မတ်ပဲ၊ ကုလားပဲ..နေရာတိုင်းစိုက်မရဘူး။ မြေကျင့်ဖို့လိုတယ်ဆိုတာ တကယ်လား..?
မတ်ပဲက နေရာတိုင်းမှာ စိုက်လို့ မရဘူး။ စိုက်မယ်ဆိုလျှင် အဲဒီ့မြေကို (၂/၃)နှစ် ကျင့်ပြီးမှ စိုက်လို့ရတယ်လို့ အစဉ်အဆက် ပြောနေကြသော စကားရှိနေလေတော့ လူအများက "ဟုတ်မှာပါလေ သူတို့က အစဉ်အဆက် နှစ်ပေါင်းများစွာ စိုက်ပျိုးလာကြတဲ့ လူတွေကိုး"လို့ ဆိုပြီး လက်ခံနေကြပါတယ်။
ထိုအတွေးအခေါ်ကို လက်မခံတဲ့ အတွေးသစ်၊ အမြင်သစ်ရှိ၍ မဖြစ်နိုင်ဘူးလို့ ပြောလာလျှင်တော့ ထိုလူသည် ကမ္ဘာ့အပြင်ဘက်က ရောက်လာသူလိုလို စိုက်ပျိုးရေးအကြောင်း ဘာမှမသိလို့ ဒီအတွေးအခေါ် အပြောအဆို ပြောတယ်လို့ ရှုမြင် သုးသပ်ပြောဆိုနေကြတာကို မျက်မြင် လက်တွေ့ ကြုံခဲ့ရဖူးပါတယ်။
မတ်ပဲပဲလား။ မဟုတ်ပါဘူး။ ကုလားပဲလည်း ပါဝင်နေပါသေးတယ်။
မိမိတို့ လူငယ်ဘဝကလည်း ကုလားပဲအား ဒီအတိုင်း စိုက်လို့မရဘူး။ စိုက်ချင်လျှင် ကုလားပဲ စိုက်ထားသော အကွက်မှ မြေအား တူးစွယူငင်၊ ကြဲပက်ပြီးမှ စိုက်လို့ရတယ်တဲ့။
ဒီတော့ မတ်ပဲစိုက်လျှင် ကျင့်ပြီးစိုက်ရတာ၊ ကုလားပဲစိုက်လျှင် စိုက်ထားသောအခင်းမှ မြေကြီးအား ကြဲပက်ပြီးမှ စိုက်လို့ရတယ်လို့ ပြောတာတွေဟာ သူတို့အနေဖြင့် ရိုင်ဇိုဘီယမ်( Rhizobian) လို့ခေါ်တဲ့ ပဲမြစ်ဖုဘက်တီးရီးယားများ မြေကြီးအတွင်းမှာ မရှိသေးတော့ စိုက်မရဘူးလို့ ယူဆ ပြောဆိုကြတယ်လို့ မိမိအနေဖြင့် သုံးသပ်ပါတယ်။
မိမိအတွေ့အကြုံအရ ရိုင်ဇိုဘီယမ်( Rhizobian) နဲ့ ပတ်သက်ပြီး စောဒက တက်ရလျှင်
ရိုင်ဇိုဘီယမ်( Rhizobian) သည် ပဲပင်သက်တမ်းတလျှောက် နိုက်ထရိုဂျင်ဓာတ် ထုတ်ပေးနိုင်အောင် ရှင်သန်နေနိုင်ရဲ့လား?
ဆိုလျှင် မရှင်သန်နိုင်ပါဘူး။
စိုက်ပျိုးမြေအား ရေသွင်းလျှင်၊ ရေနစ်လျှင် ရိုင်ဇိုဘီယမ်( Rhizobian) များ သေဆုံးသွားတယ် ဆိုတာပါဘဲ။ မြင်ဖူးကြမှာပါ၊
စိုက်ပျိုးထားသော ပဲစိုက်ခင်းများတွင် အစကနဦး အမြစ်များတွင် ပဲမြစ်ဖုများဖြင့် ရှင်သန်ကြီးထွားနေတာ တွေ့နေရသော်လည်း ရေဝပ်ခြင်း၊ ရေသွင်းခြင်းမျိုးများ ဆောင်ရွက်မိလျှင် ပဲမြစ်ဖုများ မရှိတော့ပါ။
ဒီတော့ မတ်ပဲ၊ ကုလားပဲဆိုတာ ရိုင်ဇိုဘီယမ်( Rhizobian) မရှိလျှင် မကြီးထွားနိုင်ဘူး၊ မဖြစ်ထွန်းနိုင်ဘူးဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။
ယခုခေတ်တွင် မတ်ပဲ၊ ကုလားပဲ မစိုက်ဘူးသော မြေတွေမှာ အောင်မြင်စွာ စိုက်ပျိုးနေကြတယ်။ ဖြစ်ထွန်းအောင်မြင်နေတယ်ဆိုလျှင် သင်တို့ လက်ခံနိုင်ပါမည်လား။
မတ်ပဲနှင့် ကုလားပဲအား မြေအာဟာရဖွံ့ဖြိုးသောနေရာ၊ မြေအာဟာရ မဖွံ့ဖြိုးသော်လည်း လိုအပ်သော အာဟာရ ဖြည့်စည်း၍ စိုက်ပျိုးခဲ့ခြင်းကြောင့် မတ်ပဲတွင် ရေဆင်း-၄၊ ရေဆင်း-၄(မျိုးထွန်း)၊ ရေဆင်း-၇ တို့အား မတ်ပဲကြော်သာစားပြီး မတ်ပဲမစိုက်ဖူးကြသော အညာဒေသ မြေကြီးများတွင် နွေသီးနှံအဖြစ် အောင်မြင်စွာ စိုက်ပျိုးနေကြတာတွေကို သိစေလိုပါတယ်။
ကုလားပဲကရော ရေဆင်း-၃(ICCV.2) ခေတ်တွင် အညာဒေသ အောက်တော(မြစ်ရေဝင်ကွင်း) ကြီးတော(မိုးကောင်းစိုက်) တို့တွင် အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့တာတွေက သက်သေပြနေပါတယ်။
ထိုအတူ တစ်ခုမှမစိုက်ဘူးသော မြစ်ရေဝင်ကွင်များတွင် ရေဆင်းထုတ် ကုလားပဲ အဖြူ ၊ အနီ များအား အထွက်နှုန်း ၃၀/၃၅ တင်း အထိ စိုက်ပျိုးထုတ်လုပ်၍နေကြတယ်ဆိုတာကို သိစေချင်ပါတယ်။
လက်ရှိ ကုလားပဲ စိုက်ပျိုးနေကြသူ အများစုသည် ရိုင်ဇိုဘီယမ်( Rhizobian) ခေါ် ပဲမြစ်ဖု ဘက်တီးရီးယားအားအသုံးပြု စိုက်ပျိုးနေကြသူ အလွန်နည်းပါး နေသေးတာကိုတော့ တွေ့နေရပါသေးတယ်။
ဒီတော့ မြေအာဟာရ ဖွံ့ဖြိုးမှုရှိနေသော မြေများတွင် မတ်ပဲစိုက်လို့ရပါတယ်။ ကုလားပဲ စိုက်လို့ရပါတယ်။ မြေကျင့်ရန်မလို၊ မြေကြီး တူးဆွကြဲပက်ရန် မလိုအပ်ပါဟု ပြောပါရစေ။
လက်ရှိပဲတီစိမ်း၊ ကုလားပဲ၊ စိုက်ပျိုးနေသောမြေများတွင် မတ်ပဲကြိုက်နှစ်သက်သော ရာသီဥတုနှင့် သဲနုန်းမြေ၊ နုန်းမြေ၊ စနယ်မြေစေး တို့ကဲ့သို့သော မြေဖြစ်ပါက စိုက်၍ရပါတယ်။ ခရမ်း၊ သုံးခွကဲ့သို့သော ဒေသများတွင်လည်း စိုက်၍ရပါတယ်။
ထိုအတူ အခြားသီးနှံ စိုက်ပျိုးနေသောမြေများတွင် ကုလားပဲ ကြိုက်နှစ်သက်သော ရာသီဥတုဖြစ်သော်လည်း သဲနုန်းမြေ၊ နုန်းသမမြေ၊ စနယ်မြေစေး၊ ရွှံ့စေးနုန်းမြေတို့တွင် စိုက်ပျိုးနိုင်သော်လည်း သဲမြေတွင်မဖြစ်ထွန်းပါဘူး။
မြေအာဟာရ ဖွံဖြိုးမှုရှိသော၊ ရေစီးရေလာ ကောင်းမွန်သော မြေဖြစ်လျှင် ကုလားပဲ စိုက်၍ ရပါတယ်လို့ ဆိုပါရစေ။

ဒီတော့ မတ်ပဲစိုက်ပျိုးသူ အချို့ပြောဆိုနေကြသော မတ်ပဲဖြစ်ထွန်းရန် မြေကွက်အား ၂ နှစ်/၃ နှစ် မြေကျင့်ပြီး စိုက်ရတယ်ဆိုတဲ့ အတွေးအခေါ်အယူအဆ၊ အပြုအမူ လုပ်ရပ်များအား စွန့်လွတ်သင့်ပြီလို့ ဆိုပါရစေ။
မိမိတွေ့မြင်ခဲ့မိတာကတော့
မတ်ပဲဖြစ်ထွန်းရန် မြေကွက်အား ၂နှစ်/၃နှစ် မြေကျင့်ပြီး စိုက်ရတယ်ဆိုပြီး ပြောဆိုနေကြသူများသည် မြေကွက်တွင် မတ်ပဲမျိုးအား ကြဲပက်ပြီး လိုအပ်သော ပြုစုထိမ်းသိမ်းပြီးမှုများ အပြည့်အ၀ မလုပ်ဆောင်ကြဘဲ သာမန်ပြုစု ထိမ်းသိမ်းမှုကိုသာ လုပ်ဆောင်နေကြခြင်းနှင့် အချို့မှာ မတ်ပဲမျိုးကြဲပက်ခြင်း၊ ထွန်ယက်ခြင်းပြုပြီး မည်သည့် ပြုစုထိမ်းသိမ်းမှုမှ မလုပ်ကြတော့ဘဲ ပစ်ထားကြလိုခြင်းကြောင့် ဖြစ်ပါတယ်။
ထိုသို့လုပ်နေမှတော့ သီးနှံထွက်နိုင်ပါဦးမလား၊ မျိုးပြန်ရလျှင်ပင် ကံကောင်းလေ။
မတ်ပဲနှင့် ကုလားပဲတို့၏ အဓိကလိုအပ်သော အာဟာရမှာ N (နိုက်ထရိုဂျင်) ဖြစ်သည်ကို သတိပြုရန်လိုအပ်ပြီး အပင်အတွက် လိုအပ်သော အာဟာရအား အချိန်ကိုက် ထည့်သွင်းပေးရန်လိုအပ်ပါတယ်။
ပဲများအတွက် လိုအပ်သော ရိုင်ဇိုဘီယမ် ပေါက်ပွားအောင် ဆောင်ရွက်ပေးနိုင်လျှင် အောင်မြင်ဖြစ်ထွန်းပြီး တစ်ကြိမ်တစ်ခါမှ မတ်ပဲမစိုက်ဘူးသော အရပ်ဒေသများတွင် ဆောင်းမတ်ပဲ၊ နွေမတ်ပဲများအား အထွက်နှုန်းမြင့်မားစွာဖြင့် အောင်မြင်စွာ စိုက်ပျိုးနေကြခြင်းက အဖြေလို့ ဆိုပါရစေ။
စိုက်ပျိုးရေးလုပ်ဆောင်သူများအနေဖြင့် ရှေးရိုးစွဲအယူအဆများ၊ ငါတို့ လယ်လုပ်ခဲ့တာ ကြာလှပြီ၊ ငါ့အယူအဆ အတွေ့အကြုံသည်သာ အမှန်ဆိုသော အတွေးအခေါ်များအား လက်ကိုင်ပြုနေလျှင် Update မဖြစ်တော့သော စိုက်ပျိုးနည်းစနစ်များကိုသာ အသုံးပြုနေလျှင်တော့ အောင်မြင်မှုနှင့် အလှမ်းဝေးသထက် ဝေးနေဦးမှာပါ။ ဒါကြောင့် စိုက်ပျိုးသူများအနေဖြင့် လေ့လာပါ၊ တတ်သိနားလည်သူများနှင့် တိုင်ပင်နှီးနှော အကြံဥာဏ်ရယူပါလို့ အကြံပြုရင်း..။
ဦးသက်လွင်(ထန်းညီနောင်ပျိုးဥယျာဉ်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အောင်ကြီး
လွန်ခဲ့သော ၂ နှစ် ကမှန်လိုက်တာဆရာရယ် အဲ့လိုတွေနားထောင်မိလို့ ဒီနှစ်စပါး တစ်ပင်မှမရဘူး ကန်သင်းပေါ်တုန်းစပါးတွေ ရေနစ်နေလို့မောင်းထုတ်မို့ကို ရေကကျမှာတဲ့ နှစ်တိုင်းဒီလိုဘဲတဲ့ မကျတဲ့အပြင်ကန်သင်းပါမြုပ်တော့ ကုန်ရော သူတို့က သင်္ကြန်စာလောက် အားကိုးနေကြတာ
Phyoe Thet Paing
လွန်ခဲ့သော ၂ နှစ် ကမတ်ပဲကို မြေသစ်မာ ဘယ်လိုပြုပြင်ဂရုစိုက်သင့်လဲပါပြောပြပေးပါအုံး
ဆက်စပ်မေးခွန်းများ
ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။
Nyi M Htet • ဖြေကြားချက် 2 ခု
စပါးက အနှံပြူနေပါပီ ရေမရှိတော့ဘူး မြေကစိုနေရင် အဆေ့အဆန် ပြည့်၀နိင်သလား အမှော်အဖျင်း များမလား ဆရာ
နံပတ်2 • ဖြေကြားချက် 3 ခု
စပါးကျဲခင်း၁၀ရက်သားဘယ်ပေါင်းသက်ဆေးသုံးရမလဲ။
u win zaw • ဖြေကြားချက် 1 ခု
ရောဂါကျနေ့အရွက်တွေကို အခုလို ပုံအတိုင်း ညှပ်ချလိုက်ပါတယ် တတန်းဘဲဘညှပ်ရသေးပါတယ် ညှပ်သင့် မညှပ်သင့် အဖြေကိုပြောပေးစေ လိုပါတယ်
ရှိုင်းထက်အောင် • ဖြေကြားချက် 3 ခု
တောင်ပပေါ်သားမျိူးပါဆရာ ခရမ်းချဉ် 3ပတ်ဘဲခူးရသးတယ် ရောဂါဆိုးဝါးဝါးကျနေလို့ပါ တခင်းလုံးတော့မဟုတ်ပါဘူး ခရမ်းချဉ်ဈေးလည်းကောင်းနေတာ့ အပင်ဆက်ထိန်းထားချင်လို့ပါ ကုလိုရနိုင်ပါသလား
ရှိုင်းထက်အောင် • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from U Thet Lwin
အားလုံး
နွေသီးနှံအဖြစ် မတ်ပဲစိုက်ပျိုးမည်ဆိုလျှင် (အပိုင်း ၂)
22/02/2024
နွေသီးနှံအဖြစ် မတ်ပဲစိုက်ပျိုးမည်ဆိုလျှင် (အပိုင်း ၁)
21/02/2024
ပိုးသတ်ဆေးဖျန်းပြီး ငွေဖြုန်းနေကြသူများ
08/06/2023
ပြောင်းလဲမှုပြုရန် လိုအပ်လာသည့် သီးနှံပုံစံနှင့် သီးနှံစိုက်ပျိုးရေးစနစ်များ
24/05/2023
မျိုးဆက်နှစ်ဆက်ကြားမှ စိုက်ပျိုးရေးနည်းစနစ်များပြဿနာ
05/04/2023