အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်

ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်

AMIA
AMIA • 17/09/2026

ရှမ်းပြည်နယ်တောင်ပိုင်း ကုန်စိမ်းသီးနှံ ဈေးကွက်တွင် ခရမ်းချဉ်သီးဈေး ပြန်လည်မြင့်တက်လာပြီး အရောင်းအဝယ် ကောင်းနေကြောင်း ပွဲရုံများထံမှ သိရသည်။

ယခု စက်တင်ဘာလ ဒုတိယပတ်မှစ၍ ခရမ်းချဉ်သီးဈေးကွက် မြင့်တက်လာခြင်းဖြစ်ပြီး ခရမ်းချဉ်သီးကို ပြည်မဒေသများမှ ဝယ်လိုအား ကောင်းလာသည့်အတွက် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ပြည်မဘက်မှ ဝယ်လိုအား ကောင်းလာသည့်အပြင် ရှမ်းတောင်သို့ ခရမ်းချဉ်သီး ဝင်ရောက်မှုလည်း သိပ်မများသဖြင့် ရောင်းလိုအားနှင့် ဝယ်လိုအား မမျှသောကြောင့် ဈေးတက်လာခြင်းဖြစ်ကြောင်း သိရသည်။

"ပြည်မက ခရမ်းချဉ်သီးဆွဲလို့ ဈေးကွက်တက်လာတာပါ။ ခရမ်းချဉ်ကလည်း အဝင် အရင်လောက် မများတော့ဘူးလေ။ ဈေးက ထပ်တက်ဦးမယ်" ဟု ရှမ်းတောင် ကုန်စိမ်းပွဲရုံပိုင်ရှင် တစ်ဦးက ပြောသည်။

စက်တင်ဘာ ၁၆ ရက် အောင်ပန်းကုန်စိမ်းဈေးကွက်တွင် ခရမ်းချဉ်သီး (ဂွတ်သီး) တစ်ပိဿာလျှင် ကျပ် ၂,၇၀၀ ရှိပြီး ခရမ်းချဉ်သီး (ရှယ်သီး) တစ်ပိဿာလျှင် ကျပ် ၂,၅၀၀၊ ခရမ်းချဉ်သီး (အသေးသီး) တစ်ပိဿာလျှင် ကျပ် ၁,၈၀၀ အထိ ဈေးရှိလာကြောင်း သိရသည်။

စက်တင်ဘာ ၁၀ ရက်တွင် ခရမ်းချဉ်သီး (ဂွတ်သီး) တစ်ပိဿာလျှင် ကျပ် ၁,၄၀၀ ရှိခဲ့ပြီး ခရမ်းချဉ်သီး (ရှယ်သီး) တစ်ပိဿာလျှင် ကျပ် ၁,၂၀၀၊ ခရမ်းချဉ်သီး (အသေးသီး) တစ်ပိဿာလျှင် ကျပ် ၈၀၀ ဈေးသာရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ရှမ်းတောင် ကုန်စိမ်းဈေးကွက်တွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် တစ်ပတ်အတွင်း ကျပ် ၁,၀၀၀ မှ ကျပ် ၁,၃၀၀ အတွင်း မြင့်တက်လာကြောင်း သိရသည်။

"ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ခရမ်းချဉ်သီးဈေးတက်လာတာ။ အထားခံတဲ့ အစိမ်းသီးကတော့ ဈေးအမြင့်ဆုံးပေါ့။ အမှည့်၊ သံယောင်က ကြာရှည်အထားမခံဘူးလေ။ ခရမ်းချဉ်သီးအသေးတောင် အခုက ပွဲရုံရောင်းဈေး ၁,၈၀၀ ရှိတယ်" ဟု ခရမ်းချဉ်သီး ရောင်းချသူတစ်ဦးက ပြောသည်။

ရှမ်းတောင် ခရမ်းချဉ်ဈေးကွက်သည် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် ဈေးကွက် ပိုမိုမြင့်တက်လာနိုင်ကြောင်း ကုန်သည်များက သုံးသပ်ထားသည်။

ယခုဖြစ်ပေါ်နေသည့် ခရမ်းချဉ်သီးဈေးကွက်အရ တောင်သူများသည် ခရမ်းချဉ်သီး အကြီးအသေး အရောအနှော တစ်ပိဿာလျှင် ကျပ် ၁,၅၀၀ ဝန်းကျင် ရောင်းချရကြောင်း သိရသည်။

ရှမ်းတောင်ဒေသရှိ ခရမ်းချဉ်သီးဈေးကွက်သည် ကုန်ပစ္စည်းအဝင်နည်းပြီး ပြည်မမှ ဝယ်လိုအား ကောင်းလျှင် ဈေးတက်လေ့ရှိသော်လည်း နှစ်စဉ် မိုးတွင်းကာလရောက်တိုင်း ဈေးနှုန်းကျလေ့ရှိသဖြင့် တောင်သူများအနေဖြင့် ဈေးကွက်ဝယ်လိုအား ရှိချိန်တွင် ခရမ်းသီး ခူးဆွတ်နိုင်ရန် အချိန်ပြောင်းလဲ စိုက်ပျိုးသင့်ကြောင်း သိရသည်။

ယခင် ဩဂုတ်လပိုင်းကမူ ရှမ်းတောင်ရှိ ကုန်စိမ်းပွဲရုံများသို့ ခရမ်းချဉ်သီး ဝင်ရောက်မှုများပြီး ဝယ်လိုအား လျော့နည်းသည့် အခြေအနေများကြောင့် ခရမ်းချဉ်သီးဈေးကွက် ကျဆင်းကာ တောင်သူများအနေဖြင့် လွှင့်ပစ်ရသည်အထိ ရှိခဲ့သည်။

အလားတူ ဇွန်လအတွင်းကလည်း ရှမ်းတောင် ပင်လောင်းနှင့် နောင်တရားဒေသများရှိ ကျေးရွာများတွင် ပွဲစားများက ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၈၀ ကျပ်မှ ၁၀၀ ကျပ်အတွင်းသာ ဈေးပေးပြီး ဝယ်ယူမှုနည်းသည့် အခြေအနေများကြောင့် ခရမ်းချဉ်သီးများကို လွှင့်ပစ်ခဲ့ရကြောင်း သိရသည်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ပဲပတ်ပီး ဘယ်နှစ်ရက်လောက်ကြာရင် ဆေးဖြန်းရလည်းဗျ

Sa Paing Ko Ko Win • ဖြေကြားချက် 1 ခု

ဆရာရေ မိုးအရမ်းရွာပီဗျို့ 6 နာရီကနေ 6:30 ထိအတော် သည်းတာဆရာ အခု 7:30 မှာ မိုးထပ်ရွာတယ် မိုးစွေလောက်တယ်ဆရာ မိုးမရွာလို့ ဂရမ်းဖျန်းပီးပစ်ထားတာ တစ်ပတ်လောက်ရှိနေပီဆျာ

U Yan • ဖြေကြားချက် 1 ခု

ငရုပ်သီး စိုက်ရင်( ရေ အစက်ပေးတဲ့ စနစ်နဲ့ ။ ရေပန်း ပေးတဲ့ စနစ် )နှစ်ခုအားသာ ချက် အားနည်းချက်ပြောပြပေးလို့ရမလား

ကိုရှား • ဖြေကြားချက် 2 ခု

ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။

Nyi M Htet • ဖြေကြားချက် 2 ခု

စပါးက အနှံပြူနေပါပီ ရေမရှိတော့ဘူး မြေကစိုနေရင် အဆေ့အဆန် ပြည့်၀နိင်သလား အမှော်အဖျင်း များမလား ဆရာ

နံပတ်2 • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။