မတ်ပဲပင်တွေ ဝါညှိုးသေ...ဘာတွေလုပ်သင့်လဲ
ဆောင်းသီးနှံဖြစ်တဲ့ မတ်ပဲခင်းတွေ ခူးဆွတ်ရမယ့် အချိန်မတိုင်ခင် အရွက်ဝါပြီး၊ အပွင့်အသီးတန်းလန်းနဲ့ ညှိုးသေတာမျိုးတွေဖြစ်နေတာ တွေ့နေရပါတယ်။
ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ အကြောင်းရင်း များစွာရှိပါတယ်။
- မြေဆောင်မှိုရောဂါ(Soil borne diseases)ဖြစ်ခြင်း
- အောက်ခံမြေ ထယ်ရေး/ထွန်ရေးကြောင့်ဖြစ်ခြင်း
- ရာသီဥတုအခြေအနေနှင့် စိုက်စနစ်မကိုက်ညီခြင်းစတဲ့ အဓိကအချက်တွေကို ကောက်ချက်ချလိုပါတယ်။
ဒီနေရာမှာ မြေဆောင်မှိုရောဂါတွေဖြစ်တဲ့
- ဖျုဆေရိယန် ညှိုးသေရောဂါ(fusarium wilt)
- အမြစ်ဆွေးခြောက်ရောဂါ(Rhizoptonia sp)
- စကလယ်ရိုရှန်ပင်ညှိုးရောဂါ (Sclerotium disease)စတဲ့ရောဂါတွေ အကြောင်းထက် ထယ်ရေး/ထွန်ရေးနဲ့ စိုက်စနစ်အကြောင်း ဆွေးနွေးချင်ပါတယ်။
၁။ အောက်ခံမြေ (ထယ်ရေး/ထွန်ရေးကြောင့်ဖြစ်ရခြင်း)
ယခုနှစ် မိုးရွာသွန်းမှုများပြားခြင်းကြောင့် ပဲစိုက်ရာသီတွင် အစိုဓာတ်မြင့်မားချိန် စက်ထွန်များဝင်ကြရပါတယ်။ မြေစေးမြေမှာ အစိုထွန်ပြီး ပဲကြဲရင် မြေခြောက်သွေ့ချိန်မှာ အပင်ငယ် ၁ လသားရွယ် ခါးကြပ်လာပါတယ်။
(မြေအောက်ရေ(underground water levelမှရေစိုဓာတ်ကို ဆံချည်ပြွန်လေးများ(capilary tube)မှ တဆင့်အမြစ်ဆီမပို့နိုင်ပဲ မြေသားဖွဲ့စည်းပုံ(soil texture) ပျက်သွားတာကြောင့်ပါ)
တချိန်တည်းမှာ ပဲပင်ရဲ့ရေသောက်မြစ်ဟာ မြေဆီလွှာအမာကြော(hard pan)ကိုမထိုးဖောက်နိုင်ဘဲ ရေကြောစည်း အလုပ်မလုပ်နိုင်ဖြစ်လာပါတယ်။
မြေဆောင်မှိုတွေဖြစ်တဲ့ ဖျူဆေရိယန်၊ အမြစ်ဆွေးခြောက်မှိုရောဂါတွေဟာ hard pan နေရာတွင်ရှိနေတတ်ရာ ရေသောက်မြစ်ကတဆင့် ရောဂါဝင်ရောက်ရန် အခွင့်သာစေပါတယ်။
ပဲပင် ၄၅ ရက်သား အပွင့်သီးဝင်ချိန် ရေနဲ့ အာဟာရဓာတ် အလိုအပ်ဆုံးအချိန်ဖြစ်ပါတယ်။
ဒီအချိန်မှာမှ ရေကြောစည်း(Xylem)မှာ ရောဂါရခြင်း၊ ရေ/အာဟာရဓာတ်ခမ်းခြောက်ခြင်းဖြစ်ကာ အရွက်ဝါခြင်း၊ အပင်ညှိုးခြင်း လက္ခဏာများ ဖြစ်လာပါတော့တယ်။
အလွယ်ဆုံးနဲ့ အရှင်းဆုံးပြောရရင် မြေကြပ်/ရေငတ် ပြီး အပင်ညှိုးသေရတာပါ။

လတ်တလော ဖြေရှင်းရန်နည်းလမ်းများ
- ရနိုင်တဲ့ ရေအရင်းအမြစ်ကနေ ဖျန်းရေစနစ်နဲ့ ရေဖျန်းပါ။ (အပေါ်ယံမြေကြပ်နေတာကို အပင်ခါးချောင်စေရန်နဲ့ အောက်ခံမြေအစိုဓာတ်နဲ့ အပေါ်ယံအစိုဓာတ် ဆက်စပ်မိရန်သာ ရည်ရွယ်ပါတယ်။)
- စပါးပင် ရေသွင်းသလို ရေများများမသွင်းရပါ။ (ပဲပင်သေတတ်ပါတယ်။)
- ရေဖျန်းပြီး ၂ ရက်ခန့်မှာ fosetyl aluminium မှိုသတ်ဆေးကို ဆေး ၁ ပုံး ၈၀ ဂရမ်နှုန်းဖျန်းပါ။ ဒါမှမဟုတ် ထရိုင်ကိုဒါးမား ၂၀၀ စီစီ+အီးအမ် ၅၀ စီစီနှုန်းဖျန်းပါ။
- ရေမဖျန်းနိုင်ပါက ဆေးဖျန်းပုံးဖြင့် ရေရွှဲရွှဲဖျန်းပါ။ (ပြီးမှမှိုသတ်ဆေးဖျန်းပါ။)
အကြံပြုတင်ပြခြင်း
စပါးရိတ်သိမ်းချိန်နောက်ကျပြီး မြေအစိုများနေပါက ခုတ်ဖုံးစနစ်ဖြင့် ပဲကြဲပါ။
'ရိတ်ချွေစက် ဘီးရာနေရာများကို ရေကြာကြာလှောင်ထားခြင်းက မြေမာခြင်းကို သက်သာစေပါတယ်။
တတ်နိုင်သမျှ မြေထန့်အောင်စောင့်ပြီး ထယ်ရေးနက်နက်/မှုန့်ညက်သောထယ်ရေးရမှ ပဲကြဲပါ။
မတ်ပဲ စိုက်ချိန်ကို နိုဝင်ဘာလအတွင်း အပြီးစိုက်ပါ။
မြေကြပ်/ရေငတ် မဖြစ်စေရန်၊ မြေခံအဖြစ် သဘာဝမြေဆွေး(Organic Matter)၊ဂျစ်ဆန်(Gypsum)မဖြစ်မနေထည့်ပေးပါ။
ပဲစိုက်သက်တမ်း ၁၀နှစ်ကျော်သောမြေဖြစ်ပါက အခြားသီးနှံ ပြောင်းလဲစိုက်ပျိုးပါ။
(အမြစ်ခြောက်ဆွေးရောဂါ Dry root rotဟာ မြေကြီးအတွင်း နှစ်ပေါင်းဆယ်ချီပြီး အသက်ရှင်သန်နိုင်ကြတယ်လို့ဆိုပါတယ်။ ဒါအပြင့် ရောဂါကျရောက်ချိန် အဆိုပါရောဂါကို အပြီးသတ်နှိမ်နင်းနိုင်ရန် ခက်ခဲနိုင်ပါတယ်။)
စေတနာများစွာဖြင့်..
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဒေါအေးသန်း
လွန်ခဲ့သော ၁၀ လ ကအေရာဝတီအနောက်ချန်မုာမက်ပဲပင်တွေမြေရှောတာတွေရတယ်
AungKo
လွန်ခဲ့သော ၁ နှစ် ကhi
AungKo
လွန်ခဲ့သော ၁ နှစ် ကhi
ဒို့ဦးလေး
လွန်ခဲ့သော ၁ နှစ် ကမှန်ပါတယ်။ကြိုတင်ကာကွယ်နည်းစနစ် ပြည့်ပြည့်ဝဝပြုလုပ်ခဲ့ထိရောက်တာပါ အပင်ပေါ်ကျရောက်မှဆေးဖျန်းရင် နောက်ကျပါပြီ။
ko aye ko oo
လွန်ခဲ့သော ၁ နှစ် ကပင်စီထိုးယင်နဲ့အမြစ်ဆွေးခြောက်ပြဿနာကဘယ်လိုမှတားမရဖြေရှင်းမရဖြစ်နေတယ်ပဲတီစိမ်းနဲ့မတ်ပဲမှာ😔😔😔
ဆက်စပ်မေးခွန်းများ
ဝါးဆင့်ပိတ် တောင်ထိပ့်ဝါးပါ ၁နှစ် ၁ကြိမ်မီးလောင်မိတဲ့ ဝါးပင်ပါ တောင်ထိပ့်လဲဖြစတော့ ဝါးပင်က ၁၅ပေထက်မရှည်ဘူး သဘာဝဝါးပင်ပါ ဘယ်အချိန်မှာခုတ်ရင် ပိုးမထိုးလဲ မိုတွင်းခုတ်ရင်ရော အဆင်ပြေလား ခုတ်ပြီးရေစိမ်နည်းက ရေရှားလို့ အဆင်မပြေပါလိုပါ သူများပြောပြဒါတော့ ခုတ်ပြီး အပင် အနားမှာဘဲ ပြန်ထောင်းပြီး ၁လနေရင် အရိပ့်ထဲသိမ်းရင် အဆင်ပြေနိုင်လား သိပါရစေ ပုံက သူများဟာပါ
ဘိုဘို • ဖြေကြားချက် 1 ခု
(Profenofos 50% EC) ကို ကြက်သွန်နီစိုက်ခင်း နှစ်လ ဆယ်ရက်သားကို ငမြှောင်တောင်နိမ်နင်းဖို့အတွက် သုံးရလား ဆေးေလာင်ကျွမ်းတာ ဖြစ်နိုင်လား သိချင်ပါတယ် ဆရာကြီးတို့ခင်ဗျ
aungsoe • ဖြေကြားချက် 2 ခု
ရွက်ဖျားတွေခြောက်နေလို့ပါ။ဘာဆေးသုံးပေးရမလည်း
ဒေါ်စိုးမိုးသန်း • ဖြေကြားချက် 3 ခု
ဘိုစားပဲ တချို့အပင်တွေအဲလိုဖြစ်နေလို့ဘာဆေးဖြန်းသင့်လဲဗျ
သူရစိုး • ဖြေကြားချက် 2 ခု
ဘာပိုးကျတာလဲခင်ဗျာမှိုရောဂါဖစ်တာလားခင်ဗျာ
Dar Gypt • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from Thar Po
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....