တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၁၇ -၂၁.၈.၂၀၂၆)
အိန္ဒိယနိုင်ငံတွင် မုတ်သုံမိုး ရရှိမှု၊ အယ်လ်နီညို ရာသီဥတု၏ သက်ရောက်မှုများဖြင့် စိုက်ပျိုးဧက အပြောင်းအလဲ၊ ကုန်သည်များ၏ ဈေးနှုန်း အလှုပ်အခတ်က မြန်မာ့ ပို့ကုန်ပဲအချို့အပေါ် သက်ရောက်မှုများ ရှိနေသည်။
ပြည်တွင်းဈေး ဆက်တိုက်ကျလာသည့် မတ်ပဲ
မြန်မာဈေးကွက်တွင် မတ်ပဲဈေးမှာ သိသာစွာ ကျဆင်းနေသည်။ ယခုရက်သတ္တပတ် ပြည်တွင်းဈေးကွက်တွင် မတ်ပဲမှာ အနည်းဆုံး ပဲတစ်တန်လျှင် ကျပ်တစ်သိန်းနီးပါး ဈေးကျလာသည်။
ယခု ဘဏ္ဍာနှစ် ၂၀၂၆-၂၇ ပထမ ၃ လအတွင်း အိန္ဒိယနိုင်ငံက မြန်မာအပါအဝင် ပြည်ပမှ မတ်ပဲတန်ချိန် ၁၂၈,၀၀၀ ကျော် တင်သွင်းခဲ့သည်။ ထိုပမာဏမှာ ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်လျှင် ၃၃ ရာခိုင်နှုန်းကျော် လျော့နည်းသွားကြောင်း IPGA မှ အချက်အလက်များ ထုတ်ပြန်ထားသည်။
လက်ရှိ အိန္ဒိယ၏ မတ်ပဲ ဝယ်လိုအားမှာလည်း သိသာစွာ တိုးလာခြင်း မရှိသေးပေ။ မုတ်သုံမိုး ရရှိမှု အခြေအနေကြောင့် မတ်ပဲ စိုက်ဧကများ ပြန်တိုးလာသည်ဆိုသည့် သတင်းနှင့်အတူ ပြည်တွင်း ဝယ်လိုအားနှင့် ဈေးကစားမှုများက အိန္ဒိယဈေးကွက်တွင် မြန်မာမတ်ပဲ FOB ဈေးကို တစ်တန်လျှင် ဒေါ်လာ ၂၀ လျော့ကျသွားစေသည်။
ယခုရက်သတ္တပတ် အိန္ဒိယဈေးကွက်တွင် မြန်မာမတ်ပဲ FAQ ၏ FOB တစ်တန်လျှင် ဒေါ်လာ ၈၆၀ မှ ၈၄၀၊ မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၉၄၀ မှ ၉၂၀ သို့ ဈေးပြောင်းသွားသည်။
ထိုသက်ရောက်မှုက မြန်မာမတ်ပဲ ပြည်ပ ရောင်းချသည့် FOB ဈေးအပေါ် သက်ရောက်မှု ရှိနေသည်။ မြန်မာဈေးကွက်တွင် မတ်ပဲ FAQ ၏ FOB တစ်တန်ဈေးမှာ ဒေါ်လာ ၈၅၅/၈၆၅ မှ ၈၅၀/၈၆၀၊ မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၉၃၅/၉၅၅ မှ ၉၃၅/၉၄၅ သို့ ဈေးပြောင်းသွားသည်။
ပြည်တွင်းဈေးကွက်တွင် မတ်ပဲ FAQ မှာ တစ်တန်လျှင် ကျပ် ၃,၄၇၃,၀၀၀ မှ ၃,၃၉၁,၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၃,၇၉၈,၀၀၀ မှ ၃,၇၀၁,၀၀၀ သို့ ဈေးပြောင်းသွားသည်။
နှမ်းအမျိုးအစား အများစု ပြည်တွင်းဈေး အားပျော့
ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ဈေးမြင့်တက်ခဲ့သည့် ဆီထွက်သီးနှံ နှမ်းမှာ ယခုရက်သတ္တပတ်တွင် ပြည်တွင်းဈေး အေးနေသည်။ သို့သော် ပြည်ပသို့ ရောင်းချသည့် နှမ်း FOB ဈေးမှာ အမျိုးအစား အချို့မှအပ ဈေးတက်လာသည်။
ရန်ကုန်ဈေးကွက်တွင် နှမ်း FOB ဈေးမှာ နှမ်းနက် (စမုံ) တစ်တန်လျှင် ဒေါ်လာ ၆၀ ဈေးကျပြီး နှမ်းဖြူနှင့် နှမ်းညိုမှာ တစ်တန်လျှင် ဒေါ်လာ ၆၀ ဈေးမြင့်တက်လာသည်။ နှမ်းနက် (စမုံ) တစ်တန်လျှင် ဒေါ်လာ ၂,၀၁၅/၂,၀၂၅ မှ ၁,၉၅၅/၁,၉၆၅ သို့ ဈေးပြောင်းသည်။ နှမ်းဖြူမှာ တစ်တန်လျှင် ဒေါ်လာ ၁,၄၄၀/၁,၄၅၀ မှ ၁,၅၀၀/၁,၅၁၀၊ နှမ်းညို တစ်တန်လျှင် ဒေါ်လာ ၁,၄၂၀/၁,၄၃၀ မှ ၁,၄၈၀/၁,၄၉၀ သို့ ဈေးပြောင်းသည်။
လက်ရှိ ပြည်တွင်း နှမ်းဈေးကွက်တွင် ကုန်သည်များက ပစ္စည်းလိုအပ်နေပြီး အရည်အသွေးပေါ် မူတည်၍ ဈေးဖွင့်သည်။ နယ်စပ်မှ တရုတ်ဈေးကွက်သို့ တင်ပို့ရာတွင်လည်း သယ်ယူပို့ဆောင်မှုနှင့် လမ်းခရီး ဖင့်နှေးမှု အပါအဝင် အခက်အခဲများစွာ ကြုံနေရသည်။
လက်ရှိ ပြည်တွင်း နှမ်းဈေးမှာ နှမ်းနက် (စမုံ) တစ်တန်လျှင် ကျပ် ၇၂ သိန်းကျော်မှ ရ,၃၄၀,၀၀၀ ကျော်သို့ ဈေးပြောင်းသည်။ သို့သော် နှမ်းဖြူ (ဂျပန်) မှာ တစ်တန်လျှင် ကျပ် ၆,၃၉၀,၀၀၀ ကျော်မှ ၅၉ သိန်းကျော်၊ နှမ်းညို (သစ်) တစ်တန်လျှင် ကျပ်သိန်း ၆၀ ကျော်မှ ၅,၇၈၀,၀၀၀ ကျော်သို့ ဈေးပြောင်းသည်။

ဈေးငြိမ်လုနီးပါး ရှိနေသည့် ပြောင်း
မြန်မာ့ပြောင်းကို အဓိက ဝယ်နေသည့် ထိုင်းနိုင်ငံက မွေးမြူရေးအစာသုံး ပြောင်းသီးနှံ ဝယ်ယူဈေးနှုန်းနှင့် စည်းမျဉ်းများကို လတ်တလော ဆက်လက် ကျင့်သုံးမည်ဟု အတည်ပြုထားသည်။
ထိုင်းနိုင်ငံသည် မွေးမြူရေးအစာအတွက် ပြည်ပမှ ပြောင်းတန်ချိန် ၄ သန်းကျော်ကို နှစ်စဉ် တင်သွင်းနေရသည်။
ယခုနှစ်တွင်လည်း အခွန်ကင်းလွတ်ခွင့်ဖြင့် ပြည်ပမှ ပြောင်းတင်သွင်းမည့် ကာလကို ယခုလကုန်အထိ ခွင့်ပြုထားသည်။ သို့သော် ထိုင်းကုန်သည်များက ပြောင်းအဝယ်ကို ထိန်းထားသဖြင့် မြန်မာ့ပြောင်းဈေးမှာ ဈေးငြိမ်သက်လုနီးပါး အခြေအနေတွင် ရှိနေသည်။
ယခုရက်သတ္တပတ် ပြောင်း FOB ဈေးမှာ ပြောင်းတစ်တန်လျှင် ဒေါ်လာ ၂၇၀/၂၈၀ ဈေးဖွင့်သည်။ ရန်ကုန်ဈေးကွက်တွင် ပြည်တွင်း ပြောင်းဈေးမှာ တစ်ပိဿာလျှင် ကျပ် ၁,၇၄၀/၁,၇၆၀ မှ ၁,၇၅၀/၁,၇၇၀ သို့ ဈေးအနည်းငယ် လှုပ်လာသည်။
သို့သော် မန္တလေးဈေးကွက်တွင် ပြောင်းဈေးမှာ ရှမ်းပြောင်းတစ်တန်လျှင် ကျပ် ၉၇၅,၀၀၀ ကျော်၊ CP ပြောင်းသစ်တစ်တန်လျှင် ကျပ် ၁,၀၂၀,၀၀၀ ကျော် ဈေးဖွင့်သည်။
ကျရိပ်သန်းနေသည့် ပဲပုပ်ဈေး
ဆီထွက်သီးနှံ တစ်မျိုးဖြစ်သည့် ပဲပုပ်မှာ ရန်ကုန်ဈေးကွက်တွင် ဈေးငြိမ်နေသော်လည်း မန္တလေးဈေးကွက်တွင် ကျရိပ်သန်းလာသည်။
ပြည်တွင်း သယ်ယူပို့ဆောင်ရေး အခက်အခဲများ ရှိနေသဖြင့် စိုက်ပျိုးသူ တောင်သူများ၊ သိုလှောင်ရောင်းချသူများ ပဲပုပ်ဈေးကွက်သို့ တင်ပို့နိုင်ရေး လုပ်ကိုင်ရမှု မလွယ်ကူသည့် အခြေအနေအချို့ ရှိလာသည်ဆိုသည့် ပြောဆိုသံများ ထွက်ပေါ်နေသည်။
လက်ရှိ ရန်ကုန်ဈေးကွက်တွင် ပဲပုပ်မှာ ပဲပုပ် (မြစ်ဝကျွန်းပေါ်) ဆီတိုး တစ်ပိဿာလျှင် ကျပ် ၈,၁၆၅/၈,၃၃၅၊ ပဲပုပ် (မြစ်ဝကျွန်းပေါ်) ထွက်တိုး တစ်ပိဿာလျှင် ကျပ် ၇,၆၆၅/၇,၈၃၅ ဈေးဖွင့်သည်။
ယခုရက်သတ္တပတ် မန္တလေးဈေးကွက်တွင် ပဲပုပ် အမျိုးအစားအချို့ ဈေးကျလာသည်။ ပဲပုပ် (ဗမာ) မှာ တစ်တန်လျှင် ကျပ် ၄,၇၇၀,၀၀၀ ကျော်မှ ၄,၇၁၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။ ပဲပုပ် (ရှမ်း) မှာ တစ်တန်လျှင် ကျပ် ၄,၄၂၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
သီးနှံဈေးကွက်
အကြောင်းအရာ 2
ပြည်တွင်းသီးနှံဈေးကွက်
ဆက်စပ်ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
ဆက်စပ်မေးခွန်းများ
ပဲပတ်ပီး ဘယ်နှစ်ရက်လောက်ကြာရင် ဆေးဖြန်းရလည်းဗျ
Sa Paing Ko Ko Win • ဖြေကြားချက် 1 ခု
ဆရာရေ မိုးအရမ်းရွာပီဗျို့ 6 နာရီကနေ 6:30 ထိအတော် သည်းတာဆရာ အခု 7:30 မှာ မိုးထပ်ရွာတယ် မိုးစွေလောက်တယ်ဆရာ မိုးမရွာလို့ ဂရမ်းဖျန်းပီးပစ်ထားတာ တစ်ပတ်လောက်ရှိနေပီဆျာ
U Yan • ဖြေကြားချက် 1 ခု
ငရုပ်သီး စိုက်ရင်( ရေ အစက်ပေးတဲ့ စနစ်နဲ့ ။ ရေပန်း ပေးတဲ့ စနစ် )နှစ်ခုအားသာ ချက် အားနည်းချက်ပြောပြပေးလို့ရမလား
ကိုရှား • ဖြေကြားချက် 2 ခု
ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။
Nyi M Htet • ဖြေကြားချက် 2 ခု
စပါးက အနှံပြူနေပါပီ ရေမရှိတော့ဘူး မြေကစိုနေရင် အဆေ့အဆန် ပြည့်၀နိင်သလား အမှော်အဖျင်း များမလား ဆရာ
နံပတ်2 • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
အသား၊ ငါးဈေးများ ဆက်တိုက်မြင့်တက်ခြင်းကြောင့် ရောင်းအား သိသိသာသာ လျော့ကျနေ
07/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026