ဗီဇအင်ဂျင်နီယာနည်းပညာ (Genetic Engineering)
ဗီဇအင်ဂျင်နီယာနည်းပညာဆိုသည်မှာ မိမိလိုအပ်သော မျိုးဗီဇကို အသုံးပြုလိုက်သော သီးနှံပင်တွင် ထည့်သွင်းခြင်းပညာပင်ဖြစ်သည်။ မျိုးရိုးဗီဇကို ကိုပြောင်းရွှေ့ထည့်သွင်းသည့်ဗီဇအင်ဂျင်နီယာ နည်းပညာ အသုံးပြု၍ မျိုးဗီဇကို ပြန်လည်ပြင်ဆင်တည်ဆောက်ခြင်းဖြင့်မျိုးသစ်များကို ထုတ်လုပ်ခဲ့ကြပါသည်။ ဤသို့လိုလားသည့်လက္ခဏာပါသည့် ဗီဇထည့်သွင်းပြီးနောက် အာဟာရ ပြင်ပေါ်တွင် မွေးမြူခြင်းဖြင့် ဗီဇပြုပြင်ထားသော အပင်ငယ်ကို ရရှိနိုင်ပါသည်။
ဗီဇအင်ဂျင်နီယာနည်းဖြင့် ဆန်းပြားသော အရောင်အသွေးရှိသည့် သစ်ခွပန်းမျိုးသစ်များကို ထုတ်လုပ်လျက်ရှိပါသည်။ ထို့ပြင် အင်းဆက်ဖျက်ပိုး၊ ဘက်တီးရီးယား၊ဗိုင်းရပ်နှင့် မှိုရာဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးသစ်များနှင့် ပေါင်းသတ်ကဆေး၊ အပူအအေးဒဏ်၊ ရေငတ်ဒဏ်၊ ရေများမှုဒဏ်၊ ဆားငန်ဒဏ် နိုင်ရည်ရှိသော သီးနှံမျိုးများကို ထုတ်လုပ်နိုင်ခဲ့ပါသည်။
အပင်ဇီဝနည်းပညာရပ်တွင်ပါဝင်ကသာ ဗီဇအင်ဂျင်နီယာနည်း (Genetic engineering) ဖြင့် အလိုရှိသော ဗီဇအချက်အလက်များကို လိုသလိုဖြတ်တောက်၍ သက်ရှိတစ်မျိုးမှ အခြား တစ်မျိုးသို့ ရွှေ့ပြောင်း ထည့်သွင်းခြင်း ပြုလုပ်လာနိုင်သောကြောင့် ဗီဇပြုပြင်ထားသော သီးနှံအမျိုးမျိုး (Genetically Modified Organisms) ဖြ စ်ပေါ်လာခဲ့ပါသည်။

သာဓကအားဖြင့် နိုင်ငံအချို့တွင် ကြာရှည်စွာ အထားခံသော၊ ရိတ်သိမ်း သယ်ဆောင်သည့် ဒဏ်ခံနိုင်ရည်ရှိသော၊ အသားပိုမိုတင်းမာသော လက္ခဏာ များရရှိကအာင် ပြုပြ င်ထားသည့် ခရမ်းချဥ်မျိုး၊ Provitamin A အာဟာရဓာတ်ကို ဖြ ည့်သွင်းထားကသာ Golden Rice၊အဆီပါဝင်မှုလျှော့ချထားသောမြေပဲနှင့် ပဲပုပ်၊ ပိုးမွှားရောဂါနှင့် ပေါင်းသတ်ဆေးကို ခံနိုင်ရည်ရှိသည့် ဝါ၊ ခရမ်းချဥ်၊ ပြောင်းဖူး၊ စပါး၊ အာလူး၊ မုန်လာဥနီနှင့် ဆေးရွက်ကြီး စသည်တို့ကိုလည်း လူသားတို့အကျိုးအတွက် ထုတ်လုပ်နိုင်ခဲ့ပါသည်။
ထို့အပြင် ရောဂါအမျိုးအမည် ခွဲခြားဖော်ထုတ်ခြ င်း (ဥပမာ - AIDS ရောဂါရှိမရှိစမ်းသပ်ခြင်း) အတွက်လည်းအပင်ဇီဝနည်းပညာကို နိုင်ငံအများအပြားတွင် အသုံးပြုလျက်ရှိကြပါသည်။
Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Win Ko Thu
လွန်ခဲ့သော ၁ နှစ် ကကျေးဇူးပါ
ဆက်စပ်မေးခွန်းများ
တကယ်ချေးလို့ရပါသလား
kyi kyiaye • ဖြေကြားချက် 1 ခု
မတ်ပဲနဲ့ပဲကီးခင်းထဲတွင် ရွေးချယ်ပေါင်းသတ်ဆေး ဘာဖျန်းရမလဲ သိရင် ပြောပေးပါ ဦးဗျ
Thura Htun • ဖြေကြားချက် 4 ခု
ငရုတ်ကောင်းမျိုး နိုင်ငံခြားမျိုးကောင်းရှိရင် ပြောပြပေး ကြပါ ဧရာဝတီတိုင်းပုသိမ်ဘက်ခြမ်းဆိုပိုအဆင်ပြေတယ်
စောလှထွန်း • ဖြေကြားချက် 1 ခု
စပါးအပင်တွင်းရှိတဲ့ဆစ်ပိုးကိုသေစေဖို့ဘာဆေးသုံးသင်လည်းဗျဆစ်ပိုးသေပီတော့အပင်ပြန်ပြည့်ဖို့အတွက်ဆစ်ပိုးကျတဲ့နေရာကိုပုလဲသုံးပီပက်ရင်ဆင်ပြေလား
ကိုမျိုး • ဖြေကြားချက် 2 ခု
မဂ်လာပါဗျခုနှစ်မှစမ်းစိုက်တဲ့ငရုတ်လေးမိုးများတော့သိပ်မကောင်းဘူးဖြစ်နေပါတယ်ဆရာမိုးတွင်းမစိုက်ပဲနွေရာသီမှာအစက်ချစနစ်နဲ့ခရမ်းချဉ်ဖြစ်ဖြစ်ငရုတ်ဖြစ်ဖြစ်အဆင်ပြေနိုင်လားမသိဘူးဖြစ်နေပါတယ်ရေသွင်းဖို့ကမြေကမညီဖြစ်နေပါတယ် 4/5လပိုင်းလောက်အပေါ်ဆိုနွေဒဏ်ကိုဘယ်သီးနှံကပို့သင့်တော်မလည်းဗျဆောင်းအပေါ်ဆိုကျနော်တို့ဘက်ဈေးသိပ်မရလို့ပါဗျကျေးဇူးတင်ပါတယ်ဗျ
naing lin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်းရဲ့ website အသစ်ထဲမှာ ဈေးတန်းကြီးရှိနေပြီဆိုတာ သိထားပြီးကြပြီလား?
07/10/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026