ပေါင်းဆိုသည်မှာ မြက်လို့ခေါ်သလား (အသံဖြင့် နားဆင်နိုင်ပါသည်)
"စိုက်ပျိုးပညာ မျှဝေရာ" အစီအစဉ်ဖြစ်ပါတယ်။
ဒီအစီအစဉ်ကို ENI ဖောင်ဒေးရှင်း၏ကူညီထောက်ပံ့ပေးမှုဖြင့် မကွေး၊ မင်းလှနှင့် မြို့သစ်ဒေသများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းအတွက် PC Myanmar မှ ထုတ်လွှင့်ပေးတာဖြစ်ပါတယ်။
ပေါင်းပင်အမျိုးအစားများခွဲခြားခြင်း၊ ပေါင်းသတ်ဆေးများကို စနစ်တကျ သုံးနိုင်သည့်အချိန်နှင့် သုံးပုံနည်းလမ်းများကို စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ၊ ပေါင်းဌာနစုမှ ဒုဦးစီးမှူး ဆရာကြီး ဦးစတင်အောင်စိုး ကဆွေးနွေးပေးသွားတာဖြစ်ပါတယ်။
အစိမ်းရောင်လမ်းဦးကြီးတို့ အကျိုးတစ်စုံတစ်ရာဖြစ်စေဖို့ ဝင်ရောက်လေ့လာကြည့်ပါနော်။
ဇွဲထွဋ်ခေါင်
လွန်ခဲ့သော ၄ နှစ် ကEMအလွယ်တစ်ကူးဘယ်လိုလုပ်ရသလဲ့
Thein Soe Min
လွန်ခဲ့သော ၆ နှစ် က@Zaw Naing Win မေးခွန်းတွေအတွက် အမေးအဖြေကဏ္ဍမှာ မေးပေးပါဗျ။ အဲဒါမှ ပညာရှင်တွေဆီ Noti ရောက်မှာမို့ပါ
ZAW NAING WIN
လွန်ခဲ့သော ၆ နှစ် ကနှမ်းကျဲ ပြီးစမြေပေါ်ဖျန်းဆေးကို ဘာဆေးသုံးရမလဲ ခင်ဗျ
ZAW NAING WIN
လွန်ခဲ့သော ၆ နှစ် ကမြက် မုံညင်းကို ဘာဆေး နှိမ်နင်းရမလဲ ဆရာ
Thein Soe Min
လွန်ခဲ့သော ၆ နှစ် ကပေါင်းအမျိုးအစားသိမှ ပေါင်းသတ်ဆေးကို ရွေးချယ်ဝယ်ယူနိုင်မှာပါ။
နည်းပညာမိတ်ဖက်အဖွဲ့
PC Myanmar
PC Myanmar Progetto Continenti သည် အီတလီအခြေစိုက် အဖွဲ့အစည်းတခုဖြစ်ပြီး အီတလီတွင် ၁၉၈၉မှ စတင် တည်ထောင်သည်။ မြန်မာနိုင်ငံရုံးခွဲဖြစ်သည့် Progetto Continenti – Myanmar အနေဖြင့် လုပ်ငန်းဆောင်တာများကို ၂၀၀၃ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့သည်။ PC Myanmar သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာရေးထိုးခဲ့သည်။ PC Myanmar အနေဖြင့် လူထုပါဝင်မှုကို တိုးမြှင့်စေသည့် နည်းလမ်းနှင့် ဒေသတွင်း အဖွဲ့အစည်းများဖြင့် အတူတကွ လုပ်ဆောင်ခြင်းနည်းလမ်း စသည်အားဖြင့် ဒေသတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေခြင်းအားဖြင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သည်။ ရေရှည်ဖွံ့ဖြိုးတိုးတက်ခြင်းသည် PC Myanmar ၏ အဓိကရည်ရွယ်ချက်လမ်းကြောင်းဖြစ်ကာ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရာတွင် စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အလုံးစုံ ရေရှည်ဖွံ့ဖြိုးမှုကို ဦးတည်သည်။ ရေရှည်ဖွံ့ဖြိုးတိုးတက်ခြင်းအတွက် အရေးကြီးသောဒေသတွင်း လူထုအခြေပြုအဖွဲ့အစည်းများ နှင့် ကျေးရွာအခြေစိုက် အခြေခံအဖွဲ့အစည်းများကို အရည်အသွေး မြှင့်တင်ပေးခြင်း အားဖြင့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်လျှက် ရှိပါသည်။ စီမံကိန်းများ အကောင်အထည်ဖော်ရန် ဦးတည်သည့်ဒေသမှာ အပူပိုင်းဒေသဟု လူသိများသော မကွေးဒေသပင် ဖြစ်သည်။ ဦးတည်သည့် စီမံချက်များမှာ အသက်မွေးမှု (ရေရှည်ဖွံ့ဖြိုးသော စိုက်ပျိုးရေးနှင့် တောင်သူအသင်း အဖွဲ့များအား ကူညီထောက်ပံ့ခြင်း) နှင့် အစားအသောက် ဘေးကင်းလုံခြုံမှု၊ ရေရှိမှု (သောက်သုံးရေ ရရှိအောင် အကူအညီပေးခြင်းနှင့် အဆိုပါရေအရင်းအမြစ်စီမံခန့်ခွဲခြင်းကို ကျေးရွာလူထုကိုယ်တိုင်စီမံခန့်ခွဲနိုင်ရန် ကူညီ ပေးခြင်း)နှင့် တကိုယ်ရည် သန့်ရှင်းမှုဆိုင်ရာ အသိပညာပေးမှု၊ ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများကို စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း ( ဒေသတွင်း NGOများ၊ CBOများကို စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း) တို့နှင့် ကျန်းမာရေးကဏ္ဍမြှင့်တင်ခြင်း (အာဟာရလိုအပ်ချက်များနှင့် ပတ်သက်ပြီး အသိပညာပေးမြှင့်တင်ခြင်း၊ ထောက်ပံ့ခြင်း၊ မိခင်နှင့် ကလေး ပြုစုစောင့်ရှောက်ခြင်းအတွက် ကူညီထောက်ပံ့ပေးခြင်း) ပင် ဖြစ်သည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နွေစပါး ရက်၉၀မျိုးစိုက်ပျိုးမှာဖြစ်လို့ မြေဩဇာထည့်ရမည့်အမျိုးအစားများနှင့် ထည့်ရမည့်ရက်၊ နှုန်းထားများဖော်ပြပေးပါ
ဦးငြိမ်းချမ်း • ဖြေကြားချက် 2 ခု
ပဲပုပ်ကို အဆီဖိတ်+Born+P+K တွဲဖျန်းထားတာ အပင်တေကုတ်ပြီးလဲသွားတယ် အပင်ပြန်လန်းလာအောင် အမိုင်နို့အက်စစ် ဖျန်းထားပါတယ် အရမ်းကြီးမသိသာသေးဘူးဖြစ်နေတယ် ဘာဆေးပြန်ဖျန်းရမလဲ ညွှန်ပေးပါအုံး
zayyy zayya • ဖြေကြားချက် 3 ခု
ကန်ဇွန်းပင် အရွက်တွေဝါတာ ဘာကြောင့်လဲ ဆိုတာ ဖြေကြားပေးပါဦးခင်ဗျ
Thet Paing Oo • ဖြေကြားချက် 3 ခု
ဆောင်းရာသီးမှာဘာမျိုးစိုက်မလဲ
ခင်မောင်ဦး • ဖြေကြားချက် 1 ခု
ဆင်းသုခစပါး သက်တမ်း 40 မှာ ရွက်ဖျား 1 လက်မခြောက်နေလို့ဗျ ရောဂါလား ဆေးဖြန်းဖို့လိုရင် ဘာဆေးတွေ သုံးရမလဲ လမ်းညွှန်ပေးပါအုံးဗျ
မောင်မြတ်မင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ပဲပုပ်ပင်လိုအပ်သော အာဟာရများ
26/11/2026
ရှမ်းမြောက် လမ်းကြောင်းမှ တရုတ်နိုင်ငံသို့ ဖရဲသီး စတင် တင်ပို့နေ
26/11/2026
ပင်လယ်စပျစ်သီး၏ ထူးခြားသောသဘာဝနှင့် ဂေဟစနစ်အတွက် အကျိုးပြုပုံ
25/11/2026
၂၀၂၇ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ ပြင်းထန်သော အပူချိန် စံချိန်တင်နိုင်ခြေရှိ
24/11/2026
ဝါးစိုက်ပျိုးရေးနှင့်ကာဘွန်ခရက်ဒစ် (အပိုင်း - ၁)
24/11/2026
More from Green Way
အားလုံး
ဗီဒီယို
ကုန်ကျစရိတ်သက်သက်သာနဲ့ နှစ်ပတ်အကြာမှာ စတင်အသုံးပြုနိုင်တဲ့ စူပါဘိုကာရှီ
16/11/2026
ဗီဒီယို
GPS မဖွင့်ဘဲ မိုးလေဝသ ကြည့်လို့ရပြီ
06/11/2026
ဗီဒီယို
ပေါင်းစပ်လယ်ယာစနစ်: လယ်ယာလုပ်ငန်းများ ပေါင်းစပ်ခြင်းမှ ရေရှည်တည်တံ့သော အကျိုးကျေးဇူးများဆီသို့
03/11/2026
အဘိဓမ္မာအခါတော်နေ့ဆုတောင်း (မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်)
26/10/2026
အစိမ်းရောင်လမ်းကို ကူညီပံ့ပိုးနေသော ဆရာ၊ ဆရာမများသို့
26/10/2026