တွေ့ရနည်းလာတဲ့ ရှိခိုးကောင်လေးတွေအကြောင်း
ဦးကြီးတို့အားလုံး မင်္ဂလာပါဗျ။
ဦးကြီးတို့အားလုံး ရှိခိုးကောင်လေးများကို မြင်ဖူးကြမယ်လို့ထင်ပါတယ်။ အချို့သော တောင်သူများသည် ရှိခိုးကောင်ကို သီးနှံဖျက်ပိုးလား၊ သီးနှံဖျက်ပိုးများကို စားသောက် ဖျက်ဆီးပေးသော သားရဲကောင်လားဆိုတာကို သေသေချာချာမသိကြသေးပါ။ ထို့ကြောင့် ရှိခိုးကောင်လေးများ အကြောင်းကို ဆက်လက်လေ့လာကြရအောင်။
ရှိခိုးကောင်လေးများသည် သီးနှံများတွင် ကျရောက်သော ပိုးမွှားများကို စားသောက် ဖျက်ဆီးပေးသည့် အသားစားသတ္တဝါဖြစ်ပါသည်။ ရှဥ်ခိုးကောင်သည် မျိုးရင်း Arthropoda ထဲတွင်ပါ၀င်ပါသည်။ ရှိခိုးကောင်များ၏ ဦးခေါင်းသည် တြိဂံပုံသဏ္ဍာန်ရှိပါသည်။ ရှိခိုးကောင်၏ ဦးခေါင်းသည် ၁၈၀ ဒီဂရီလှည့်နိုင်ပါသည်။ ရှိခိုးကောင်တွင် ခြေလက် (၆) ချောင်းပါဝင်ပါသည်။ ထို(၆)ချောင်းထဲမှ ရှေ့(၂) ချောင်း သည် သားကောင်များကို ဖမ်းယူစားသောက်ရာတွင် အသုံးပြုပါသည်။ ရှိခိုးကောင်တွင် တောင်ပံ(၂) စုံပါဝင်ပါသည်။ ရှိခိုးကောင်များသည် ညဘက်တွင်သာ ပျံသန်းကြပါသည်။

နေထိုင်စားသောက်ပုံ
ရှိခိုးကောင်များသည် သူ၏မြင်ကွင်းထဲတွင် ရွေ့လျားနေသော အကောင်လေးများ မြင်သောအခါတွင် သူ၏ဦးခေါင်းကိုလျင်မြန်စွာ လှည့်လိုက်ပြီး သားကောင်ကို ဖမ်းယူရန် ပြင်ဆင်ပါသည်။ ရှိခိုးကောင်လေးများသည် သူတို့၏ ရှေ့လက်နှစ်ချောင်းကို အသုံးပြု၍ သားကောင်ကို ဖမ်းယူစားသောက်ကြပါသည်။ ရှိခိုးကောင်များ၏မျက်လုံးသည် ရှေ့ကိုကျယ် ပြန့်စွာမြင်နိုင်ပါသည်။ ရှိခိုးကောင်များသည် ပေ(၆၀)အထိ သားကောင်များကို လှမ်းမြင်နိုင်ပါ သည်။
ရှိခိုးကောင်လေးများသည် သူနိုင်သော ပိုးမွှားလေးများကို စားသောက်၍ အသက်ရှင် နေထိုင်ပါသည်။ ရှိခိုးကောင်လေးများ စားသောက်ဖျက်ဆီးလိုက်သော ပိုးမွှားလေးများသည် စိုက်ပျိုးသီးနှံများတွင် ကျရောက်ဖျက်ဆီးသော ပိုးမွှားများဖြစ်ကြပါသည်။ ရှိခိုးကောင်လေး များကို ပန်းပွင့်နေသောအပင်အများစုတွင် တွေ့ရများပါသည်။ ရှိခိုးကောင်လေးများသည် သားကောင်ဖမ်းယူရာတွင် သူ့ကိုယ်သူ မလှုပ်မယှက်ဘဲနေ၍ သားကောင်ကို ချောင်းလေ့ရှိပါသည်။ သူ၏ခန္ဓာကိုယ်မှာလည်း အစိမ်းရောင်ရှိနေသောကြောင့် သီးနှံပင်များ အပေါ်တွင် အလွယ်တကူမတွေ့နိုင်ပါ။ ထို့အပြင် ရှိခိုးကောင်လေးများသည် သားကောင်ဆီသို့ တိတ်ဆိတ် ငြိမ်သက်စွာ ခြေလုံလက်လုံသွားပြီး ဖမ်းယူနိုင်ပါသည်။
ရှိခိုးကောင််လေးများသည် အင်းဆက် များ၏ ဥများ၊ ပျများ၊ ဖြုတ်များ၊ ခြင်များ၊ အင်းဆက်သားလောင်းများ (စိတ်တိုကောင်)၊ အခြားသော အင်းဆက်ငယ်များ၊ ပုရစ်များ၊ ဖလံများ၊ ခန္ဓာကိုယ်ပျော့သော အကောင်များ စသည့် တို့ကို စားသောက်၍ နေထိုင်ပါသည်။ အချို့အကောင်ကြီးသော ရှိခိုးကောင်များသည် အိမ် မြောင်၊ ဖား၊ ငါး၊ ငှက်အသေးလေးများကိုပင် ဖမ်းယူစားသောက်ဖျက်ဆီးနိုင်ကြပါသည်။ ရှိခိုး ကောင်လေးများသည် အစားမစားဘဲ နှစ်ပတ်ထိနေနိုင်ကြပါသည်။ သူတို့၏ ဘဝတစ်လျှောက်လုံးတွင် အင်းဆက်အကောင်ပေါင်း (၈၀၀) မှ (၁၀၀၀) ထိဖမ်းယူစားသောက်နိုင်ပါသည်။ ရှိခိုးကောင်တစ််ကောင်သည် တစ်ရက်တွင် အင်းဆက်များ (၇) ကောင်ထိ ဖမ်းယူစားသောက်နိုင်ပါသည်။
မျိုးပွားခြင်း
ရှိခိုးကောင်လေးများသည် အများသောအားဖြင့် ဆောင်းရာသီတွင် မိတ်လိုက်ကြပါ သည်။ သို့သော်လည်း တစ်နှစ်ပတ်လုံး မိတ်လိုက်နိုင်ကြပါသည်။ ရှိခိုးကောင်အမတစ်ကောင် သည် ဥအိမ်လေးပြုလုပ်ပြီး မျိုးစိတ်ပေါ်မူတည်၍ ဥအိမ်ထဲသို့ ဥ ၁၀ မှ ၄၀၀ ကြားဥနိုင်ပါသည်။ ရှိခိုးကောင်၏ ဘဝတစ်လျှောက် တွင် အဆင့် (၃) ဆင့် ခွဲခြားထားပါသည်။
၄င်းတို့မှာ ဥအဆင့်၊ ပိုးတုံးလုံးအဆင့်၊ အကောင်ကြီး အဆင့်တို့ ဖြစ်ကြပါသည်။ ဥများသည် အပူချိန်ပေါ်မူတည်၍ ၃ ပတ်မှ ၆ ပတ်အတွင်း အကောင်ပေါက်ကြပါသည်။ ပိုးတုံးလုံးအဆင့်သည် အကောင်ကြီးနှင့် အရောင်မတူပါ။ အကောင်ကြီးဘဝသို့မရောက်မီ ပိုးတုံးလုံးအဆင့်တွင် အရေခွံ ၅ ကြိမ်မှ ၁၀ ကြိမ် အထိလဲပါသည်။ ရှိခိုးကောင်များ၏ ဘဝတစ်လျှောက်လုံးသည် မျိုးစိတ်အပေါ်မူတည်၍ ၁ လမှ ၆ လအထိ ကြာနိုင်ပါသည်။
ရှိခိုးကောင်များသည် ပိုးမွှားများနှိမ်နှင်းရာတွင် အလွန်အရေးပါသော အကောင်ဖြစ်ပါ သည်။ ထို့အပြင် ယနေ့ခေတ်တွင် ပိုးသတ်ဆေးများအသုံးမပြုဘဲ သြဂဲနစ်စိုက်ပျိုးရေးနှင့် ပိုးသတ်ဆေးလျော့သုံးသော GAP စိုက်ပျိုးရေးစနစ်တို့အတွက် အလွန်အရေးပါသော အကောင် တစ်ကောင်ဖြစ်ပါသည်။ ရှိခိုးကောင်လေးများ၏ ဥအိမ််လေးများတွေ့သောအခါ မိမိတို့စိုက်ခင်း အတွင်းသို့ ယူဆောင်၍ မွေးမြူနိုင်ပါသည်။ ထို့ကြောင့် ဦးကြီးတို့အနေနဲ့ ရှိခိုးကောင်သည် တောင်သူဦးကြီးတို့အတွက် မိတ်ဆွေပိုးဟု သိပြီဖြစ်ပါသည်။ ထို့ကြောင့် ဦးကြီးတို့၏ စိုက်ခင်းထဲတွင် ပိုးသတ်ဆေးများ လျော့သုံး၍ ရှိခိုးကောင်လေးများ များများမွေးမြူကြပါရန် တိုက်တွန်းလိုက်ရပါသည်။
ချမ်းသာဦး
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်
ဆက်စပ်မေးခွန်းများ
ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။
Nyi M Htet • ဖြေကြားချက် 2 ခု
စပါးက အနှံပြူနေပါပီ ရေမရှိတော့ဘူး မြေကစိုနေရင် အဆေ့အဆန် ပြည့်၀နိင်သလား အမှော်အဖျင်း များမလား ဆရာ
နံပတ်2 • ဖြေကြားချက် 3 ခု
စပါးကျဲခင်း၁၀ရက်သားဘယ်ပေါင်းသက်ဆေးသုံးရမလဲ။
u win zaw • ဖြေကြားချက် 1 ခု
ရောဂါကျနေ့အရွက်တွေကို အခုလို ပုံအတိုင်း ညှပ်ချလိုက်ပါတယ် တတန်းဘဲဘညှပ်ရသေးပါတယ် ညှပ်သင့် မညှပ်သင့် အဖြေကိုပြောပေးစေ လိုပါတယ်
ရှိုင်းထက်အောင် • ဖြေကြားချက် 3 ခု
တောင်ပပေါ်သားမျိူးပါဆရာ ခရမ်းချဉ် 3ပတ်ဘဲခူးရသးတယ် ရောဂါဆိုးဝါးဝါးကျနေလို့ပါ တခင်းလုံးတော့မဟုတ်ပါဘူး ခရမ်းချဉ်ဈေးလည်းကောင်းနေတာ့ အပင်ဆက်ထိန်းထားချင်လို့ပါ ကုလိုရနိုင်ပါသလား
ရှိုင်းထက်အောင် • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from မောင်ချမ်းသာဦး
အားလုံး
ဥယျာဥ်မှူးများအတွက် သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်း
08/01/2021
မြေအောက်ရေထုတ်ယူသုံးစွဲမှု လျော့ချ၍ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစို့
23/12/2020
ကောက်ရိုးများကို မီးမရှို့ဘဲ အကျိုးရှိရှိအသုံးချနည်း
16/12/2020
ငှက်ပျောပင်သက်တမ်းတစ်လျှောက် လိုအပ်သောအာဟာရဓာတ်များ
03/12/2020
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ဓာတုဆေးများအသုံးပြုမှု
18/11/2020