ဘက်တီးရီးယားကြောင့်ဖြစ်သော အပင်ရောဂါကို ကာကွယ်တားဆီးနည်း
စိုက်ပျိုးထုတ်လုပ်မှုတစ်ခုလုံးအတွက် ရောဂါကျရောက်မှုသည် ကြီးမားသောခြိမ်းခြောက်မှုတစ်ရပ် ဖြစ်သည်။ ရောဂါများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် အချိန်နှင့်တစ်ပြေးညီ ကာကွယ် ကုသမှုများပြုလုပ်ရန် အရေးကြီးပါသည်။ စိုက်ပျိုးမြေဧရိယာအကျယ်အဝန်းပေါ်မူတည်၍ လုပ်ငန်းစဉ်သည် ခက်ခဲနိုင်သည်။ အထူးသဖြင့် သီးနှံဆိုးရွားစွာ ထိခိုက်စေနိုင်သော ရောဂါများလည်း ပို၍ များပြားလာခြင်းလည်း ပါဝင်ပါသည်။
အပူချိန် နိမ့်လွန်းခြင်း သို့မဟုတ် မြင့်မားခြင်း၊ အစိုဓာတ် လွန်ကဲခြင်း သို့မဟုတ် ချို့တဲ့ခြင်း၊ လေထဲတွင် ပါဝင်သော အဆိပ်အတောက်ဖြစ်စေသည့် ညစ်ညမ်းမှုများကြောင့် အပင်ရောဂါများကို ဖြစ်ပေါ်စေသည်။ အနီးအနားတွင် ဓာတုစက်ရုံများ သို့မဟုတ် သတ္တုရည်ချက်စက်ရုံများ ရှိပါက ထိုညစ်ညမ်းမှုများ စုပုံလာနိုင်သည်။ ထို့ပြင် ပိုးသတ်ဆေးအသုံးပြုမှုများကြောင့်လည်း ပတ်ဝန်းကျင်နှင့် စီးပွားရေးအရပါ ထိခိုက်မှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။ ဖန်လုံအိမ်များတွင် စိုက်ပျိုးထားသော အပင်မျိုးစိတ် အချို့နှင့် မှိုများမှ မြေဆီလွှာအတွင်းသို့ စွန့်ထုတ်လိုက်သော အဆိပ်အတောက်များသည်လည်း သီးနှံရောဂါများကို ဖြစ်ပေါ်စေနိုင်သည်။
အောက်ပါအခြေအနေသုံးရပ် ပေါင်းစပ်ပါဝင်လျှင် သီးနှံရောဂါတစ်ခု ဖြစ်ပွားသည်။
(၁) ရောဂါကျရောက်နိုင်သော သီးနှံပင်ရှိခြင်း
(၂) ရောဂါဖြစ်စေသော ပိုးမွှားရှိခြင်းနှင့်
(၃) ရောဂါပြန့်ပွားရန် အားပေးသော ပတ်ဝန်းကျင်အခြေအနေရှိခြင်း။
အပင်သည် ရောဂါပိုး၏ host ဖြစ်ရမည်။ ကျန်းမာသန်စွမ်းသော သီးနှံများ၊ ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးစေ့များနှင့် ကြိုတင်ကုသပြင်ဆင်ထားသော မျိုးစေ့များသည် သီးနှံရောဂါများ ကျရောက်နိုင်ခြေ ပိုမိုနည်းပါးပါသည်။
ထို့အပြင် ရောဂါဖြစ်စေသောပိုးသည် ပေါက်ဖွားကြီးထွားရန်အတွက် သင့်တော်သော ပတ်ဝန်းကျင်အခြေအနေ တစ်ရပ်ရပ်ကို လိုအပ်ပါသည်။ ဥပမာအားဖြင့်၊ nematodes များသည် စိုစွတ်သော မြေဆီလွှာအခြေအနေကို လိုအပ်ပြီး ရေဝပ်မှုဆက်တိုက်ဖြစ်ပေါ်နေသော အခြေအနေမျိုးတွင် အပင်အမြစ်များကို ပြင်းထန်စွာ ပျက်စီးစေပါသည်။
အဖြစ်များဆုံး အပင်ရောဂါများတွင် ဘက်တီးရီးယားများကြောင့် ဖြစ်ပွားမှုများပါဝင်ပါသည်။ ၎င်းကို ကာကွယ်ထိန်းချုပ်ရန်မှာ ခက်ခဲပါသည်။
ရောဂါဖြစ်စေရန် ဘက်တီးရီးယားသည် အပင်ရှိ တစ်ရှူးများအတွင်းသို့ ဝင်ရောက်ရမည်။ ၎င်းသည် အဓိကအားဖြင့် စိုက်ပျိုးရေးကိရိယာများ၊ ပိုးမွှားများ၊ ရာသီဥတုဆိုးရွားမှုများ (ဖုန်၊ လေ၊ မိုးသည်းထန်စွာ ရွာခြင်း) ကြောင့်ပျက်စီးသွားသော နေရာများမှတစ်ဆင့် ဖြစ်ပွားလေ့ရှိသည်။ သို့ရာတွင် အပင်များရှိ သဘာဝအပေါက်များ (ဥပမာ- ဂလင်းများ) မှတစ်ဆင့်လည်း ကူးစက်ဖြစ်ပွား နိုင်သည်။
ရောဂါဖြစ်စေသောဘက်တီးရီးယားပိုးသည် အပင်တစ်ခု သို့မဟုတ် မြေဆီလွှာထဲသို့ ရောက်ရှိပါက ၎င်းတို့အတွက် သင့်တော်သော အခြေအနေများ မပေါ်ပေါက်မချင်း ကြာရှည်စွာ ငုတ်လျှိုးနေနိုင်ခြင်း ဖြစ်သည်။ အပူချိန် သိသိသာသာ ပြောင်းလဲမှုများနှင့် စိုထိုင်းဆမြင့်မားခြင်းတို့သည် ဘက်တီးရီးယားများ ကြီးထွားမှုကို လှုံ့ဆော်ပေးသည်။

ဘက်တီးရီးယားကြောင့်ဖြစ်သော သီးနှံရောဂါများ၏ လက္ခဏာများ
ဘက်တီးရီးယားကြောင့်ဖြစ်သော သီးနှံရောဂါ၏ အဓိကလက္ခဏာများတွင် အပင်ညှိုးခြင်း (vascular wilting)၊ တစ်ရှူးသေခြင်း (necrosis)၊ အပင်ရည်ပုပ်ခြင်း (soft rot) နှင့် အကျိတ်ထွက်ခြင်း (tumor) တို့ ပါဝင်သည်။
ဤရောဂါအမျိုးအစားကို သိသာထင်ရှားသော လက္ခဏာများကြောင့် ခွဲခြားသတ်မှတ်နိုင်သော်လည်း ရောဂါဖြစ်စေသော ဘက်တီးရီးယားအမျိုးအစားကို ခွဲခြားသိရှိရန် ဓာတ်ခွဲခန်းစမ်းသပ်နည်းများ လိုအပ်ပါသည်။
ဘက်တီးရီးယားပိုးများသည် ပျံ့နှံ့မှုနှုန်းမြင့်မားခြင်းနှင့် အပင်အတွင်းပိုင်းတွင် ရှိနေသောကြောင့် ဓာတုဆေးဝါးများ၏ ထိတွေ့သက်ရောက်မှုနည်းပါးခြင်းဖြင့် ရောဂါကို ထိန်းချုပ်ရန်မှာ ခက်ခဲပါသည်။
အောက်ပါနည်းလမ်းများဖြင့် ဘက်တီးရီးယားရောဂါကို ကာကွယ်ပေးနိုင်ပါသည်။
- မိုးခေါင်ရေရှားသောဒေသများတွင် ထုတ်လုပ်သည့် ရောဂါပိုးကင်းစင်သော မျိုးစေ့များ အသုံးပြုခြင်း
- မျိုးစေ့ကုသရန် ရေပူဖြင့် စီရင်ခြင်း
- မြေဆီလွှာကို နေရောင်ခြည်ဖြင့် ပြုပြင်သန့်စင်ခြင်း
- မျိုးစေ့ကုသရန် ဆေးဖြင့် စီရင်ခြင်း (မျိုးစေ့ဆောင်ရောဂါပိုးများ ကာကွယ်ခြင်း)
- ထို့အပြင် ဖျန်းဆေးများ (ဓါတု၊ သဘာဝ) အသုံးပြု၍လည်း သီးနှံရောဂါများကို ကာကွယ်နိုင်ပါသည်။ သို့သော် မလွဲမသွေ လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စီမံချက်များကို ဆောင်ရွက်ထားရှိရမည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Win Ko Thu
လွန်ခဲ့သော ၁၁ လ ကကျေးဇူးပါ
ဆက်စပ်မေးခွန်းများ
ဝါးဆင့်ပိတ် တောင်ထိပ့်ဝါးပါ ၁နှစ် ၁ကြိမ်မီးလောင်မိတဲ့ ဝါးပင်ပါ တောင်ထိပ့်လဲဖြစတော့ ဝါးပင်က ၁၅ပေထက်မရှည်ဘူး သဘာဝဝါးပင်ပါ ဘယ်အချိန်မှာခုတ်ရင် ပိုးမထိုးလဲ မိုတွင်းခုတ်ရင်ရော အဆင်ပြေလား ခုတ်ပြီးရေစိမ်နည်းက ရေရှားလို့ အဆင်မပြေပါလိုပါ သူများပြောပြဒါတော့ ခုတ်ပြီး အပင် အနားမှာဘဲ ပြန်ထောင်းပြီး ၁လနေရင် အရိပ့်ထဲသိမ်းရင် အဆင်ပြေနိုင်လား သိပါရစေ ပုံက သူများဟာပါ
ဘိုဘို • ဖြေကြားချက် 1 ခု
(Profenofos 50% EC) ကို ကြက်သွန်နီစိုက်ခင်း နှစ်လ ဆယ်ရက်သားကို ငမြှောင်တောင်နိမ်နင်းဖို့အတွက် သုံးရလား ဆေးေလာင်ကျွမ်းတာ ဖြစ်နိုင်လား သိချင်ပါတယ် ဆရာကြီးတို့ခင်ဗျ
aungsoe • ဖြေကြားချက် 2 ခု
ရွက်ဖျားတွေခြောက်နေလို့ပါ။ဘာဆေးသုံးပေးရမလည်း
ဒေါ်စိုးမိုးသန်း • ဖြေကြားချက် 3 ခု
ဘိုစားပဲ တချို့အပင်တွေအဲလိုဖြစ်နေလို့ဘာဆေးဖြန်းသင့်လဲဗျ
သူရစိုး • ဖြေကြားချက် 2 ခု
ဘာပိုးကျတာလဲခင်ဗျာမှိုရောဂါဖစ်တာလားခင်ဗျာ
Dar Gypt • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from ဒေါက်တာ အိဖြူဝင်း
အားလုံး
အပင်ရှိအာဟာရများကို စုပ်ယူကာ သေစေသည်အထိဖြစ်စေနိုင်သည့် ကပ်ပါးပင်များ
09/12/2025
ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်ပွားသော သီးနှံရောဂါများ ကာကွယ်ကုသနည်း
30/11/2025
နီမတုတ်ကြောင့်ဖြစ်သောရောဂါများကို ထိန်းချုပ်နည်း
21/11/2025
မှိုကြောင့်ဖြစ်သော သီးနှံရောဂါများကို ကာကွယ်တားဆီးနည်း
07/11/2025
ဓာတုဆေးအသုံးပြုသူတိုင်း သိထားသင့်တဲ့ ကျန်းမာရေးအတွက်ဆောင်ရန်၊ ရှောင်ရန်များ
17/10/2025