Diamide အုပ်စု(IRAC-group 28) ပိုးသတ်ဆေးအကြောင်း
ယနေ့စိုက်ပျိုးရေးလောကမှာ ပိုးသတ်ဆေးတွေကို အသုံးပြုမှုများလာတာကြောင့် ပိုးတွေရဲ့ ဆေးဒဏ်ခံနိုင်ရည်ရှိမှု၊ ပိုးမနိုင်မနင်းဖြစ်မှု၊ ဆေးဖိုးကုန်ကျစရိတ်များမှု၊ သီးနှံအထွက်လျော့နည်းမှုနဲ့ ဓာတ်ကြွင်းပြဿနာဈေးကွက် ပြဿနာတွေ တိုးလာနေပါတယ်။
ဒီလိုအခြေအနေမှာ
IRAC Group 28 ထဲမှာပါတဲ့ ဒိုင်ယာမိုက်ပိုးသတ်ဆေး(Diamide insecticides) တွေဟာ ဆေးအာနိသင်အသစ်အနေနဲ့ အရေးပါတဲ့အခန်းကဏ္ဍတစ်ခုမှာ ပါဝင်နေပါတယ်။
IRAC Group 28 ဆိုတာဘာလဲ?
Diamide (IRAC Group 28) ဆိုတာ ဖျက်ပိုးရဲ့ ကြွက်သားအတွင်းကို ပစ်မှတ်ထားတဲ့ ပိုးသတ်ဆေးပဲဖြစ်ပါတယ်။
တနည်းအားဖြင့် ဖျက်ပိုးရဲ့ ကြွက်သားအတွင်းရှိ Ryanodine receptor(RyR)ကို ကမောက်ကမဖြစ်ပြီး ပိုးတွေကို တဖြည်းဖြည်းမျှင်းပြီး
သေစေတဲ့ ဆေးအာနိသင်အသစ် (novel insecticide) ဖြစ်ပါတယ်။
Diamide ပါဝင်တဲ့ ပိုးသတ်ဆေး RyR (Ryanodine Receptor) ကိုဘယ်လိုတိုက်ခိုက်လို့ ဖျက်ပိုးကို ဘယ်လိုသတ်သလဲ?
ဖျက်ပိုးရဲ့ ကြွက်သားနဲ့ထိမိသည်နှင့်တပြိုင်နက် Ryanodine receptor (RyR) ကို target လုပ်ပြီး ကြွက်သား ဆဲလ်အတွင်းသို့ Calcium (Ca²⁺) အဝင်/အထွက် တံခါးကို ပုံမှန်ထက် ကြိမ်ဖန်များစွာလုပ်ဆောင်ပါတယ်။
ဒါကြောင့် Ca²⁺ ကို muscle cell ထဲသို့ အလွန်အကျွံ ဖြစ်သွားစေပါတယ်။
ဖျက်ပိုးရဲ့ကြွက်သားMuscle တွေ ထဲမှာ Ca²+တွေ စုပုံလာပြီး ဆေးထိတဲ့ပိုးတွေဟာ
- သွက်ချပါဒဖြစ်ခြင်း (paralysis)
- ဆေးထိပြီး ချက်ချင်း မစားနိုင်ခြင်း (feeding stop)
- ပိုးကောင် အရေပြားကျုံ့ပြီး သေးသွားကာ တဖြည်းဖြည်း သေ သွားစေပါတယ်။
အခြားဆေးအုပ်စုတွေနဲ့ မတူတဲ့ Diamide (Group 28) ရဲ့ထူးခြားချက်
နာ့ဗ်ကြောစနစ်ကို တိုက်ခိုက်တဲ့ဆေးအုပ်စုမဟုတ်လို့ ဒိုင်းကနဲ ဘိုင်းကနဲ သေတဲ့( Knock down action )မဟုတ်ပါဘူး။
ဥပမာ:
- အော်ဂနိုဖော့စဖိတ်အုပ်စုနဲ့ ကာဘာမိတ်အုပ်စုတွေဟာ ဗဟိုနာ့ဗ်ကြော တိုက်ခိုက်ခြင်း
- ဆေးဂန္ဓမာအုပ်စုPyrethroid ဟာ ဆိုဒီယံ လမ်းကြောင်းဖျက်ဆီးခြင်း
- နီယိုနီကိုတီနွိုက် ာ အာရုံကြောများကို အလွန်အကျွံ့လှုံဆော်လိုက်ခြင်းပြုလုပ်ပြီးတော့
ဒိုင်ယာမိုက်က ဖျက်ပိုးရဲ့ ကြွက်သားကို တိုက်ခိုက်ပါတယ်။

ဒိုင်ယာမိုက်၏အားသာချက်များ
ပစ်မှတ်ချင်းမတူသဖြင့် အခြားဆေးများဖျန်းပြီး မနိုင်သော ဖျက်ပိုးလောက်ကောင်များကို နှိမ်နင်းနိုင်ခြင်း။
ဆေးဖျန်းပြီး၊ ပိုးနဲ့ဆေးထိမိသည်နှင့် ချက်ချင်းမစားနိုင်တော့ခြင်း။
ဆိုလိုတာကတော့ ပိုးတွေချက်ချင်းမသေဘူး ဒါပေမယ့် မစားနိုင်တော့ပါဘူး။
သီးနှံ ကို ပိုးဖျက်ဆီးမှု လျှော့ချပေးနိုင်ကာ ဖျက်ပိုးရဲ့ ကြွက်သားအတွင်းရှိ Ryanodine receptor(RyR) ကိုသာ ထိခိုက်ပြီး လူ/တိရစ္ဆာန်အတွက် အဆိပ်သင့်မှု နည်းစေပါတယ်။
တစ်ကြိမ်ဖျန်းရင် ဆေးသက်ကြာရှည်တဲ့အတွက် ဆေးဖျန်းအကြိမ်သက်သာစေပါတယ်။
သတ်မှတ်နှုန်းထားနဲ့သုံးပြီး ဘက်စုံလိုက်နာခြင်းဖြင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများအတွက် အထောက်အကူဖြစ်သော ဆေးတစ်မျိုးဖြစ်ပါတယ်။
အသုံးပြုနိုင်သော ဖျက်ပိုးများ
လိပ်ပြာ/ဖလံအုပ်စု ဖျက်ပိုးများ(Lepidoptera pests)ကို နှိမ်နင်းရာမှာ အသုံးပြုနိုင်ပါတယ်။
ဥပမာ: စပါးဆစ်ပိုး (Stem borer)၊ ရွက်လိပ်/ကပ်ပိုး (Leaf folder)၊ ငမြှောင်တောင် (Armyworm)စသည့် နှိမ်နင်းရခက်သော ပိုးများကို ( out break )မနိုင်မနင်း မဖြစ်စေရန် ထိန်းပေးနိုင်သော ဆေးအမျိုးအစား ဖြစ်ပါတယ်။
ဒိုင်ယာမိုက်တွင်ပါဝင်သော ဆေးအေအိုင်များမှာ
-Flubendiamide
-Chlorantraniliprole
-Cyantraniliprole တို့ပဲ ဖြစ်ပါတယ်။
ကဲ. ပိုးကောင်တွေကို ဇာတ်ထဲက မင်းသားသေသလို တဖြည်းဖြည်းချင်း သေစေချင်တယ်။ ဆေးဖျန်းအကြိမ်ရေလည်း လျှော့ချင်တယ်။ ဆေးအုပ်စု မတူတာလည်းသုံးချင်ရင်တော့ ဒိုင်ယာမိုက်အုပ်စု တွေကိုသာ သုံးကြဖို့ တိုက်တွန်းလိုပါတယ်ဗျာ။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Naing Lin
လွန်ခဲ့သော ၁ လ ကgroup 28 ရနိုင်တဲ့ဆေးအမည်ပြောပြပါလား
Mg lin linn
လွန်ခဲ့သော ၄ လ ကမြေအောင်းပိုနိမ်နင်းနည်းလေးပြောပြပါလားဗျာ ကြက်သွန် အတွက်
Aung Naing Thu
လွန်ခဲ့သော ၆ လ ကsystemic နဲ့translaminar actionလားဆရာ
ဒို့ဦးလေး
လွန်ခဲ့သော ၇ လ ကတောင်ကြီး၊လပ်ကီးဆဲဗင်း ဆေးဆိုင်ကဲ့သို့ စိုက်/ဆေးဆိုင်တွေမှာရှိပါတယ်။
ခွန်သာဒွန်း
လွန်ခဲ့သော ၇ လ ကရှမ်းပြည်ရောဆေးရောက်ပြီလား
ဆက်စပ်မေးခွန်းများ
Tetraniliprole ပိုးသတ်ဆေး AI အကြောင်းသိချင်လို့ပါဗျ မတ်ပဲ ပွင့်ထွေးပိုးအတွက် တစ်မျိုးတည်းသုံးလို့အဆင်ပြေလားဗျ
Yan Paing oo • ဖြေကြားချက် 1 ခု
ဆရာရေမုန်လာဥကြီးထွားချိန်မှာပုံပါအတိုင်းမုန်လာဥရဲမြေကြီးအတွင်းပိုင်းအဆင်းမြောင်းတွေဖြစ်အောင်ဖြက်ပိုးကဘာပိုးလဲဆရာပုံမှန်ဖြန်ဆေးတွေနဲ့မရတော့ဘူးတချို့အခင်းတော်တော်များများပျက်စီးတယ်ဆေးဆိုင်ကဆရာကတော့ပုံပါဆေးထည့်ခိုင်းတယ်တခြားဘာဆေးဖြန်းရမလဲအကြံပြုပါဦ
aungkolatt • ဖြေကြားချက် 1 ခု
စပါးပင်များတွင်နှံ့စုပ်ပိုးများတွေ့နေ၍ဘယ်လိုပြုလုပ်ရမလဲဆရာ။
U Win Zaw • ဖြေကြားချက် 2 ခု
ဆရာကြီးခင်ဗျ ဒီနှစ်မှမကြုံစဖူး နောက်ကျထွန်ပဲခင်းတေ ငမြောင်တောင်တီးတာ အပင်ငုတ်ပဲကျန်ပါတော့တယ်ဗျ ပဲပင်က 10ရက်သားတောင်မပြည့်သေး ပါဘူး ရေဦးပဲတေက ငမြောင်တောင်အနည်းငယ်ပဲ ကျပြီး ဘာလို့ထွန်ပဲကျမှအဲ့လောက်တောင်ဆိုးရတာလဲရှင်းပြပါဦး ဘယ်လိုထိေရာက်ေအာင် နိမ်နှင်းရမလဲ ကျန်တဲ့အခုမှစပေါက်မဲ့ပဲလေးတေကိုလည်း ဘယ်လိုကာကွယ်ထားရမလဲ ဆရာခင်ဗျ လေးစားလျက်ပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 2 ခု
၁/မန်ကိုဇက်+ဆိုင်မိုစနေးလ် ၂/မန်ကိုဇက်+မက်တယ်လက်ဇီး ၃/မန်ကိုဇက်+ဒိုင်မီသိုမော့ ၄/မန်ကိုဇက်+ကာဗင်ဒါဇင်။ ဆေးတွဲဖျန်းသည့်အခါ ရောစပ်ရမည့် ဆေးနုန်းထားလေးတွေကို သိချင်ပါတယ်။
ဦးသန့်ဇင်ထွန်း • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ပဲပုပ်ပင်လိုအပ်သော အာဟာရများ
26/11/2026
ရှမ်းမြောက် လမ်းကြောင်းမှ တရုတ်နိုင်ငံသို့ ဖရဲသီး စတင် တင်ပို့နေ
26/11/2026
ပင်လယ်စပျစ်သီး၏ ထူးခြားသောသဘာဝနှင့် ဂေဟစနစ်အတွက် အကျိုးပြုပုံ
25/11/2026
၂၀၂၇ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ ပြင်းထန်သော အပူချိန် စံချိန်တင်နိုင်ခြေရှိ
24/11/2026
ဝါးစိုက်ပျိုးရေးနှင့်ကာဘွန်ခရက်ဒစ် (အပိုင်း - ၁)
24/11/2026
More from Thar Po
အားလုံး
တစ်ညတည်း တံစဉ်နဲ့ ရိတ်ထားသလို ကိုက်ဖြတ်စားသောက်နိုင်တဲ့ စပါးငမြှောင်တောင်
21/07/2026
ပြီးခဲ့သည့် ဆောင်းပဲခင်းများအတွက် လေ့လာသုံးသပ်ချက်
09/03/2026
အရွက်ပေါ်မှာတွေ့ရတဲ့ ပုလဲဥလေးတွေ
04/12/2025
ပဲပုစွန်တွင်ကျရောက်တတ်သော ရောဂါများ
03/12/2025
ဇီဝလှုံဆော်ပစ္စည်း (biostimulant) အကြောင်း သိပြီးပြီလား?
25/06/2025