အပင်နာခြင်း သို့မဟုတ် နလန်ထူနှေးခြင်း
ဦးကြီးတို့အားလုံး မင်္ဂလာပါဗျ။
ဦးကြီးတို့သီးနှံများ စိုက်ပျိုးကြရာတွင် အစေ့ကို တိုက်ရိုက်စိုက်ပျိုးခြင်း၊ ပျိုးထောင်၍ စိုက်ပျိုးခြင်း၊ ကိုင်းကူး၍ စိုက်ပျိုးခြင်း စသည်ဖြင့် စိုက်ပျိုးကြပါသည်။ ထို့သို့စိုက်ပျိုးရာ၌ ပျိုးထောင်၍စိုက်ပျိုးသော အပင်များတွင် အပင်နာခြင်းများဖြစ်ပေါ်ပါသည်။
အပင်နာခြင်း ဆိုတာဘာလဲ?။ အပင်နာခြင်းဆိုသည်မှာ အပင်များကို တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့စိုက်ပျိုးရာ၌ ပျိုးပင်တွင် ဒဏ်ရာတစ်ခုခုရရှိခြင်းကြောင့် သို့မဟုတ်် ပတ်ဝန်းကျင်အခြေအနေမပေးခြင်းကြောင့် ပြောင်းရွေ့စိုက်ပျိုးလိုက်သော နေရာသစ်တွင် နေသားမကျဘဲဖြစ်နေခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့လူသားများတောင် နေရာအသစ်တစ်ခုသို့ပြောင်းသွားလျှင် ထိုပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် နေနိုင်အောင် ကြိုးစားကြရပါသည်။ အပင်များသည်လည်း ထို့သို့ကြိုးစားကြရပါသည်။
ဆောင်းရာသီရောက်တော့မယ်ဆိုတော့ ဆောင်းသီးနှံများ စိုက်ပျိုးရန် ပြင်ဆင်နေကြပြီလို့ ထင်ပါသည်။ ဆောင်းရာသီတွင်စိုက်ပျိုးသော သီးနှံအများစုသည် ပျိုးထောင်၍ စိုက်ပျိုးသော သီးနှံများဖြစ်သောကြောင့် အပင်နာခြင်းများကို အတတ်နိုင်ဆုံး လျှော့ချနိုင်ရန် လိုအပ်ပါသည်။
အပင်နာခြင်းကို ဘယ်လိုလျော့ချမလဲ
ပျိုးပင်များ ပြောင်းရွှေ့စိုက်ပျိုးရာတွင် အမြစ်များကို ထိခိုက်မှုမရှိအောင် ပြောင်းရွှေ့ စိုက်ပျိုးရပါမည်။ အပင်တိုင်း၏ အမြစ်အဖျားကလေးသည် ရေနှင့် အာဟာရဓာတ်များကို စုပ်ယူပေးသော အဓိကနေရာဖြစ်ပါသည်။ ထို့ကြောင့် အမြစ်ဖျားတွင် ဒဏ်ရာရသွားပါက အပင်နာခြင်းဖြစ်နိုင်ပါသည်။
ပျိုးပင်များကို နှုတ်၍ စိုက်ပျိုးရာတွင် အမြစ်များများပါအောင်နှုတ်၍ စိုက်ပျိုးပေးသင့်ပါသည်။ အမြစ်များများပါလျှင် အပင်အတွက်လိုအပ်သော ရေနှင့် အာဟာရဓာတ်များကို ပို၍စုပ်ယူပေးသောကြောင့် အပင်မြန်မြန်နလန်ထူစေပါသည်။
ပြောင်းရွှေ့စိုက်ပျိုးသောအပင်များကို ရေအဆက်မပြတ်လောင်းပေးသင့်ပါသည်။ ရေ သည် အပင်တိုင်းအတွက် မရှိမဖြစ်လိုအပ်သောအရာဖြစ်ပြီး အပင်နာခြင်းကို ရှောင်ရှားရာတွင်လည်း ရေလောင်းပေးခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။
ပျိုးအိတ်များဖြင့် ပျိုးထောင်ထားသော အပင်များကို ပြောင်းရွှေ့စိုက်ပျိုးရာတွင် မြေလုံးမပျက်စေဘဲ စိုက်ပျိုးသင့်ပါသည်။ မြေလုံးပျက်သွားပါက အမြစ်များပျက်စီးသွားပြီး အပင်နာခြင်းဖြစ်ပေါ်စေပါသည်။
ပျိုးများနှုတ်ပြီး တစ်နေရာမှတစ်နေရာသို့ ပြောင်းရွှေ့စိုက်ပျိုးသော ကြားအချိန်တွင် လည်း အမြစ်များကို အစိုဓာတ်မပြတ်အောင် ပြုလုပ်ပေးထားရပါမည်။ အမြစ်များ ခြောက်သွားလျှင် အပင်ကိုထိခိုက်စေပြီး အပင်နာသွားနိုင်ပါသည်။
စိုက်ပျိုးသော မြေကြီးကိုလည်း စိုစွတ်အောင် ပြုလုပ်ထားပေးသင့်ပါသည်။
ပတ်ဝန်းကျင်တွင် အပူချိန်များနေလျှင် အပင်ငွေ့ပျံနှုန်းများကာ အပင်နာခြင်းဖြစ်ပေါ်စေပြီး ပတ်ဝန်းကျင်တွင် စိုထိုင်းဆများနေလျှင် အပင်ငွေ့ပျံနှုန်းနည်းကာ မြန်မြန်နလန်ထူ စေပါသည်။ ထို့ကြောင့် ပတ်ဝန်းကျင်အခြေအနေကိုကြည့်၍ ပျိုးထောင်၍ စိုက်ပျိုးသင့်သလား၊ ပျိုးမထောင်ဘဲ မျိုးစေ့ကို တိုက်ရိုက်စိုက်ပျိုးသင့်သလား ဆုံးဖြတ်သင့်ပါသည်။
ပျိုးထောင်ပြီး ပြောင်းရွှေ့စိုက်ပျိုးသောအချိန်တွင် ပတ်ဝန်းကျင်၏ အပူချိန်မြင့်နေပါက အပင်ငွေ့ပျံနှုန်းချော့ချစေရန် အရွက်များကို ခြွေချပေးနိုင်ပါသည်။ ကိုင်းများကိုလည်း လျှော့ချပေးနိုင်ပါသည်။ ချွင်းချက်အနေနှင့် ခရမ်းချဥ်စိုက်ပျိုးသောအခါ ပျိုးခင်းမှနှုတ်လာသည့်အတိုင်း စိုက်ပျိုးပေးရပါမည်။
ပျိုးပင်များကို အကြမ်းခံနိုင်စေရန် ပြောင်းရွှေ့မစိုက်မီ ပျိုးဘောင်တွင်ကတည်းက ပြုလုပ်ပေးရမည်။ ထို့ကြောင့် ပျိုးဘောင်ပေါ်ရှိ ပျိုးပင်များကို ပြောင်းရွှေ့စိုက်ရန် တစ်ပတ်အလိုကတည်းက ရေအနည်းငယ်သာပေးပြီး နေရောင်အောက်တွင် နာရီအနည်းငယ်ထားပေးပြီး အကြမ်းခံအောင် ပြုလုပ်ပေးနိုင်ပါသည်။
အမြစ်သစ်များ မြန်မြန်ထွက်စေရန် အမြစ်ထွက်ဟော်မုန်းများ သုံးပေးနိုင်ပါသည်။
မြေသြဇာကျွေးခြင်းကို ရပ်နားထားသင့်ပါသည်။
ပျိုးပင်ဝယ်ရမည်ဆိုလျှင်လည်း ကျန်းမာသန်စွမ်းသော ပျိုးပင်များကို ရွေးချယ် အသုံးပြုသင့်ပါသည်။
ပျိုးပင်များမှ သေနေသောအစိတ်အပိုင်းများကို ဖယ်ရှားပေးသင့်ပါသည်။
Source
https://www.gardeningknowhow.com/plant-problems/environmental/learn-how-to-avoid-and-repair-transplant-shock-in-plants.htm
တိုးတိုးနိုင်
လွန်ခဲ့သော ၅ နှစ် ကကျနော်ဘူးပင်စိုက်တာ အပင်တက်နှေးနေတယ် အပင်မတက်ဘူကြာနေပြီ အဲတာဘယ်လိုလုပ်ရမလဲဗျ
ဆက်စပ်မေးခွန်းများ
ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။
Nyi M Htet • ဖြေကြားချက် 2 ခု
စပါးက အနှံပြူနေပါပီ ရေမရှိတော့ဘူး မြေကစိုနေရင် အဆေ့အဆန် ပြည့်၀နိင်သလား အမှော်အဖျင်း များမလား ဆရာ
နံပတ်2 • ဖြေကြားချက် 3 ခု
စပါးကျဲခင်း၁၀ရက်သားဘယ်ပေါင်းသက်ဆေးသုံးရမလဲ။
u win zaw • ဖြေကြားချက် 1 ခု
ရောဂါကျနေ့အရွက်တွေကို အခုလို ပုံအတိုင်း ညှပ်ချလိုက်ပါတယ် တတန်းဘဲဘညှပ်ရသေးပါတယ် ညှပ်သင့် မညှပ်သင့် အဖြေကိုပြောပေးစေ လိုပါတယ်
ရှိုင်းထက်အောင် • ဖြေကြားချက် 3 ခု
တောင်ပပေါ်သားမျိူးပါဆရာ ခရမ်းချဉ် 3ပတ်ဘဲခူးရသးတယ် ရောဂါဆိုးဝါးဝါးကျနေလို့ပါ တခင်းလုံးတော့မဟုတ်ပါဘူး ခရမ်းချဉ်ဈေးလည်းကောင်းနေတာ့ အပင်ဆက်ထိန်းထားချင်လို့ပါ ကုလိုရနိုင်ပါသလား
ရှိုင်းထက်အောင် • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from မောင်ချမ်းသာဦး
အားလုံး
ဥယျာဥ်မှူးများအတွက် သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်း
08/01/2021
မြေအောက်ရေထုတ်ယူသုံးစွဲမှု လျော့ချ၍ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစို့
23/12/2020
ကောက်ရိုးများကို မီးမရှို့ဘဲ အကျိုးရှိရှိအသုံးချနည်း
16/12/2020
ငှက်ပျောပင်သက်တမ်းတစ်လျှောက် လိုအပ်သောအာဟာရဓာတ်များ
03/12/2020
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ဓာတုဆေးများအသုံးပြုမှု
18/11/2020