မိရိုးဖလာစပါးခွံဖြင့် ဘဲသားဖောက်နည်း
မိရိုးဖလာစပါးခွံဖြင့် ဘဲသားဖောက်နည်းသည် ကျွမ်းကျင်သူများပြားလာသည့်အတွက် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် မန္တလေးတိုင်းတို့တွင် အများဆုံးသားဖောက်ပြီး ရောင်းချလျှက်ရှိပါသည်။
ဘဲသားဖောက်ရာတွင် စပါးခွံနှင့်စပါးကိုအသုံးပြုကြပါသည်။ ဘဲသားဖောက်ရန်အတွက် ဘဲထီး ၁ ကောင်၊ ဘဲမ ၈ကောင်ခန့် ထားပေးရပါသည်။ မျိုးဘဲဥမှာ ဥခွံထူခြင်း၊ ကွဲအက်ခြင်း မရှိစေရန် ရွေးချယ်ဖို့လည်း လိုအပ်ပါသည်။ ရွေးချယ်ဖို့ မျိုးဘဲဥများကို မနက်ခင်းနေရောင်ဖြင့်၃ နာရီခန့်လှန်းပေးပါ။ ဘဲဥမှ ရေခိုးရေငွေ့များ ထွက်ရှိလာပြီး ခြောက်သည်အထိ ဖျာပေါ်တင်ပြီး လှန်းပေးရပါသည်။ ထိုအဆင့်ကို ဘဲဥချွေးထုတ်သည်ဟု ခေါ်ဆိုပါသည်။
ဝါးနှီးဖြင့်ယက်လုပ်ထားသော ဘဲဥဖောက်ကျင်းကို ပြင်ဆင်ထားပါ။ ကျင်းဇောက်အနက်မှာ (၂၄)လက်မ ရှိပြီး ကျင်း၏ အချင်းမှာ(၁၈)လက်မ ထားရှိပေးရပါသည်။ အဆိုပါ ဘဲဥဖောက်ကျင်းများကို အလျား(၆)ပေ၊ အနံ(၄) ပေ ဘောင်အမြင့် (၂)ပေရှိသော ဘဲဥဖောက်ကျင်း ၃ လုံးကို ဖောက်စင်ပေါ်တွင် အလျှားအလိုက်အနေတော်စီ၍ ထားရှိရပါမည်။ ထို့နောက် ကျင်းတစ်ခုနှင့် တစ်ခုကြားတွင် စပါးခွံများ ထည့်ပေးရပါမည်။ စပါး(စပါးခွံ)ကို မိုးပြဲဒယ်ကြီးထဲသို့ထည့်ပြီး ပုံမှန်မီးရှိန်ဖြင့် လှော်ပေးရပါမည်။
စပါးခွံ(စပါး)၏အပူချိန်ကို လက်ဖြင့်စမ်းသပ်ပြီး အပူချိန် (၁၀၇) ဒီဂရီဖာရင်ဟိုက်၊ (၁၀၈) ဒီဂရီဖာရင်ဟိုက်သို့ရောက်သောအခါ အဝတ်ဖြင့်ထုပ်ပိုးပြီး အသင့်ပြင်ထားရပါမည်။
စပါးခွံ (စပါး)၏အပူဓာတ်ဖြင့် ဘဲဥကို အနွေးပေးရန်ဖြစ်ပါသည်။ ထို့နောက်ဖောက်ကျင်း၏ အောက်ဆုံးတွင် အနွေးပေးပြီးသား စပါးခွံ(စပါး) တစ်ထပ်၊ ချွေးထုတ်ထားသော ဘဲဥ (၉ဝ)လုံးပါ တစ်ထုပ်ကို အလှည့်ကျထည့်သွင်းပေးပါ။ ထို့နောက် ဖောက်စင်တစ်ခုလုံးကို စောင်းပါးပါးဖြင့် လွှမ်းခြုံပေးပါ။
ဘဲဥများကိုတစ်ရက် (၃)ကြိမ်ထုတ်ပြီး အထက်အောက်လှဲ့ လှဲ့ပေးပါ။ ရာသီဥတုအေးသောအခါများတွင် စပါးခွံ(စပါး)အထုပ်များကို အပူပြန်ပေးရပါမည်။ (၅)ရက်မြောက်သောနေ့တွင် ဘဲဥများကို မျိုးအောင်/မအောင်စစ်ဆေးပြီး ထုတ်ပယ်ရပါမည်။ မျိုးအောင်ပြီး ဘဲဥများကို ဖောက်ကျင်း၏အောက်ဆုံးတွင်ထားရှိပြီး အပေါ်တွင်ချွေးထုတ်ပြီး ဥအသစ်များကိုထပ်မံထည့်သွင်းရပါမည်။ ထိုနည်းဖြင့် (၅)ရက်တစ်ကြိမ်ဘဲဥများကို ထည့်သွင်းသွားပါ။ သန္ဓေရင့်လာသောအခါ စပါး(စပါးခွံ) များ လှော်စရာမလိုအပ်ပဲ သန္ဓေဘဲဥမှ အပူပြန်လည်ရရှိပါသည်။
ဘဲဥဖောက်ကျင်းထဲ၌ သန္ဓေရက် (၁၈)ရက်ရလာသောအခါတွင် သန္ဓေရင့်ဘဲဥများကို စင်ပေါ်တွင်စီထားပြီး စောင်ပါးပါးဖြင့်လွှမ်းခြုံထားရပါမည်။ ဖောက်စင်ပေါ်တွင်(၁၀)ရက်ကြာသောအခါ ဘဲလေးများ ပေါက်လာပါသည်။
ဘဲသားလေးများဖောက်ရာတွင် လိုအပ်သည့်အပူချိန်၊ ရေထုရေငွေ့ပါဝင်မှု့များကို ဓာတ်ဆရာများမှ အတွေ့အကြုံအရ လိုအပ်သလိုပြင်ဆင်သွားကြပါသည်။ အတွေ့အကြုံရင့်ပြီး စနစ်တကျဖောက်သော ဓာတ်ဆရာများသည် (၇၅)%သားပေါက်ရရှိကြပြီး (၅)ရက်လျှင် တစ်ကြိမ် ဘဲသားပေါက်လေးများ ထုတ်လုပ်ထွက်ရှိနိုင်ပါသည်။
မှီငြမ်း-တစ်ပိုင်တစ်နိုင်ဘဲမွေးမြူနည်း စာမျက်နှာမှ။
အောင်ဇော်လင်း
လွန်ခဲ့သော ၅ လ ကပြည့်ပြည့်စုံစုံလေး ရေးစေချင်တယ်။အခုက နားလည်လွယ်အောင်လည်းမရေး။နမူနာ ပုံက မပါ။တိတိကျကျ က မရှိ။မရှင်းမရှင်းတွေများ။မရှင်းလို့ ပြန်မေးထားတာတွေ လည်း တခုမှ ပြန်မဖြေ။ပြီးစလွယ် စာရေးခြင်းမျိုးပဲ။စေတနာ မတွေ့ရ။
Saw Eh Wah Khu
လွန်ခဲ့သော ၆ လ ကကြက်ဉကောအကောင်ဖောက်လို့ရလားခဗျာ
Lay Kyin
လွန်ခဲ့သော ၂ နှစ် ကဘဲဥမျိုးအောင် မအောင် ဘယ်လိုခဲဲခါးမလဲ ပြောပြပေးကြပါအုံး
Chan pyae lin
လွန်ခဲ့သော ၃ နှစ် ကဘယ်နာရီ ဘယ်နှရက်ခြားတစ်ခါ စပါးကိူလှော်ရမှာလဲခင်ဗျ
U TUN TUN
လွန်ခဲ့သော ၃ နှစ် က၃ ရက် နေရင် တစ်ခါ ပြန် လှန်ပေးရမယ်လို့ရေးထားတာတွေ့ပါတယ်
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
၀က်မမှာ ကိုယ်၀န်ရှိ မရှိ သိနိင်မယ့် နည်းလမ်းလေး ပြောပြပါ
နံပတ်2 • ဖြေကြားချက် 1 ခု
၀က်မ ဆီးတင်တာ ဆေးနဲ့ နှစ်ခါရှိပီ ၂လလောက်မှ ပြန်ဆော့နေလို့ ဘာလို့ဖြစ်တာလည်း
နံပတ်2 • ဖြေကြားချက် 3 ခု
ရည်ပွေပေါက်ပြီးဘယ်နာရီခြားမှာ မွေးမာလဲ။ ဆွေးနွေးပေးပါ..ဆရာတို့
latdan aung • ဖြေကြားချက် 1 ခု
မန်ဒါလီဘဲ
Hein Thu Ra Htike • ဖြေကြားချက် 1 ခု
ဆိတ်သားခွဲဈေး ဘယ်လောက်ရှိလဲဗျ ခုမှစမွေးမလို့ပါ ...ပြည်ဘက်မှာ
KoThet • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from ဦးဇော်(dof)
အားလုံး