00
00:00

နိုဝင်ဘာ ၂၃ ရက် မနက် ၁၁ နာရီ ထိုင်းမိုးလေဝသဌာန၏ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၃ ရက်ထုတ် မြေပြင်မိုးလေဝသမြေပုံ (Weather Chart at 00 UTC)၊ METEOBLUE ICON Model ၏ နိုဝင်ဘာ ၂၉ ရက် အမြင့်ဆုံးနှင့် အနိမ့်ဆုံးအပူချိန်မြေပုံများ နှင့် METEOBLUE IFSENS-20 Global Model ၏ နိုဝင်ဘာ ၂၄ မှ ၃၀ ရက်အထိ နေ့စဉ်မိုးရေချိန်ခန့်မှန်းမြေပုံများအရ သုံးသပ်တင်ပြထားပါသည်။

၁။ နိုဝင်ဘာ ၂၄ ရက် မှ ၃၀ ရက်အတွင်း မြန်မာနိုင်ငံ ပြည်နယ်တိုင်းအသီးသီးတွင် ဖြစ်ပေါ်နိုင်သော မိုးလေဝသအခြေအနေ

အအေးလေဖိအားကြီးရပ်ဝန်း လွှမ်းမိုးမှု- ထိုင်းမိုးလေဝသမြေပုံအရ တရုတ်ပြည်မကြီးနှင့် မွန်ဂိုလီးယားဘက်မှ ဗဟိုဖိအား 1040–1046 hPa အထိရှိသော အားကောင်းသည့် အအေးလေဖိအားကြီးရပ်ဝန်း (High Pressure Area - H) သည် တောင်ဘက်သို့ ဆက်လက်တွန်းပို့လျက်ရှိသည်။ အဆိုပါစနစ်ကြောင့် ဖြစ်ပေါ်လာသော အရှေ့မြောက်လေအေး (Northeast Monsoon) သည် မြန်မာနိုင်ငံတစ်ဝန်းတွင် ပိုမိုအားကောင်းလာမည်ဖြစ်သည်။
 
အပူချိန်ပြောင်းလဲမှုနှင့် ဆောင်းဦးအအေးဓာတ်


အနိမ့်ဆုံးအပူချိန် : နိုဝင်ဘာလကုန်ရက်များတွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတို့၏ ညနှင့် နံနက်စောစော အနိမ့်ဆုံးအပူချိန်သည် ၆ မှ ၁၄ ဒီဂရီဆဲလ်စီးယပ်အထိ ကျဆင်းပြီး တောင်ပေါ်ဒေသအချို့တွင် ၆ ဒီဂရီဆဲလ်စီးယပ်အောက်သို့ ရောက်ရှိကာ ဆောင်းအအေးဒဏ် သိသာလာမည်ဖြစ်သည်။ အလယ်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများ (မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ) တွင် အနိမ့်ဆုံးအပူချိန် ၁၈ မှ ၂၁ ဒီဂရီဆဲလ်စီးယပ်ခန့်အထိ ကျဆင်းနိုင်မည်ဖြစ်သည်။


အမြင့်ဆုံးအပူချိန် : နေ့ခင်းဘက်တွင် နေရောင်ခြည်ပြည့်ဝစွာရရှိသဖြင့် အလယ်ပိုင်းနှင့် တောင်ပိုင်းမြေပြန့်ဒေသများ၌ ၃၁ မှ ၃၃ ဒီဂရီဆဲလ်စီးယပ်ခန့်အထိ ရှိမည်ဖြစ်ရာ နေ့နှင့်ည အပူချိန်ကွာခြားချက် မြင့်မားလာမည်ဖြစ်သည်။
 
တိမ်တိုက်နှင့် မိုးရွာသွန်းနိုင်ခြေ


မြေပြန့်နှင့် ကမ်းရိုးတန်းဒေသများ (စစ်ကိုင်းအောက်ပိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ရခိုင်၊ ကယား၊ ရှမ်းတောင်/အရှေ့)- အနိမ့်တိမ် ကင်းစင်ပြီး ခြောက်သွေ့သာယာသော ရာသီဥတု လွှမ်းမိုးထားမည်ဖြစ်ကာ မိုးလုံးဝကင်းစင်မည် (0 mm) ဖြစ်သည်။


ကချင်ပြည်နယ်၊ ချင်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း- အနောက်ဘက်မှ ရွေ့လျားလာသော လေလှိုင်းအနည်းငယ်ကြောင့်  တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး နိုဝင်ဘာ ၂၄ မှ ၂၇ ရက်အတွင်း နေရာကွက်ကျား မိုးဖွဲဖွဲ/မိုးအနည်းငယ် ရွာသွန်းနိုင်သည်။


တနင်္သာရီတိုင်း- ထိုင်းပင်လယ်ကွေ့နှင့် မလေးကျွန်းဆွယ်အနီး လေပွေလှိုင်းအကြွင်းအကျန်များကြောင့် တောင်ပိုင်းစွန်းဒေသများတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး မိုးအနည်းငယ် နေရာကွက်ကျား ရွာနိုင်ပါသည်။
 
၂။ စပါးရိတ်သိမ်းချိန်နှင့် ဆောင်းသီးနှံစိုက်ပျိုးချိန် တောင်သူများအတွက် အကြံပြုချက်

မိုးစပါး ရိတ်သိမ်း၊ ခြွေလှေ့နှင့် သိုလှောင်ခြင်း - မြစ်ဝကျွန်းပေါ်နှင့် မြေပြန့်လွင်ပြင်ဒေသများ (ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်၊ မကွေး၊ မန္တလေး)တွင် နိုဝင်ဘာ ၂၄ မှ ၃၀ ရက်အထိ မိုးလုံးဝမရွာဘဲ နေရောင်ခြည်ကောင်းစွာရရှိမည်ဖြစ်၍ မိုးစပါးရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းများကို စိုးရိမ်စရာမလိုဘဲ အပြည့်အဝ ဆောင်ရွက်နိုင်ပါသည်။

စပါးစိုက်တောင်သူများ သတိပြုရန်- ညဉ့်အပူချိန်ကျဆင်းပြီး နံနက်ပိုင်းတွင် မြူနှင်းများ ဆိုင်းနိုင်သဖြင့် စပါးနှံများ စိုစွတ်နေနိုင်ပါသည်။ စက်ဖြင့်ရိတ်ခြွေပါက နံနက် ၁၀ နာရီဝန်းကျင် နှင်းခြောက်ပြီး နေပူလာချိန်မှသာ ရိတ်ခြွေရန်နှင့် စပါးသိုလှောင်ရာတွင် အစိုဓာတ် ၁၄% အောက်ရောက်အောင် အခြောက်လှမ်းပြီးမှ ကျီသွင်းရန် အကြံပြုအပ်ပါသည်။
 
ဆောင်းသီးနှံ စတင်စိုက်ပျိုးခြင်း

မြေတွင်းအစိုဓာတ် အချိန်မီအသုံးချခြင်း- အားကောင်းသော အယ်လ်နီညိုအခြေအနေနှင့် ခြောက်သွေ့သော အရှေ့မြောက်လေကြောင့် မြေမျက်နှာပြင် အစိုဓာတ် အငွေ့ပျံဆုံးရှုံးမှု မြန်ဆန်နိုင်ပါသည်။ ထို့ကြောင့် မတ်ပဲ၊ ပဲတီစိမ်းနှင့် ကုလားပဲ စိုက်ပျိုးမည့် တောင်သူများသည် စပါးရိတ်ပြီးသည်နှင့် လယ်မြေတွင်း ကျန်ရှိသောအစိုဓာတ် (Residual Moisture) မခမ်းခြောက်မီ ချက်ချင်း မျိုးစေ့ချစိုက်ပျိုးသင့်ပါသည်။


အပူပိုင်းဇုန် (မကွေး၊ မန္တလေး၊ စစ်ကိုင်း)- မြေတွင်းအစိုဓာတ် ထိန်းသိမ်းနိုင်ရန် ထယ်ရေးနက်နက်ထိုးခြင်းကို ရှောင်ကြဉ်ပြီး မျက်နှာပြင်ကြမ်းတုံးတိုက်ခြင်းနှင့် ကောက်ရိုးဖုံးအုပ်စိုက်ပျိုးခြင်း (Mulching) စနစ်များကို ကျင့်သုံးသင့်ပါသည်။


ကုန်းမြင့်ဒေသများ (ရှမ်း၊ ကချင်၊ ချင်း)- ညဉ့်အအေးဒဏ် ရုတ်တရက်ပြင်းထန်လာနိုင်သဖြင့် ဆောင်းသီးနှံနှင့် ဟင်းသီးဟင်းရွက်ခင်းများ (ကြက်သွန်၊ အာလူး၊ ပန်းဂေါ်ဖီ) အအေးဒဏ်မထိခိုက်စေရန် စိုက်ခင်းအစိုဓာတ် မပြတ်စေရေးနှင့် လိုအပ်ပါက အမိုးအကာပြုလုပ်ပေးရန် လိုအပ်ပါသည်။
 
နေလှန်းဆားလုပ်ငန်းများ (ဧရာဝတီ၊ မွန်) မိုးရွာသွန်းမည့် အန္တရာယ်ကင်းစင်ပြီး နေ့အပူချိန်မြင့်မားကာ လေတိုက်ခတ်မှု ကောင်းမွန်နေမည်ဖြစ်ရာ ဆားကွင်းကျင်းပြင်ခြင်း၊ ရေတင်ခြင်းနှင့် အငွေ့ပျံနေလှန်းဆားချက်လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် စတင်ဆောင်ရွက်နိုင်ပါသည်။
 
၃။ နိုဝင်ဘာ ၂၄ မှ ၃၀ ရက်အတွင်း နေ့စဉ်နှင့် စုစုပေါင်းရွာသွန်းနိုင်သော မိုးရေချိန် (mm) ဇယား - (METEOBLUE IFSENS-20 Global Model နေ့စဉ်မိုးရေချိန်မြေပုံများအရ အများဆုံးမှ အနည်းဆုံးသို့ စီစဉ်ထားပါသည်)


“နေ့စဉ်မိုးရေချိန် ၂၅ မီလီမီတာ = ၁ လက်မ အထိ မိုးရွာသွန်းနိုင်သည့် ရက် မရှိပါ”

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်သည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မိုးလေဝသ

မိုးလေဝသ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ပဲပင် အညှိရောင် သန်ပြီး ပင်သေဝင်နေတယ် သံချေး လား ဘယ်တီးရီးယား ကြောင့်လား

ကျော်ထွေး • ဖြေကြားချက် 0 ခု

ဒီပဲပင်အရွက်‌‌ခြောက်ပြီး‌သေချင်တယ် အရောင်ကလည်းအညှိရောင်းသန်တယ် သံချေးလား ဘယ်တီးရီးလား အထလည်းနှေးတယ် ဘာဖြစ်တာလဲ

ကျော်ထွေး • ဖြေကြားချက် 0 ခု

ဆောင်းရာသီးမှာဘာမျိုးစိုက်မလဲ

ခင်မောင်ဦး • ဖြေကြားချက် 0 ခု

ကျွန်တော်ဖက်က ဆိတ်ခြံမှာ ဆိတ်ပေါက်လေးတွေ ဒေသကတော့ အအေးမိပြီး သေတယ်ပြောပါတယ် နောက်ထပ် မဖြစ်အောင် ဘယ်လိုမျိုး လုပ်ရမလဲဆိုတာ ပြောပေးပါဦးနော် ကျေးဇူးပါ

kyaw linn aung • ဖြေကြားချက် 0 ခု

ပဲကျဲပြီး 18ဗန်းနဲ့ 2စက် ထွန်လိုက်ပါတယ် တချို့နေရာတေက ထယ်ဖက်တေကြီးသွားလို့ ပေါက်နိုင်ပါ့မလား ဆရာခင်ဗျ ပဲတီစိမ်းပါ

ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။