အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ငါးကြင်းတစ်ပိဿာ သုံးသောင်းကျပ်ဝန်းကျင်ထိ ဈေးရှိလာ

ငါးကြင်းတစ်ပိဿာ သုံးသောင်းကျပ်ဝန်းကျင်ထိ ဈေးရှိလာ

AMIA
AMIA • 06/05/2026

ပြည်တွင်းအသားငါးဈေးကွက်တွင် ငါးကြင်းဈေးနှုန်းများ မြင့်တက်လာသော်လည်း ကြက်သားနှင့် အမဲသားဈေးနှုန်းများမှာမူ အတက်အကျမရှိဘဲ ငြိမ်နေကြောင်း စုံစမ်းသိရှိရသည်။

ငါးကြင်းတစ်ပိဿာလျှင် ယခင်က ဗိုက်သားနှင့် အရိုးအသားအရောကို ၂၆,၀၀၀ ကျပ်ဝန်းကျင်သာ ရှိခဲ့ရာမှ လက်ရှိတွင် ၃၀,၀၀၀ ကျပ်ဝန်းကျင်အထိ ရှိလာခြင်းဖြစ်သည်။ အသားသီးသန့် အရိုးလွတ်ဖြစ်ပါက တစ်ပိဿာလျှင် ၃၅,၀၀၀ ကျပ်အထက် ရှိနေကြောင်း သိရသည်။ စက်သုံးဆီဈေးနှုန်း မြင့်တက်လာမှုကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်လာခြင်းနှင့် ငါးမွေးမြူရေးအစာများ ဈေးနှုန်းမြင့်တက်လာခြင်းက  ငါးကြင်းဈေးနှုန်း မြင့်တက်လာရသည့် အကြောင်းရင်းတစ်ခု ဖြစ်သည်။

"ငါးကြင်းက ဈေးတက်လာတယ်။ ဈေးတက်လာတော့ စားသုံးသူတွေ ဝယ်ယူစားသုံးမှု အနည်းငယ် လျော့သွားတာပေါ့။ ကျွန်မတို့က လက်လီလက်ကား ရောင်းတာဆိုတော့ ဆယ်သားကစပြီး ရောင်းပေးပါတယ်။ ထမင်းဆိုင်တွေရော စားသုံးသူအစုံပါပဲ" ဟု ငါးကြင်းလက်လီလက်ကား ရောင်းချသူ ကိုသက်က ပြောကြားသည်။ 

ငါးကြင်းဈေး မြင့်တက်လာသော်လည်း ဗမာကြက်နှင့် CP ကြက်ဈေးနှုန်းများမှာ ပုံမှန်အတိုင်းသာ ရှိနေသကဲ့သို့ အမဲသားဈေးမှာလည်း ငြိမ်နေကြောင်း သိရသည်။ 

ကြက်သားဈေးကွက်တွင် ရင်အုပ်ရင်ညွန့် (အရိုးပါ) တစ်ပိဿာလျှင် ၂၅,၅၀၀ ကျပ်၊ ရင်အုပ်အသန့်လျှင် ၂၆,၅၀၀ ကျပ်နှင့် ရင်အုပ်အသားလွှာမှာ ၃၂,၀၀၀ ကျပ် ရှိနေသည်။

"ကြက်သားကတော့ ပုံမှန်အတိုင်း အရောင်းအဝယ် ဖြစ်ပါတယ်။ နေ့တိုင်း ကိုယ့်ဖောက်သည်နဲ့ကိုယ် ပုံမှန်ရောင်းအား ရှိပါတယ်။ ကြက်သားက လူတိုင်းစားသလို စားသောက်ဆိုင်တွေနဲ့ မုန့်ဆိုင်တွေမှာလည်း သုံးစွဲမှုများတယ်လေ" ဟု ကြက်သားဒိုင်လုပ်ငန်း လုပ်ကိုင်သူ ဒေါ်ခင်ကြိုင်က ဆိုသည်။CP ကြက်အရှင်ဖမ်းဈေးမှာ ပိဿာအနည်းအများအပေါ် မူတည်၍ အနိမ့်ဆုံး ၁၂,၀၀၀ ကျပ်မှ ၁၅,၀၀၀ ကျပ်အထိ ရှိပြီး ဗမာကြက်အရှင်ဖမ်းဈေးမှာ ၁၈,၀၀၀ ကျပ်ဝန်းကျင် ရှိကြောင်းသိရသည်။

ကြက်အရှင်ဖမ်းဈေးမှာ ဈေးကွက်အတွင်း အကျဘက်တွင်သာ ရှိနေသည့်အတွက် အသားဈေးမှာလည်း ပုံမှန်ဈေးနှုန်း၌သာ ဆက်ရှိနေခြင်းဖြစ်သည်။ အမဲသားမှာလည်း ယခင်အတိုင်း တစ်ပိဿာလျှင် ၃၅,၀၀၀ ကျပ်ဝန်းကျင်၌သာ ရှိနေပြီး ဝယ်လိုအားမှာ ပုံမှန်အနေအထားတွင် ရှိနေသည်။

သို့သော် နယ်မြေဒေသအပေါ် မူတည်၍ ဈေးနှုန်းကွာခြားချက်များ ရှိနေပြီး ကချင်ပြည်နယ်၊ ဖားကန့်ဒေသဘက်တွင်မူ ကြက်သားတစ်ပိဿာလျှင် ကျပ် ၁ သိန်း၊ အမဲသားလျှင် ၉၀,၀၀၀ ကျပ်နှင့် ငါးကြင်းတစ်ပိဿာလျှင် ကျပ် ၁ သိန်းအထိ ရှိနေကြောင်း သိရှိရပါသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်မေးခွန်းများ

ပဲပတ်ပီး ဘယ်နှစ်ရက်လောက်ကြာရင် ဆေးဖြန်းရလည်းဗျ

Sa Paing Ko Ko Win • ဖြေကြားချက် 1 ခု

ဆရာရေ မိုးအရမ်းရွာပီဗျို့ 6 နာရီကနေ 6:30 ထိအတော် သည်းတာဆရာ အခု 7:30 မှာ မိုးထပ်ရွာတယ် မိုးစွေလောက်တယ်ဆရာ မိုးမရွာလို့ ဂရမ်းဖျန်းပီးပစ်ထားတာ တစ်ပတ်လောက်ရှိနေပီဆျာ

U Yan • ဖြေကြားချက် 1 ခု

ငရုပ်သီး စိုက်ရင်( ရေ အစက်ပေးတဲ့ စနစ်နဲ့ ။ ရေပန်း ပေးတဲ့ စနစ် )နှစ်ခုအားသာ ချက် အားနည်းချက်ပြောပြပေးလို့ရမလား

ကိုရှား • ဖြေကြားချက် 2 ခု

ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။

Nyi M Htet • ဖြေကြားချက် 2 ခု

စပါးက အနှံပြူနေပါပီ ရေမရှိတော့ဘူး မြေကစိုနေရင် အဆေ့အဆန် ပြည့်၀နိင်သလား အမှော်အဖျင်း များမလား ဆရာ

နံပတ်2 • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။