ဇီဝလှုံဆော်ပစ္စည်း (biostimulant) အကြောင်း သိပြီးပြီလား?
ယနေ့ စိုက်ပျိုးရေးလောကမှာ ဇီဝလှုံ့ဆော်ပစ္စည်း(Biostimulants) များအကြောင်းကို သီးနှံစိုက်ပျိုးထုတ်လုပ်သူများ စိတ်ဝင်စားမှုမြင့်တက်လာနေတဲ့အတွက် ဒီနေ့မှာ ဇီဝလှုံဆော်ပစ္စည်းများအကြောင်းကို ဆွေးနွေးပေးသွားပါ့မယ်။
- သီးနှံပင်များဟာ ပုံမှန်အခြေနေမဟုတ်ဘဲ အချိန်ခါမဲ့ မိုးရွာခြင်း၊ ရုတ်တရက်နေပူခြင်း
- ပိုးမွှားရောဂါ/ပေါင်းမြက်များထူပြောပြီး ဓာတုဆေးများ အလွန်အကျွံအသုံးပြုနေရခြင်း
- မြေချဥ်၊ မြေငံ ပြဿနာကြုံတွေ့နေရခြင်း
- အထွက်နှုန်းကို ဓာတ်မြေသြဇာ ဖြင့် ထိန်းထားနေရခြင်း
- သဘာဝမြေသြဇာ အသုံးနည်းပြီး မြေဆီလွှာဆုတ်ယုတ်လာနေခြင်းစသော သီးနှံပင်နဲ့ မြေဆီလွှာပြဿနာများကို ဖြေရှင်းရန်အတွက် ဇီဝလှုံ့ဆော်ပစ္စည်း(Biostimulants) ကို မဖြစ်မနေ အသုံးပြုလာရခြင်းဖြစ်ပါတယ်။
■ (Biostimulants )ဆိုတာ ဘာလဲ?
Biostimulants ဆိုတာ အပင်အတွက်လိုအပ်သောအာဟာရများကို ကိုယ်တိုင်တိုက်ရိုက်ပံ့ပိုးမှုမပေးဘဲ ရာသီဥတု/ပိုးမွှားရောဂါဒဏ်ခံနိုင်အောင် ထောက်ပံ့ခြင်း၊ အမြစ်မှအစာစားနိုင်ကူညီခြင်း၊ အပင်ကြီးထွားဖွံ့ဖြိုးရန် မြေဆီလွှာကောင်းမွန်အောင် လှုံ့ဆော်ပေးသည့် ပစ္စည်းအမျိုးအစားဖြစ်ပါတယ်။
■ ဘယ်လိုအမျိုးအစားတွေကို Biostimulants လို့ခေါ်ပါသလဲ?
အမျိုးအစားများစွာရှိသည်။ အကြိုက်အများဆုံးမှာ
- humic acids
- ပင်လယ်ရေမှော်ပစ္စည်း(Sea weed extracts)၊ Amino acid မြေဩဇာအရည်နှင့်
- အကျိုးပြုဘက်တီးရီးယား(Bacillus, Rhizobium)နှင့်
- မှိုတို့ဖြစ်ကြပါတယ်။
(သဘာဝပစ္စည်းများနှင့်၊ သဘာဝမဟုတ်သော ဇီဝလှုံ့ဆော်ပစ္စည်းများလည်းရှိကြပါတယ်။)

Humic နှင့် fulvic acids ဆိုတာ
အပင်၊ တိရစ္ဆာန်နှင့် အဏုဇီဝအကြွင်းအကျန်များ ပြိုကွဲပျက်စီးခြင်းမှ ထွက်ပေါ်လာသော အော်ဂဲနစ်ဒြပ်စင်များပဲ ဖြစ်ပါတယ်။
ဥပမာ ။ ။သစ်ဆွေး၊ leonardite နှင့် ပျော့ပျောင်းသော ကျောက်မီးသွေးတို့၏ သတ္တုသိုက်များဖြစ်ပြီး အရောင်က အနက်ရောင် ဖြစ်ပါတယ်။
ဓာတ်ဖိုဖလှယ်စွမ်းအား(Cation Exchangeable Capacity)ကို တိုးမြှင့်စေပါတယ်။
Seaweed Extracts ဆိုတာ
မတူကွဲပြားသော ထုတ်ယူမှု လုပ်ငန်းစဉ်များဖြင့် ပုံစံအမျိုးမျိုးထုတ်လုပ်ပါတယ်။
ပျော်ဝင်လွယ်သော အမှုန့် သို့မဟုတ် အရည်။
ဇီဝမြေဩဇာအရည်များ
အီးအမ်များ၊ ငါးအမိုင်နို/ခရုအမိုင်နိုများ
အကျိုးပြုဘက်တီးရီးယား/မှိုများ
အမြစ်ကြီးထွားမှုကို ကူညီပေးသော မြေဆီလွှာတွင် (ဘက်တီးရီးယားနှင့်/သို့မဟုတ် မှို)များပါဝင်ပါတယ်။
ဥပမာ- Bacillus နှင့် Rhizobium မှို
(စျေးကွက်အတွင်း ဖော်မြူလာအမျိုးမျိုးဖြင့် စီးပွားဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။)
အပင်နှင့် မြေဆီလွှာတွေအတွက် ဘယ်လိုအကျိုးပြုသလဲ?
Biostimulants များသည် အပင်ကြီးထွားမှု၊ အမြစ်ကြီးထွားမှု၊ မြေဆီလွှာတွင် ရေထိန်းနိုင်မှု၊ ပိုး/ရောဂါကာကွယ်မှုတိုးမြင့်လာမှု၊ အာဟာရဓာတ်ရရှိမှု တိုးမြင့်လာစေရန်နှင့် အကျိုးပြုအနုဇီဝများ တိုးပွားစေရန်၊ မြေဆီလွှာ အဆိပ်အတောက်များ ချေဖျက်စေရန်အပြင် ရာသီဥတု ပြောင်းလဲမှုကြောင့် အပင်များ ခံစားရမှုမှ ကာကွယ်ပေးသည့် အကျိုးများကို ပေးစွမ်းပါတယ်။
အကြံပြုတိုက်တွန်းခြင်း။
Biostimulants များကို ထိရောက်စွာအသုံးပြုခြင်းဖြင့် ဓာတ်မြေသြဇာ လျှော့ချအသုံးပြုနိုင်ခြင်း
မြေဆီလွှာ ပျက်စီးခြင်းမှ ကာကွယ်နိုင်ခြင်း
မြေဆီလွှာအတွင်းရှိ အပင်အတွက် အဆိပ်သင့်ပစ္စည်းများ ချေဖျက်နိုင်ခြင်း
မြေဆီလွှာ မာကျောမှုများ ဖြေလျှော့နိုင်ခြင်း
ရေရှည်တည်တံ့သော အနာဂတ်စိုက်ပျိုးရေးအတွက် GAPအထောက်အကူပြုပစ္စည်းတစ်မျိုးဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ပါတယ်။
စေတနာများစွာဖြင့်..
ဦးသာပို
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Win Ko Thu
လွန်ခဲ့သော ၁ နှစ် ကကျေးဇူးပါ
ဆက်စပ်မေးခွန်းများ
အရွက်က ခြောက်ပြီး ဝါလာပြီ ဘာတွေ လုပ်ပေးရမလဲဆရာ
နန်းထွေးမေ • ဖြေကြားချက် 1 ခု
ဆရာကြီးနွားသေးအချဉ်ဖောက်တာ 5ရက်ရှိပါပီး အသုံးပြုရပီးလားဆရာ အပင်လောင်တာတို့ရှိနိင်သေးလားဆရာ
U Than Toe Aung • ဖြေကြားချက် 3 ခု
ငါးအမိုင်နိဖောက်ထားတာ 2လလောက်ရှိပြီဗျ၊ အနံကတော့ ထန်းလျက်နံ့နဲ့ ငါးညီနဲ့လိုလိုရတယ်ဗျ၊ အပင်တွေပေါ် 300cc နှုန်းလောက်နဲ့ဖြန်းတာ သိသိသာသာပြောင်းလဲမှုမရှိလို့ဗျ ဘာအဆင်မပြေလို့လဲဗျ ပုံမှန်ပဲလားဗျ သူများတွေသုံးတာတော့ စိမ်းခဲ့တာလို့ပြောလို့ဗျ ပဲပင်ပေါ်စမ်းတော့လဲ အတူတူပဲဗျ
andrich • ဖြေကြားချက် 3 ခု
ဘာဖျန်းသင့်လည်းခင်ဗျ
ဦးဇာနည် • ဖြေကြားချက် 2 ခု
ဆရာတို့ခင်ဗျာ ပြောင်းပင်များ ပြောင်းဖူး ဖူးချိန်တွင် မုန့်ဖုတ်ဆော်ဒါအား အပင်ခြေပုံခြင်း ဖြင့်လည်းကောင်း အရည်ဖျော်၍ ဖျန်းပေးခြင်းဖြင့်လည်းကောင်း အဖူးထွားသည်ဟု ပြောကြပါသည်။ သို့ဖြစ်ပါ၍ ထိုအယူအဆမှာ မှန်ကန်ခြင်း ရှိ/မရှိ သိပါရစေဗျာ။ ပြောင်းစိုက်ပျိုးရေးအတွက် အသင့်တော်ဆုံးဖြစ်မယ့် မြေသြဇာကိုလည်း သိပါရစေခင်ဗျာ။ အောက်ပါပုံတွင် ပါရှိသော ပြောင်းပင်တွင်ကျရောက်နေသည့် မှိုရောဂါအတွက် မည်သို့ကုသရမည် ဆိုသည်ကိုလည်း ညွှန်ကြားပေးပါခင်ဗျာ။
ဦးနိုင်လင်းထွန်း • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ပဲပုပ်ပင်လိုအပ်သော အာဟာရများ
26/11/2026
ရှမ်းမြောက် လမ်းကြောင်းမှ တရုတ်နိုင်ငံသို့ ဖရဲသီး စတင် တင်ပို့နေ
26/11/2026
ပင်လယ်စပျစ်သီး၏ ထူးခြားသောသဘာဝနှင့် ဂေဟစနစ်အတွက် အကျိုးပြုပုံ
25/11/2026
၂၀၂၇ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ ပြင်းထန်သော အပူချိန် စံချိန်တင်နိုင်ခြေရှိ
24/11/2026
ဝါးစိုက်ပျိုးရေးနှင့်ကာဘွန်ခရက်ဒစ် (အပိုင်း - ၁)
24/11/2026
More from Thar Po
အားလုံး