ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
ယခုနှစ်တွင် ပဲခူးတိုင်းဒေသကြီးရှိ သကြားစက်ရုံတစ်ခုမှ ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် တောင်သူများ ဒုက္ခရောက်နေကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ အင်ငါးခွကျေးရွာရှိ အင်ငါးခွသကြားစက်ရုံသည် ကြံတစ်တန်ကို ယခင်နှစ်ဖွင့်ဈေးထက် ကျပ် ၃၀,၀၀၀ ခန့် လျှော့ချပြီး ၁၃၉,၀၀၀ ကျပ်ဝန်းကျင်ဖြင့် ဈေးဖွင့်မည်ဟု တောင်သူများကို ခေါ်ယူအသိပေးခဲ့ခြင်းဖြစ်သည်။
တောင်သူများကို ခေါ်ယူအသိပေးရာတွင် သကြားကို ပြည်ပသို့ တင်ပို့မှုနည်းခြင်းနှင့် ပြည်တွင်းသကြားဈေး ကျဆင်းခြင်းတို့ကြောင့် ကြံဝယ်ယူမည့်ဈေးကို လျှော့ချရခြင်းဖြစ်ကြောင်း သိရသည်။
"မနှစ်က ဈေးလေးရရင် ကိုက်ပါသေးတယ်။ ဈေးမျှော်စိုက်ကြတာပါ။ အခုကျတော့ အရင်ဈေးထက် ကျပ် ၃၀,၀၀၀ လောက် နည်းမယ်ဆိုရင် ရှုံးပါတယ်။ စက်ရုံက အရင်ရက်က ခေါ်ပြီးပြောတာပါ။ တရားဝင်တော့ စာမထုတ်သေးဘူး" ဟု ကြံတောင်သူတစ်ဦးက ပြောသည်။ပြီးခဲ့သည့် ကြံကြိတ်ဝါးရာသီတွင် အင်ငါးခွသကြားစက်ရုံသည် ကြံတစ်တန်ကို ၁၇၀,၀၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူရန် ဈေးဖွင့်ခဲ့ကြောင်း သိရသည်။
ထို့အတွက်ကြောင့် ယခုနှစ်တွင်လည်း သကြားစက်ရုံအနေဖြင့် ကြံတစ်တန်လျှင် ၁၇၀,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ဝယ်ယူပေးရန် တောင်သူများက လိုလားနေကြပြီး အဆိုပါ ဈေးနှုန်း ရောင်းချရမှသာ လက်ရှိ ဖြစ်ပေါ်နေသည့် စိုက်ပျိုးရေး စရိတ်များ ပြန်ရကာ အကျိုးအမြတ် ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ယခင်နှစ်က မြေဩဇာတစ်အိတ်လျှင် ကျပ် ၁ သိန်းကျော်မျှသာ ရှိခဲ့သော်လည်း ယခုနှစ်တွင် ၁၆၅,၀၀၀ ကျပ်အထိ မြင့်တက်လာခြင်း၊ ကြံခုတ်သည့် အလုပ်သမား ငှားရမ်းခနှင့် ကြံသယ်ယူသည့် ကားခမှာလည်း ယခင်နှစ်က တစ်တန်လျှင် ကျပ် ၁၃,၀၀၀ သာ ရှိခဲ့သော်လည်း ယခုနှစ်တွင် ကျပ် ၃၀,၀၀၀ ဝန်းကျင်အထိ ရှိလာနိုင်ကြောင်း သိရသည်။

"စရိတ်က အကုန်တက်တယ်။ သကြားဈေးကျလို့ ကြံဈေးချဝယ်တာက စက်ရုံအခက်အခဲ တစ်ပိုင်းဖြစ်ပေမဲ့ ကြံဈေးချဝယ်လိုက်ရင် ကျွန်တော်တို့ တောင်သူတွေလည်း ရှုံးမှာပါ" ဟု ကြံတောင်သူ ဦးသန်းက ပြောသည်။လက်ရှိ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်တွင် သကြားတစ်ပိဿာလျှင် ၃,၅၀၀ ကျပ်မှ ၄,၀၅၀ ကျပ်အတွင်း ဈေးရှိပြီး ပြည်ပသကြားဈေးမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၆၀ ကျော် ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကြံစိုက်ပျိုးမှုကို ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အဓိက စိုက်ပျိုးကြပြီး ယခုနှစ်တွင် ကြံစိုက်ဧက လျော့ကျသွားကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ကြံရာသီချိန်တွင် သကြားဈေးသည် ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်၌ တစ်ပိဿာလျှင် ၄,၂၅၀ ကျပ်မှ ၄,၆၅၀ ကျပ်ဝန်းကျင် ဈေးရှိခဲ့သည်။ ယခင် ၂၀၂၄ ခုနှစ် ကြံကြိတ်ဝါးရာသီချိန်ကမူ သကြားစက်ရုံများသည် နေရာဒေသအလိုက် ကြံတစ်တန်ကို ၁၈၀,၀၀၀ ကျပ်မှ ၂၀၀,၀၀၀ ကျပ်အထိ ဈေးဖွင့်ဝယ်ယူခဲ့ကြကြောင်း သိရသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
Tetraniliprole ပိုးသတ်ဆေး AI အကြောင်းသိချင်လို့ပါဗျ မတ်ပဲ ပွင့်ထွေးပိုးအတွက် တစ်မျိုးတည်းသုံးလို့အဆင်ပြေလားဗျ
Yan Paing oo • ဖြေကြားချက် 1 ခု
ဒီဆေး၃မျိုးရောဖျန်းလို့ရလားဆရာ
Saw Samson • ဖြေကြားချက် 2 ခု
ကုလားပဲခင် အပင်ပေါက်တွေ ဝါခြောက်ပြီး သေနေလို့ ဘာဖြစ်တာလဲဗျ အပင်သေပျောက် နည်းအောင်ဘယ်လိုလုပ်ရမှာလဲဗျ မှိုဆေးကတော့ တစ်ကြိမ်ဖျန်းပြီးပါပြီဗျ ကျေးဇူးပြု၍ကြည့်ရှုဖြေကြားပေးကြပါဦးဗျ
Ye Yint Aung • ဖြေကြားချက် 1 ခု
ဂန္ဓမာပန်းလေးစိုက်ပျိုးရာတွင်ဘယ်လိုပြုစုရပါလဲ ဆေးကအစအသုံးပြုပုံဘယ်လိုဆေးမျိုးကိုအသုံးပြုရပါလဲမေးချင်လို့ပါဆရာ
Kyaw Thet • ဖြေကြားချက် 1 ခု
အရွက်က ခြောက်ပြီး ဝါလာပြီ ဘာတွေ လုပ်ပေးရမလဲဆရာ
နန်းထွေးမေ • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ပဲပုပ်ပင်လိုအပ်သော အာဟာရများ
26/11/2026
ရှမ်းမြောက် လမ်းကြောင်းမှ တရုတ်နိုင်ငံသို့ ဖရဲသီး စတင် တင်ပို့နေ
26/11/2026
ပင်လယ်စပျစ်သီး၏ ထူးခြားသောသဘာဝနှင့် ဂေဟစနစ်အတွက် အကျိုးပြုပုံ
25/11/2026
၂၀၂၇ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ ပြင်းထန်သော အပူချိန် စံချိန်တင်နိုင်ခြေရှိ
24/11/2026
ဝါးစိုက်ပျိုးရေးနှင့်ကာဘွန်ခရက်ဒစ် (အပိုင်း - ၁)
24/11/2026
More from AMIA
အားလုံး
ရှမ်းမြောက် လမ်းကြောင်းမှ တရုတ်နိုင်ငံသို့ ဖရဲသီး စတင် တင်ပို့နေ
26/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၁၆-၂၀.၁၁.၂၀၂၆)
20/11/2026
ရှမ်းပြည်ထွက် ကုန်စိမ်းများ ဈေးတက်နေ
19/11/2026
ဝက်ခြံဖမ်းဈေး ကျဆင်းသော်လည်း အသားဈေး ကျပ် ၃၀,၀၀၀ အထက်တွင် ရှိနေ
18/11/2026
တစ်ပတ်စာ ပဲမျိုးစုံ ဈေးကွက် သုံးသပ်ချက် (9-13.10.2026)
16/11/2026