အပင်အရွက်ထိပ်မှာတွေ့ရတဲ့ ရေစိမ့်ထွက်ခြင်း (Guttation) ဆိုတာဘာလဲ ??
မကြာခဏ မနက်စောစော အပင်ရဲ့အရွက်ထိပ်လေးတွေ ပန်းပွင့်ပွင့်ဖတ်လေးတွေ ပင်စည်လေးတွေမှာ ဆောင်းရာသီမဟုတ်ဘဲ နှင်းစက်လေးတွေလို ရေစက်လေးတွေကို အားလုံးတွေ့ဖူးကြလိမ့်မယ်ထင်ပါတယ်။
အဲ့တာဟာ Physiological term အရ Guttation လို့ခေါ်ပါတယ်။ တစ်ချို့က အပင်ငိုခြင်း Crying plant လို့လည်း ခေါ်ကြပါတယ်။
ကဲ ဒါဆို နှင်းစက်နဲ့ Guttation ဖြစ်တာကို ကွဲပြားသွားပါလိမ့်မယ်။ ဘာကြောင့်ဖြစ်လဲ၊ ဘယ်အပင်လေးတွေမှာ အဖြစ်များလဲ ဆက်လက်လေ့လာကြပါစို့နော်။
Guttation ဆိုတာ
အရွက်ထိပ်လေးတွေ ရေစက်လေးတွေထွက်ခြင်းဖြစ်ပါတယ်။ အပင်တစ်ပင်လုံးကို ရေပို့ဆောင်ပေးတဲ့ ရေကြောမှရေလေးတွေဟာ နေ့ဘက်မှာဆိုရင် အပင်ရေငွေ့ပျံခြင်းဆိုတဲ့ transpirationဖြစ်စဥ်အရ စတိုမာလေးတွေမှတစ်ဆင့် ရေလေးတွေ အငွေ့ပျံသော်လည်း ညဘက်မှာဆိုရင် တစ်ချို့အပင်များမှလွဲ၍ အပင်တော်တော်များများက စတိုမာလေးတွေ ပိတ်ကြပါတယ်။ ထိုသို့ပိတ်တဲ့အခါမှာလည်း အမြစ်ထဲမှ ရေတွေများလာတဲ့အခါ အပင်အထက်သို့ ရေနဲ့ သကြားအာဟာရတစ်ချို့ကို ပေးပို့စေပါတယ်။ ထိုအခါ မနက်ခင်းစောစောမှာ နှင်းမဟုတ်တဲ့ ရေစက်လေးတွေဖြစ်စေတာပဲဖြစ်ပါတယ်။ ဒါကို guttation လို့ ခေါ်ပါတယ်။
ဘာကြောင့်ဖြစ်လဲဆိုရင်တော့
အမြစ်ရဲ့ ဖိအားများမယ်၊ ရေငွေ့ပျံနှုန်းနည်းပြီး လေထုစိုထိုင်းစမြင့်တဲ့အခါ ဖြစ်စေပါတယ်။ မနက်ခင်း နေထွက်လာတဲ့အခါ အပင်က active ဖြစ်ပြီး လေထုစိုထိုင်းဆမြင့်တဲ့အတွက် အဓိကတွေ့ရတာပဲဖြစ်ပါတယ်။
အပင်ဆဲလ်တွေထဲမှာ ရေတွေပြည့်နေတဲ့အခါမှာလည်း guttation ဖြစ်စေပါတယ်။ နောက်ထပ်က မြေထဲမှာ မိုးရွာတဲ့အခါ ရေများနေမယ်၊ လေထုစိုထိုင်းဆမြင့်မယ်၊ အပင်အမြစ်က လိုတာထက် ရေပိုစုပ်ယူလိုက်မယ်ဆိုရင် ရေရဲ့သဘောတရားအရ များတဲ့နေရာကနေ နည်းတဲ့နေရာသို့ သွားတာဖြစ်လို့ အပင်အပေါ်ပိုင်းသို့ ရေကြောမှတစ်ဆင့် ရေတွေကို စွန့်ထုတ်တာလည်းဖြစ်ပါတယ်။
အပင်ငယ်လေး (အပင်သက်တမ်း) တွေဟာ အပင်ကြီးတွေထက် ပိုပြီး guttation ဖြစ်တာကိုလည်း တွေရပါတယ်။ အပူပိုင်းဒေသတွေမှာလည်း လေထုစိုထိုင်ဆက အရမ်းမြင့်တဲ့အခါ ရေငွေ့ပျံဖို့ခက်တာဖြစ်လို့ guttation အဖြစ်များတာကိုလည်း တွေ့ရပါတယ် ။
ဘယ်လိုအပင်လေးတွေမှာ Guttation အဖြစ်များလဲ ????
မြက်မျိုးရင်းဝင်အပင်များ၊ ဝါးပင်၊ ငှက်ပျောပင်များလည်းပါပါတယ်။ မကြာခဏ နှင်းကျချိန်မဟုတ်ဘဲ မြက်ခင်းလေးတွေ မနက်စောစောမှာ စိုစွတ်နေတာဟာ Guttation ပဲဖြစ်ပါတယ်။
ဟင်းသီးဟင်းရွက်အပင်များ၊ သစ်သီးပင်များ၊ အလှစိုက်အပင်များ၊ ပန်းပင်များ၊ အိမ်အလှစိုက်ပင်များ၊ သစ်ခွပင်မှာလည်း hyathode cells တွေက အရွက်မျက်နှာပြင်မှာရှိလို့ အရွက်ထိပ်မဟုတ်ဘဲ အရွက်မျက်နှာပြင်လေးတွေမှာ ဖြစ်ပွားကြပါတယ်။
ရှောက် သံပုရာမျိုးနွယ်ဝင်အပင်နဲ့ ထင်းရှုးပင်တွေမှာတော့ Guttation မဖြစ်တာကို တွေ့ရပါတယ် ။ အအေးပိုင်းဒေသတွေမှာရှိတဲ့ အပင်မြင့်တွေမှာက ပိုအေးတာရော အပူပိုင်းထက် ပိုခြောက်သွေ့လွယ်တာရောကြောင့် guttation ဖြစ်ပွားမှုနည်းပါတယ်။
Guttation ဖြစ်တာက အပင်တွေအပေါ် မကောင်းတဲ့အချက်ရှိလား ????
ပုံမှန်အားဖြင့်ကတော့ ဘာမှပြသနာမရှိပါဘူး။ အရွက်ထိပ်ကလေးကနေ ရေတွေက တော်တော်နဲ့အငွေ့မပျံ မခြောက်ဘူးဆိုရင်တော့ ပြသနာနည်းနည်းရှိပါတယ်။ ဘာလဲဆိုရင်တော့ ဒီရေစက်လေးတွေမှာပါတဲ့ သကြားနဲ့ ဆားတစ်ချို့က အရွက်ပေါ်မှာတင်ကျန်ပီး အဖြူရောင် အစက်အပြောက်လေးတွေ ဖြစ်တတ်ပါတယ်။ နောက်ပီး အချိန်ကြာမြင့်စွာစိုနေပါက မှိုတွေပေါက်ဖွားဖို့ လွယ်ကူစေပါတယ်။
စတော်ဘယ်ရီပင်လေးတွေမှာ Guttation ဖြစ်တာကတော့ ကောင်းကျိုးလေးတွေရှိပါတယ်။ ဘာလဲဆိုရင်တော့ အပင်က ကယ်ဆီယမ်ဓာတ်လုံလောက်တယ်ဆိုတဲ့ အဓိပ္ပါယ်ပဲဖြစ်ပါတယ်။ ကယ်ဆီယမ်ဓာတ်ဟာ အပင်ရဲ့ အတွင်းရေစီးကြောင်းမှတစ်ဆင့် အပင်ထိပ်တွေနဲ့ တစ်ပင်လုံးကို ပျံနှံတာကြောင့်ဖြစ်ပါတယ်။
နောက်ထပ်ကတော့ ဒီရေစက်လေးတွေထဲမှာ ကာဗွန်ဟိုက်ဒရိတ်နဲ့ ပရိုတင်းဓာတ်တစ်ချို့ပါတာဟာ အပင်အကျိုးပြု သားရဲအင်းဆက်နဲ့ ကပ်ပါးကောင်လေးများအတွက် အစာလည်းဖြစ်စေတဲ့အတွက် စိုက်ခင်းအတွင်းမှာရှိတဲ့ မိတ်ဆွေပိုးလေးများကို တိုးပွားစေပါတယ်။ organic farm များအတွက် အလွန်အကျိုးရှိစေပါတယ်။ ပျားလေးတွေလည်း သောက်သုံးကြပါတယ်။ ဒါပေမဲ့ ဒီရေစက်ထဲမှာ ဓာတုဆေးနဲ့ ဓာတ်မြေသြဇာဓာတ်ကြွင်းများစွာပါပါက ထိုသတ္တဝါလေးအတွက် ဆိုးကျိုးဖြစ်စေပါလိမ့်မယ်။
ခရမ်းချဥ်မှာဖြစ်ပွားတဲ့ ဘတ်တီးရီးယား canker ရောဂါမှတစ်ဆင့် ပင်ညိုးရောဂါသို့ ဒီလို guttation မှတစ်ဆင့် ပျံ့နှံ့စေပါတယ် ။
ဒီ Guttation ရေစက်လေးတွေထဲမှာ ကိုယ်သုံးလိုက်တဲ့ ဓာတုဓာတ်ကြွင်း၊ အပင်စိုက်တဲ့နေရာရဲ့ ဒေသ၊ ရေ၊ မြေ၊ ရာသီဥတုတွေပေါ်မူတည်ပြီး
- ရေ၊ အာဟာရဓာတ်တွေဖြစ်တဲ့ ပိုတတ်ဆီယမ်၊ ကယ်ဆီယမ်၊ အိုင်းရင်းနဲ့ ဆိုဒီယမ်ဓာတ်များ
- သကြားဓာတ်တွေဖြစ်တဲ့ ဂလူးကိုစ်၊ galactose
– အမိုင်နိုအက်စစ် (ပရိုတင်းဓာတ်)
- ဗိုင်းရပ်၊ ဘက်တီးရီးယား၊ မှို (အပင်ရောဂါဖြစ်နေပါက )
- အသုံးပြုထားသော အဆိပ်ဓာတ်ကြွင်းများပါဝင်ကြလေ့ရှိပါတယ် ။
ဒီလောက်ဆိုရင်တော့ Guttation အကြောင်းလေး တစ်စိတ်တစ်ပိုင်းသိရှိသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Reference.
www.researchgat.net
https://www.nature-and-garden.com/gardening/guttation.html/amp
www.sciencenewsforstudents.org
royalbrinkman.com
byjus.com
wired.com
ဆက်စပ်မေးခွန်းများ
ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။
Nyi M Htet • ဖြေကြားချက် 2 ခု
စပါးက အနှံပြူနေပါပီ ရေမရှိတော့ဘူး မြေကစိုနေရင် အဆေ့အဆန် ပြည့်၀နိင်သလား အမှော်အဖျင်း များမလား ဆရာ
နံပတ်2 • ဖြေကြားချက် 3 ခု
စပါးကျဲခင်း၁၀ရက်သားဘယ်ပေါင်းသက်ဆေးသုံးရမလဲ။
u win zaw • ဖြေကြားချက် 1 ခု
ရောဂါကျနေ့အရွက်တွေကို အခုလို ပုံအတိုင်း ညှပ်ချလိုက်ပါတယ် တတန်းဘဲဘညှပ်ရသေးပါတယ် ညှပ်သင့် မညှပ်သင့် အဖြေကိုပြောပေးစေ လိုပါတယ်
ရှိုင်းထက်အောင် • ဖြေကြားချက် 3 ခု
တောင်ပပေါ်သားမျိူးပါဆရာ ခရမ်းချဉ် 3ပတ်ဘဲခူးရသးတယ် ရောဂါဆိုးဝါးဝါးကျနေလို့ပါ တခင်းလုံးတော့မဟုတ်ပါဘူး ခရမ်းချဉ်ဈေးလည်းကောင်းနေတာ့ အပင်ဆက်ထိန်းထားချင်လို့ပါ ကုလိုရနိုင်ပါသလား
ရှိုင်းထက်အောင် • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from မြတ်စုဝေ
အားလုံး