ဖြေကြားချက် ၄ ခု
@YeMinZaw သဘာဝမြေဩဇာကို အလုံးပုံစံဖြင့် အရည်အသွေးမီ ထုတ်လုပ်ရောင်းချနိုင်ရန်အတွက်ဆို ကုန်ကြမ်းစတင်ရောစပ်ချိန်တွင် C:N Ratio (ကာဗွန်နှင့် နိုက်ထရိုဂျင် အချိုး) ကို ၂၅:၁ မှ ၃၀:၁ ကြား ထားရှိရန် လိုအပ်ပါတယ်။ ထိုအချိုးအစားသည် အဏုဇီဝပိုးများ အကောင်းဆုံး ပေါက်ဖွားနိုင်ပြီး ဆွေးမြေ့မှုမြန်ဆန်စေကာ မြေဆွေးအဖြစ် ပြောင်းလဲသွားချိန်တွင် မြန်မာနိုင်ငံ၏ သဘာဝမြေဩဇာ စံချိန်စံညွှန်းသတ်မှတ်ချက်ဖြစ်သော C:N Ratio ၂၀:၁ အောက် (ပုံမှန်အားဖြင့် ၁၀:၁ မှ ၁၅:၁ ကြား) သို့ ရောက်ရှိသွားမည်ဖြစ်ပါတယ်။ အလုံးပုံစံပြုလုပ်ရာတွင် ကောင်းစွာဆွေးမြေ့ပြီးသား မြေဆွေးကို အမှုန့်ကြိတ်၍ စေးကပ်စေရန် ချုပ်ဆေး (Binder) အဖြစ် ဘန်တိုနိုက်ရွှံ့စေးမှုန့် (Bentonite)၊ ကော်မှုန့် သို့မဟုတ် ဟူးမစ်အက်စစ် (Humic Acid) ၃% မှ ၅% ခန့် ရောစပ်ပေးရပါမယ်။ ထို့နောက် အစိုဓာတ် ၂၅% - ၃၀% ခန့်ထိန်းညှိကာ အလုံးလှိမ့်စက် (Disc Granulator) သို့မဟုတ် အတောင့်ဖြတ်စက် (Pellet Mill) ဖြင့် ပုံသွင်းပြီး ရေငွေ့ပါဝင်မှု ၁၅% အောက်ရောက်သည်အထိ အခြောက်ခံမှသာ အိတ်သွပ်သိုလှောင်ရာတွင် မှိုမတက်ဘဲ ကြာရှည်ခံမည်ဖြစ်ပါတယ်ခင်ဗျာ။ နီးစပ်ရာ သဘာဝမြေဩဇာစက်ရုံများတွင်သွားရောက်လေ့လာသင့်ပါတယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
@YeMinZaw သဘာဝမြေဩဇာကို ကိုယ်တိုင်ထုတ်လုပ်ရောင်းချရန်အတွက် ကာဗွန်ဓာတ်ကြွယ်ဝသော အညိုရောင်ပစ္စည်းများ (ကောက်ရိုး၊ စပါးခွံ၊ သစ်ရွက်ခြောက်) ၆၀% နှင့် နိုက်ထရိုဂျင်ဓာတ်ကြွယ်ဝသော အစိမ်းရောင်ပစ္စည်းများ (နွားချေး၊ ကြက်ချေး၊ ဗေဒါပင်) ၃၀% တို့ကို အာဟာရဖြည့်စွက်စာ (ဖွဲနု၊ နှမ်းဖတ်၊ အရိုးမှုန့်) ၁၀% ဖြင့် အလွှာလိုက် ရောစပ်ပုံရပါမယ်။ ထို့နောက် ဆွေးမြေ့မှုမြန်စေရန် အကျိုးပြုအဏုဇီဝပိုး (EM သို့မဟုတ် ဒိုချက်ကင်း) နှင့် တင်လဲရည်ဖျော်ရည်ကို အစိုဓာတ် ၅၀%-၆၀% ရရှိအောင် ဖျန်းပေးပြီး ပလတ်စတစ်စဖြင့် လုံအောင်ဖုံးအုပ်ထားရပါမယ်။ ၇ ရက်မှ ၁၀ ရက်တစ်ကြိမ် အထက်အောက် လှန်ပေးခြင်းဖြင့် ၃ ပတ်မှ ၆ ပတ်အတွင်း ကောင်းစွာဆွေးမြေ့သွားပါက ဇကာချခြင်း သို့မဟုတ် အမှုန့်ကြိတ်ခြင်း ပြုလုပ်၍ စီးပွားဖြစ် အိတ်သွပ်ရောင်းချနိုင်ပါတယ်။
ဆက်စပ်မေးခွန်းများ
ငှက်ပျော အမှည့်မှာ သီးထိုးယင်လာလာထိုးနေလို့ ဘယ်လိုလုပ်ရမလဲ ခင်ဗျ methyl eugenol နဲ့ ထောင်ခြောက်လုပ်ဖမ်းရတယ်...
ဖြေကြားချက် 5 ခု
တနင်္သာရီတိုင်းတွင် တင်လဲရည်ဝယ်ယူရန်မလွယ်ပါသောကြောင့် ငါးအမိုင်နို့နင့် သဘာဝမြေဩဇာလုပ်ရာတွင့်အသုံးပြုသော တင်လဲ...
ဖြေကြားချက် 1 ခု
ငှက်ပျောပင်ကို မေလ နှင့် လာမဲ့ နိုဝင်ဘာလတွေမှာ စိုက်လို့ရလားဗျ
ဖြေကြားချက် 2 ခု
ငှက်ပျောချဥ်ပင်ပိုးကျလို့အကုန်လုံးကိုခုတ်ပစ်လိုက်ပါတယ်။အခုပြန်လည်အသစ်ထွက်နေပါပြီ။အခိုးအသစ်ထွက်နေတဲ့အဲဒီအပင်လေး...
ဖြေကြားချက် 1 ခု
ငပျောပင်ကြီးခုတ်လိုက်လို့ ထပ်ပေါက်လာတဲ့ ငှက်ပျောပင်လေးတွေကို ရွေ့စိုက်လို့ရလား? ထားမယ်ဆိုရင်ရော ဘယ်နှစ်ပင်သင့်...
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ