တိုင်းရင်းကြက်သားပေါက် ပြုစုစောင့်ရှောက်နည်း
ကြက်ပေါက်များကို ကိုင်တွယ်စောင့်ရှောက်ခြင်းသည့် ကြက်မွေးမြူရေးတစ်လျှောက်လုံး၏ အရေးကြီးသော အပိုင်းဖြစ် သည်။
ကြက်ပေါက်များကို မွေးမြူရာတွင် အဓိကအရေးကြီးသော အရာများမှာ အစာ၊ ရေ၊ အပူချိန်၊ လေနှင့် သန့်ရှင်းရေး တို့ ဖြစ်သည်။
ကြက်ပေါက်များထားရာတွင်-
- နေရာကို ကြက်ကြီးများရှိသော နေရာနှင့် သီးခြားထားရမည်။
- “All-in, all out” စနစ်ကို ကျင့်သုံးကာ အသက်အရွယ်မတူသော ကြက်များကို ရောမထည့်ရပါ။
- အသုံးပြုမည့် ပစ္စည်းများအားလုံးသည် သန့်ရှင်းကာ ပိုးသန့်နေရမည်။
- ကြက်ပေါက်ကလေးများ မထည့်မီတွင် အပူပေးစက်များ ကောင်း/မကောင်း စစ်ဆေးထားရမည်။
- လေဝင်လေထွက်ကောင်းမွန်ပြီး လေကောင်းလေသန့် အမြဲရနေရမည်။
- ကြက်ကလေးများထည့်ပြီးပါက သန့်ရှင်းသောရေကို တိုက်ရမည်။
- ကြက်ကလေးများရောက်ပြီး ပထမ (၃) ရက်တွင် အစာနှင့်ရေ ကောင်းကောင်းစား/မစား ကို ၂-၃ နာရီခြားတစ်ခါ စစ်ဆေး ပေးရမည်။

ကြက်ကလေးများ ကောင်းမွန်စွာကြီးထွားရန်နှင့် ရောဂါကာကွယ်ရန် အထောက်အကူပေးရန် အစာနှင့်ရေအပြင် ဖြည့်စွက်စာများကို ကြက်ပေါက် အကောင် ၁၀၀ လျှင် ၁ ဗန်း နှုန်းဖြင့် ကျွေးသင့်သည်။
အလင်းရောင်သည် ကြက်ကလေးများ အစာနှင့်ရေကို ကောင်းစွာတွေ့ရှိနိုင်ရန် အကူအညီပေးသည့်အတွက် ပထမ (၃) ရက် တွင် အလင်းရောင်ကို ဆက်တိုက်ပေးသင့်သည်။
ကြက်ပေါက်အိမ်၏ အပူချိန်ကို သာမိုမီတာ (သို့) ကြက်ကလေးများ၏ အပြုအမူတို့ကို ကြည့်ကာ အမြဲမပြတ်စစ်ဆေးပေးနေ ရမည်။
ကြက်ပေါက်များ သေဆုံးမှုရှိလျှင် အကောင်ရေမများခင် အကြောင်းအရင်းကို သိရှိပြီး ချက်ချင်းပြင်ဆင်ကာ သေဆုံးမှုလျော့ အောင် ချက်ချင်းလုပ်ဆောင်ရမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကိုသိန်းမြင့်
လွန်ခဲ့သော ၁ နှစ် ကလိုရင်းတိုရှင်လောက် ရှင်းပြတာသိပ်အဆင်မပြေဘူး
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဥစားဘဲ (ထိုင်း) မွေးမြူရေးနှင့် အကောင်တစ်ရာလျှင် ဥနှုန်းကောင်းမွန်စေရန် အစာစပ်ပုံများအကြောင်းကို သိရှိလိုပါသည်ခင်ဗျ။
ဦးအာကာမင်း • ဖြေကြားချက် 1 ခု
နွားဝစေရန်ရန်ဆေးနည်းလေးရှိရင်ပြောပြပါ
Min Maung • ဖြေကြားချက် 2 ခု
ဆိတ်စာချဉ်ဖတ် လုပ်လို့ရတယ်ပြောကြတယ်။ ဘယ်လိုလုပ်ရသလဲ ပြောပေးပါ။
Min Soe • ဖြေကြားချက် 1 ခု
ဝက်မွေးမြူရေးတွင် ဝက်များအတွက် လိုအပ်သော လိုင်ဇင်းဓါတ်ကို သဘာဝအစားအစာများတွင် မည်သည့်အပင်/အစားအစာက ရရှိနိုင်သနည်း။သို့မဟုတ် လိုင်ဇင်ဓါတ်ရရှိအောင်မည်သို့ ဆောင်ရွက်ရမည်နည်း
Kyaw Thu Lin • ဖြေကြားချက် 1 ခု
Mineral block နွားလျှက်ဓာတ်ဆားခဲ့မကွေးမြို့ဘယ်မှာဝယ်လို့ရလည်းဗျ
ဖြိုးဝေယံစိုး • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်းရဲ့ website အသစ်ထဲမှာ ဈေးတန်းကြီးရှိနေပြီဆိုတာ သိထားပြီးကြပြီလား?
07/10/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026