တောင်သူတို့အတွက် မားကတ်တင်း
ဖွံ့ဖြိုးဆဲနိုင်ငံတွေက ကျေးလက်နေပြည်သူတွေဟာ မိမိတို့အစားအစာအတွက် မိမိတို့ဘာသာ စိုက်ပျိုးထုတ်လုပ်လေ့ရှိကြပါတယ်။ ဒါပေမယ့် အိမ်ထောင်စုတစ်ခုဟာ အစားအသောက်ရှိရုံနဲ့တင် မပြီးသေးပါဘူး။ အဝတ်အစား၊ ကလေးကျောင်းလခစတာတွေ ပေးချေဖို့ ငွေကြေးလိုအပ်ပါတယ်။ ဒီတော့ သူတို့ဟာ အခြေခံသီးနှံထုတ်လုပ်ရေးအပြင် ဘေးပေါက်အလုပ်တွေကိုလည်း လုပ်ပြီး ဝင်ငွေရှာကြရပါတယ်။ အဲဒီအလုပ်တွေထဲမှာ ဝင်ငွေရသီးနှံ (cash crops) စိုက်တာ၊ လက်မှုပစ္စည်းတွေ လုပ်တာကနေ မုန့်ပဲသရေစာ လုပ်ရောင်းတာအထိ ပါဝင်နိုင်ပါတယ်။ ဒီအလုပ်တွေကနေ ရရှိလာတဲ့ ဝင်ငွေဟာ အိမ်ထောင်စုများစွာအတွက် အလွန်ပဲ အရေးပါပါတယ်။ ဒီငွေလေးတွေကပဲ သူတို့ကို လူနေမှုအဆင့်အတန်း အထိုက်အလျောက် မြင့်မားလာစေအောင် ကူညီပေးနေတာကြောင့်ပါ။ ဒါပေမယ့် အမြတ်ကျန်အောင် လုပ်တတ်ဖို့တော့ လိုအပ်ပါတယ်။ ဒါမှသာ လုပ်ရကျိုးနပ်ပြီး မိသားစုဝင်ငွေကို အထောက်အပံ့ဖြစ်စေမှာပါ။
တောင်သူအိမ်ထောင်စုတစ်ခုဟာ မိသားစုစားဖို့ထက်ပိုတဲ့ သီးနှံပမာဏကို ထုတ်လုပ်လာပြီဆိုတာနဲ့ ပိုတာကို ရောင်းချဖို့ အရောင်းအဝယ်ကိစ္စနဲ့ ပတ်သက်လာရပါတယ်။ အဲဒီလို သီးနှံရောင်းချမှုဆိုင်ရာလုပ်ငန်းရပ်တွေ အားလုံးဟာ ယခု ပြောမယ့် “မားကတ်တင်း” ရဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ ဒီဆောင်းပါးဟာ မိသားစုစားဖို့တင်မက ဈေးကွက်တင်ရောင်းချဖို့ပါ သီးနှံထုတ်လုပ်နေတဲ့ တစ်ပိုင်တစ်နိုင်တောင်သူလယ်သမားတွေအတွက် ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။
ဒီဆောင်းပါးခေါင်းစဉ်အောက်မှာ သီးနှံဈေးကွက် ဘယ်လိုလည်ပတ်သလဲ၊ တောင်သူတွေအနေနဲ့ ဈေးကွက်အသိပညာကို အသုံးချပြီး ဝင်ငွေပိုမိုရရှိအောင် ဘယ်လိုလုပ်ဆောင်နိုင်မလဲဆိုတာတွေကို ရှင်းပြထားပါတယ်။ နောက်ပြီး ဝင်ငွေကောင်းခြင်း၊ မကောင်းခြင်းအပေါ် လုပ်ငန်းစီမံခန့်ခွဲပုံက အဆုံးအဖြတ်ပေးတာကြောင့် ဒီဆောင်းပါး ဒုတိယပိုင်းမှာ စိုက်ပျိုးရေးလုပ်ငန်းစီမံခန့်ခွဲမှုနဲ့ ပတ်သက်လို့ ရှင်းပြထားပါတယ်။
ဈေးကွက်အတွက် ရည်ရွယ်ပြီး သီးနှံထုတ်လုပ်တာဟာ စိတ်ဝင်စားစရာကောင်းတဲ့အလုပ် ဖြစ်ပေမယ့် အရဲစွန့်ရတာတွေလည်း တစ်ပါတည်းပါလာပါတယ်။ တောင်သူတစ်ယောက်ဟာ ဝင်ငွေရသီးနှံချည်း ဒါမှမဟုတ် စားသောက်ကုန်မဟုတ်တဲ့သီးနှံချည်း ရွေးချယ်စိုက်ပျိုးမယ်ဆိုရင် မိသားစုစားစရာ အသီးအနှံမရှိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဈေးကွက်တင်ရောင်းချရေး ရည်ရွယ်ချက်တစ်ခုတည်းနဲ့ စိုက်ပျိုးတာမျိုးမဟုတ်ဘဲ မိသားစုဝမ်းစာဖူလုံရေးကိုလည်း အမြဲတစေ ဦးစားပေးသင့်ပါတယ်။

သီးနှံတစ်မျိုးကို ဈေးကွက်တင်ရောင်းချခြင်း (မားကတ်တင်း) ဟာ သီးနှံထုတ်လုပ်ရေးနဲ့ ကွာခြားပါတယ်။ ရောင်းချခြင်းနဲ့ ထုတ်လုပ်ခြင်းနှစ်ခုမှာ သီးခြား အသိပညာ၊ ဗဟုသုတတွေ လိုအပ်ပါတယ်။ သီးနှံထုတ်လုပ်တာ တော်တဲ့ တောင်သူတစ်ယောက်ဖြစ်တိုင်း သီးနှံရောင်းချရာမှာ တော်မယ်လို့ ပြောလို့မရပါဘူး။
ဈေးကွက်မှာ သီးနှံကို ရောင်းချတော့မယ့် တောင်သူတစ်ယောက်ဟာ ကုန်သွယ်ပွဲစားတွေ၊ စားသုံးသူတွေနဲ့ ထိတွေ့ဆက်ဆံလာရပါတယ်။ သူဟာ သီးနှံရောင်းလိုအား၊ ဝယ်လိုအား၊ ဈေးနှုန်း အစရှိတဲ့ ဈေးကွက်ဆိုင်ရာတွေ သိရှိထားဖို့ လိုအပ်ပါတယ်။
နောက်တစ်ပိုင်းမှာ ဈေးကွက်ဆိုင်ရာ အချက်အလက်တွေကို ဖော်ပြပေးသွားပါ့မယ်။
ဝေယံဟိန်း (B.Ag)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
kozay
လွန်ခဲ့သော ၆ လ ကတင်ပြတာကောင်းပါတယ်
Yemin
လွန်ခဲ့သော ၃ နှစ် ကဖရဲရွက်ထွင်းဘာဆေးသုံးရမလဲ
ဦးကျော်သူနိုင်
လွန်ခဲ့သော ၃ နှစ် ကup
Kyaw Lwin
လွန်ခဲ့သော ၃ နှစ် ကဆက်လက်ဖော်ပြပေးပါအုံးဗျ တကယ့်ကိုကျေးဇူးတင်ပါတယ် ကျွန်တော်တို့အခြေခံတောင်သူတွေမကျွမ်းကျင်သေးပါဘူး ဈေးအမြဲ အနှိမ်ခံရပါတယ် မြေပဲ ပဲစင်းငုံ နှမ်း အဓိကစိုက်ပါတယ်
ဆက်စပ်မေးခွန်းများ
ဆရာရေ မိုးအရမ်းရွာပီဗျို့ 6 နာရီကနေ 6:30 ထိအတော် သည်းတာဆရာ အခု 7:30 မှာ မိုးထပ်ရွာတယ် မိုးစွေလောက်တယ်ဆရာ မိုးမရွာလို့ ဂရမ်းဖျန်းပီးပစ်ထားတာ တစ်ပတ်လောက်ရှိနေပီဆျာ
U Yan • ဖြေကြားချက် 1 ခု
ဆရာမိုးရွာတော့မလားခင်ဗျ ခရမ်းချဥ်ပင်တွေလဲရေအတော်လေးလိုနေပြီ အသီးတွေကမကြီးနိုင်အပင်တွေလဲနွမ်းလျပီ ချောက်မြို့နယ်
U Yan • ဖြေကြားချက် 2 ခု
ဆရာရေ သီးလိုက်တာမပြောနဲ့ဗျာ စျေးကတော့ တက်ပီးရင်းတက်ပဲ တစ်ပိဿာ ၅၀၀၀ ကျော်နေပီဗျာ မတလဇီက Exp date ဖြစ်သွားလို့ ဂရမ်းတစ်မျိုးတည်းဖျန်းခဲ့တယ်ဗျ အတော်လေးသီးပါတယ်ဗျာ တစ်ရက်ခြံတစ်ခါ ၄ ပတ်ခူး 115 ပိဿာရသွားပါပြီ ဒါလောက်ခူးတာကိုအပင်ပေါ်မှာ လျှော့သွားတယ်မထင်ရဘူးဆျာ အတော်လေးကျန်တေးတယ်ဗျ ဖြစ်နိုင်ရင်လေဆျာ နောက်တစ်လှိုင်းလောက်တော့ နောက်တစ်သုတ်လောက်တော့ လိုချင်လိုက်တာဆရာရယ် အပွင့်လေးတွေတော့လိုက်တော့လိုက်လို့ပါဆရာ
U Yan • ဖြေကြားချက် 3 ခု
လက်ဖက်စိုတန်ဖိုးမြင့်ထုတ်လုပ်နည်းအတွက်လိုအပ်ချက်လေးတွေသိချင်ပါတယ်
Aung Ko Htet • ဖြေကြားချက် 2 ခု
ဆရာရေ ခရမ်းချဥ်စျေးကတော့ ဒီနှစ်အတွက်စံချိန်သစ်တင်ပါပြီ တစ်ပိသာ 5000 စျေးထိ ဒီနေ့ တက်လာပါတယ်ခင်ဗျ အပင်ရေ 500 ကို ပင်မှည့်နှစ်ပတ်ခူး 48 ပိဿာ ခူးပြီးပါပြီ အဲ့တူန်းက 3000 စျေးရောင်းရပါတယ် ဒီနေ့မှာတော့ စံချိန်သစ် 5000 စျေး စရောင်းရပါပြီဗျ ကုန်ချိန် တစ်ပင် တစ်ပိဿာ နှုန်းပဲ အနည်းဆုံးထားတွက်ကုန်တော့ ကုန်ချိန် 300 / 400 ကတော့ အခုအသီးပုံနဲ့စာရင် ပြေးမလွတ်ဘူးလို့ ထင်မိပါတယ် သူများတွေလို အပင်ရေများများမဟုတ်ဘဲ ကျွန်တော်တို့ဒေသနဲ့ကိုက်ညီတဲ့ အပင်ရေ 500 ဆိုတာကလဲ မနည်းဘူးလို့ထင်မိပီး ဝမ်းသာပီတိဖြစ်ရပါတယ်ခင်ဗျ ဆရာတို့ရဲ့လမ်းညွှန်ချက်တွေကလဲ အတော်လေးကောင်းမွန်လှပါတယ်ဗျ
U Yan • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023