တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၄ -၂၈.၈.၂၀၂၆)
ပြည်ပပို့ကုန်ပဲများ ဈေးကွက်မျှော်လင့်ချက် ရှိနေသော်လည်း ပြည်တွင်းဈေးနှုန်းအပေါ် သိသာသည့် အပြောင်းအလဲများ မရှိသေးပေ။ သို့သော် ပြည်တွင်း အဓိက စားသုံးသည့်ပဲနှင့် နှမ်းမှာ ပြည်တွင်းဈေး လှုပ်လာသည်။
ဈေးကွက်မျှော်လင့်ချက် ရှိနေသည့် ပဲတီစိမ်း
လူဦးရေ ၁ ဒသမ ၃ ဘီလီယံကျော် တည်ရှိနေသည့် တရုတ်ဈေးကွက်၏ ဝယ်လိုအား မျှော်လင့်ချက်က ပြည်တွင်း ပဲတီစိမ်းစိုက်ပျိုးသည့် တောင်သူလယ်သမားများအပေါ် သက်ရောက်မှု ရှိနေသည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ပဲတီစိမ်း တန်ချိန် သုံးသိန်းခွဲကျော် ဝယ်ယူခဲ့သည့် တရုတ်ဈေးကွက်က လက်တလော ဝယ်လိုအား နည်းသည်။ တရုတ်နိုင်ငံအတွင်း စိုက်ပျိုးထားသည့် ပဲတီစိမ်းအသစ်များ ဈေးကွက်ဝင်ချိန် ဖြစ်သောကြောင့် ဝယ်အားနည်းခြင်းဆိုသည့် သုံးသပ်ချက်များ ရှိနေသည်။
သို့သော် တရုတ်နိုင်ငံသားများ၏ စားသုံးမှုပမာဏက တိုးတက်နေခြင်းကြောင့် မြန်မာ့ပဲတီစိမ်းအတွက် ဈေးကွက်မျှော်လင့်ချက်များ ရှိနေသည်။
လက်ရှိ ဈေးကွက်အတွင်း ပဲတီစိမ်းမှာ ပြည်ပဈေး ငြိမ်ပြီး ပြည်တွင်းဈေးကွက်တွင် အမျိုးအစားအလိုက် ဈေးနှုန်းပြောင်းလဲမှုများ ရှိနေသည်။
ယခုရက်သတ္တပတ် ပဲတီစိမ်း FOB ဈေးမှာ ပဲတီစိမ်း (အညာ) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၅၀/၇၆၀၊ ပဲတီစိမ်း (ရွှေဝါ) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၉၀၀/၉၁၀ ဈေးဖွင့်သည်။
ရန်ကုန်ဈေးကွက်တွင် ပဲတီစိမ်း ပြည်တွင်းဈေးမှာ ဝါးခယ်မ (FAQ) တစ်ပိဿာလျှင် ကျပ် ၄,၈၃၀/၄,၈၅၀ မှ ၄,၆၆၅/၄,၆၈၅ သို့ ဈေးပြောင်းသည်။ ပဲတီစိမ်း (အညာ) မှာ တစ်ပိဿာလျှင် ကျပ် ၄,၀၀၀/၄,၀၂၀၊ ပဲတီစိမ်း (ခရမ်းနှင့် ပဲခူး) ရွှေဝါ တစ်ပိဿာလျှင် ကျပ် ၅,၆၆၅ ဖြင့် ဈေးငြိမ်နေသည်။
မန္တလေးဈေးကွက်တွင် ပဲတီစိမ်း (အညာ) မှာ တစ်တန်လျှင် ကျပ် ၂,၆၁၀,၀၀၀ ကျော် ဈေးဖွင့်သည်။
ပြည်တွင်းဈေး ကျရိပ်သန်းနေသည့် ပဲစင်းငုံ
အိန္ဒိယနိုင်ငံအတွင်း ပွဲတော်ရက်များ နီးလာသဖြင့် ပဲစင်းငုံဈေး အနည်းငယ် လှုပ်လာသည်။ ကာလတိုအတွင်း ပဲစင်းငုံဈေး အတက်ဘက်သို့ ပြောင်းနေသည်။
အယ်လ်နီညို ရာသီဥတုအကျိုးဆက်ကို စောင့်ကြည့်နေရသဖြင့် အိန္ဒိယအစိုးရက အရံပဲ ထုတ်ရောင်းမည့် အလားအလာ မရှိသေးပေ။ ထို့ကြောင့် အိန္ဒိယဈေးကွက်တွင် မြန်မာ့ပဲစင်းငုံမှာ တစ်တန်လျှင် ၁၀ ဒေါ်လာဝန်းကျင် ဈေးတက်လာသည်။
ယခုရက်သတ္တပတ်အတွင်း အိန္ဒိယဈေးကွက်တွင် မြန်မာ့ပဲစင်းငုံ FOB ဈေးမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၂၅ မှ ၈၃၅ သို့ ဈေးပြောင်းသွားသည်။
အိန္ဒိယဈေးကွက်တွင် ပဲစင်းငုံဈေး တက်ရိပ်ပြနေသော်လည်း မြန်မာနိုင်ငံတွင် ပဲစင်းငုံ (ပြည်ပရောင်းချသည့်) FOB ဈေး ငြိမ်နေသည်။ ပဲစင်းငုံ (နီ) 2024-25 တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၆၀/၇၇၀၊ ပဲစင်းငုံ (နီ) 2025-26 တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၉၀/၈၀၀ ဈေးဖွင့်သည်။
သို့သော် ပြည်တွင်းဈေးကွက်တွင် ပဲစင်းငုံ (နီ) ဈေး အပြောင်းအလဲများ ရှိနေသည်။ ယခုရက်သတ္တပတ်အတွင်း ရန်ကုန်ဈေးကွက်တွင် ပဲစင်းငုံ (နီ) တစ်တန်လျှင် ကျပ် ၃,၃၅၈,၀၀၀ မှ ၃,၃၉၀,၀၀၀ သို့ ဈေးတက်ပြီး ၃,၃၅၀,၀၀၀ သို့ ဈေးပြန်ဆင်းလာသည်။
မန္တလေးဈေးကွက်တွင် ပဲစင်းငုံ (နီ) သစ်မှာ တစ်တန်လျှင် ကျပ် ၃,၁၉၀,၀၀၀ ကျော်မှ ၃,၂၂၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။

ပြည်တွင်းနှမ်းဈေး အနည်းငယ်လှုပ်
တရုတ်ဈေးကွက်မှ ဝယ်လိုအား မျှော်လင့်ချက် ရှိနေသဖြင့် အရည်အသွေးကောင်း နှမ်းများ သိုလှောင်ထားရန် တိုက်တွန်းမှုအချို့ကို တွေ့မြင်လာရသည်။ လက်ရှိ ပြည်တွင်းဈေးကွက်တွင် အရည်အသွေးပိုင်း အားနည်းချက်၊ အက်စစ်မလွတ်သည့် နှမ်းများ ဈေးနှိမ်ခံရသည်ဆိုသည့် ပြောဆိုမှုများလည်း ရှိနေသည်။
ယခုရက်သတ္တပတ်တွင် နှမ်း၏ ပြည်ပရောင်းချသည့် FOB ဈေး ငြိမ်နေသော်လည်း ပြည်တွင်းဈေးကွက်တွင် နှမ်းအမျိုးအစားအချို့ ဈေးလှုပ်လာသည်။
ရန်ကုန်ဈေးကွက်တွင် နှမ်း ပြည်ပ FOB ရောင်းဈေးမှာ နှမ်းဖြူ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁,၅၀၀/၁,၅၁၀၊ နှမ်းညို တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁,၄၈၀/၁,၄၉၀၊ နှမ်းနက် (စမုံ) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁,၉၅၅/၁,၉၆၅ ဈေးဖွင့်သည်။
ယခုရက်သတ္တပတ် ဩဂုတ် ၂၇ ရက်အထိ ပြည်တွင်းဈေးကွက်တွင် နှမ်းနက် (စမုံ) တစ်မျိုးသာ ဈေးငြိမ်ပြီး နှမ်းဖြူ (ဂျပန်) နှင့် နှမ်းညို (သစ်) မှာ ဈေးအပြောင်းအလဲ ရှိနေသည်။
နှမ်းနက် (စမုံ) တစ်တန်လျှင် ကျပ် ၇,၃၄၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေပြီး နှမ်းဖြူ (ဂျပန်) တစ်တန်လျှင် ကျပ် ၅,၉၈၀,၀၀၀ ကျော်မှ ၆,၁၉၀,၀၀၀ ကျော်၊ နှမ်းညို (သစ်) တစ်တန်လျှင် ကျပ် ၅,၅၇၀,၀၀၀ ကျော်မှ ၅,၆၄၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။
ကုလားပဲဈေး လှုပ်လာ
ပြည်တွင်း အဓိကစားသုံးပြီး ပြည်ပဈေးကွက် တင်ပို့ရန် အလားအလာကောင်း ရှိနေသည့် ကုလားပဲမှာ ယခုရက်သတ္တပတ်တွင် ဈေးမြင့်တက်နေသည်။ ပြည်တွင်းဈေး သာမက ပြည်ပရောင်းချသည့် FOB ဈေးပါ မြင့်တက်လာသည်။
ရန်ကုန်ဈေးကွက်တွင် ကုလားပဲ ပြည်ပရောင်းချမည့် FOB ဈေးမှာ ကုလားပဲဖြူလုံးကြီး V2 FAQ တစ်တန်လျှင် ဒေါ်လာ ၃၀ ဈေးမြင့်တက်သွားသည်။ ပဲတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၆၅/၆၇၅ မှ ၆၉၅/၇၀၅ သို့ ဈေးပြောင်းသွားသည်။
ပြည်တွင်းဈေးကွက်တွင် ကုလားပဲဖြူလုံး တစ်ပိဿာလျှင် ကျပ် ၃,၈၆၀ မှ ၄,၀၃၅ သို့ ဈေးပြောင်းပြီး ကုလားပဲဖြူလုံးကြီး တစ်ပိဿာလျှင် ကျပ် ၄,၂၁၀/၄,၃၇၅ ဈေးဖွင့်သည်။
မန္တလေးဈေးကွက်တွင် ကုလားပဲ (TW) တစ်တန်လျှင် ကျပ် ၂,၅၅၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေသည်။ ကုလားပဲဖြူလုံးကြီး V2 သစ်မှာ တစ်တန်လျှင် ကျပ် ၂,၆၅၀,၀၀၀ ကျော်မှ ၂,၅၇၀,၀၀၀ ကျော်၊ ကုလားပဲဖြူလုံးကြီး V7 တစ်တန်လျှင် ကျပ် ၂,၆၇၀,၀၀၀ ကျော်မှ ၂,၆၉၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
သီးနှံဈေးကွက်
အကြောင်းအရာ 2
ပြည်တွင်းသီးနှံဈေးကွက်
အကြောင်းအရာ 3
နိုင်ငံတကာသီးနှံဈေးကွက်
အောင်သူ
လွန်ခဲ့သော ၃ ပတ် က@mm @mm
mm
လွန်ခဲ့သော ၁ လ ကပဲပုတ်စျေးရောဗျ
ဆက်စပ်ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
ဆက်စပ်မေးခွန်းများ
ပဲပတ်ပီး ဘယ်နှစ်ရက်လောက်ကြာရင် ဆေးဖြန်းရလည်းဗျ
Sa Paing Ko Ko Win • ဖြေကြားချက် 1 ခု
ဆရာရေ မိုးအရမ်းရွာပီဗျို့ 6 နာရီကနေ 6:30 ထိအတော် သည်းတာဆရာ အခု 7:30 မှာ မိုးထပ်ရွာတယ် မိုးစွေလောက်တယ်ဆရာ မိုးမရွာလို့ ဂရမ်းဖျန်းပီးပစ်ထားတာ တစ်ပတ်လောက်ရှိနေပီဆျာ
U Yan • ဖြေကြားချက် 2 ခု
ငရုပ်သီး စိုက်ရင်( ရေ အစက်ပေးတဲ့ စနစ်နဲ့ ။ ရေပန်း ပေးတဲ့ စနစ် )နှစ်ခုအားသာ ချက် အားနည်းချက်ပြောပြပေးလို့ရမလား
ကိုရှား • ဖြေကြားချက် 2 ခု
ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။
Nyi M Htet • ဖြေကြားချက် 2 ခု
စပါးက အနှံပြူနေပါပီ ရေမရှိတော့ဘူး မြေကစိုနေရင် အဆေ့အဆန် ပြည့်၀နိင်သလား အမှော်အဖျင်း များမလား ဆရာ
နံပတ်2 • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
အသား၊ ငါးဈေးများ ဆက်တိုက်မြင့်တက်ခြင်းကြောင့် ရောင်းအား သိသိသာသာ လျော့ကျနေ
07/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....