ဘိုင်အိုချာလား.. ပြာလား..
ဝါဝါမြင်တိုင်း ရွှေမထင်နဲ့ဆိုသလိုမျိုး စပါးခွံဖွဲပြာမြင်တိုင်း ဘိုင်အိုချာမဟုတ်ပါဘူး။
ဘာလို့လဲဆိုတော့ ထုတ်လုပ်ပုံ နည်းစနစ်မတူတာကြောင့်ပါ။ စပါးခွံဖွဲပြာဟာ မီးလောင်ပြီးတော့ ထွက်လာတဲ့ ပြာပါ။
အဲ့ဒီမှာ အောက်စီဂျင်ပါပါပြီးတော့ လောင်တာက ရိုးရိုးစပါးခွံဖွဲပြာ ဖြစ်ပြီးတော့ အောက်စီဂျင် မပါအောင်/ နည်းအောင် လုပ်ပြီးတော့ မီးရှို့ထားတဲ့ ပြာကျတော့ ဘိုင်အိုချာ ဖြစ်လာပါလေရော။
ဆိုတော့ အလွယ်မှတ်ရင်တော့ အောက်စီဂျင်ပါပြီးတော့ ရိုးရိုးမီးရှို့ပြီး ရလာတဲ့ ပြာက - ရိုးရိုးပြာ။
အောက်စီဂျင်မပါအောင် ဒါမှမဟုတ် မီးလောင်ရုံလောက် အောက်စီဂျင်လေး နည်းနည်းနဲ့ ပြာချထားတဲ့ဟာက ဘိုင်အိုချာ….
သူတို့ (၂) ခု အကျိုးကျေးဇူး ဘာကွာလဲဆိုတာကိုပြောပြမယ်။
စပါးခွံ ဘိုင်အိုချာမှာက ၄၀-၅၀ ရာခိုင်နှုန်းလောက်က ကာဘွန်ပါပြီးတော့ အော်ဂဲနစ်ပါဝင်မှုက တည်ငြိမ်တယ်။
လေဝင်ပေါက်တွေများပြီးတော့ မြေကြီးထဲ အစိုဓာတ်ထိန်းပေးနိုင်သလို လေဝင်လေထွက်ကိုလည်း ထိန်းညှိပေးနိုင်တယ်။ ရေထိန်းစွမ်းအားကောင်းတယ်။ ဓာတ်ဖိုဖလှယ်စွမ်းအား ကောင်းမွန်တာကြောင့်မို့လို့ အာဟာဓာတ်တွေကို ဖလှယ်ထုတ်ပေးနိုင်တယ်။ အာဟာရဓာတ်တွေကို ထိန်းထားပေးနိုင်တယ်။ မြေချဉ်ငံကိန်းဆိုရင်လည်း သူက တည်ငြိမ်အောင် အချိန်ကြာကြာထိန်းထားပေးနိုင်တယ်။
ဒါဆိုရင်ပြာက မကောင်းဘူးလား
မဟုတ်ပါဘူး ကောင်းပါတယ်။ မထည့်တာထက်စာရင် ထည့်လို့ရပါတယ်။
သူ့မှာက ၈၉ - ၉၅ ရာနှုန်းက စီလီကာ ဖြစ်သွားတယ်။ အနည်းလို အာဟာရဓာတ်တွေပါတယ်။ သူလည်း မြေသားကို မွစေတာပဲ။ လေဝင်လေထွက်ကောင်းစေတယ်ပေါ့။ ဒါပေမဲ့ ဘိုင်အိုချာလောက်တော့ မကောင်းဘူး။ နောက်ထပ်မကောင်းတာက ရေထိန်းအားလည်း ဘိုင်အိုချာနဲ့ ယှဉ်ရင် နည်းတယ်။ မြေသြဇာကိုထိန်းထားနိုင်စွမ်းမရှိဘူး။ ကာဘွန်က တစ်ခါတည်း မီးနဲ့ လိုက်လောင်သွားတော့ မြေကြီးထဲကို ကာဘွန်မဖြည့်ပေးနိုင်တော့ဘူး။ ထည့်ထာများရင် မြေချဉ်လာတတ်တယ်။ ပြီးတော့ သူ့ကို ခရုတို့ ပက်ကျိတို့လိုမျိုး ခန္ဓာကိုယ်ပျော့ပြောင်းတဲ့ ကောင်တွေက ကြိုက်ကြတော့ အပင်တွေနားကို အဲ့လိုကောင်လေးတွေ ရောက်လာနိုင်တယ်။
အိမ်မှာရော ဘိုင်အိုချာကို ကိုယ်တိုင်လုပ်လို့ရလား
ရတာပေါ့…..
ဘာတွေနဲ့လုပ်လို့ရလဲ
သစ်သား
လွှစာမှုန့်
ဝါး
စပျစ်ကိုင်း၊ ပန််းသီးကိုင်း တွေလိုမျိုး
အုန်းခွံ၊ စပါးခွံ၊ ကောက်ရိုး၊ ကြံကြိတ်ဖတ်တွေ
ပင်စည်ခြောက်တွေ - ခရမ်းချဉ်၊ နေကြာပင်လိုမျိုး
ကြက်ချေး၊ နွားချေး၊ ဝက်ချေး
သစ်သားတွေက ဆေးသုတ်ထားတာမျိုးဆို မရပါဘူး။ ပလပ်စတစ်ပစ္စည်းတွေ ကြိုးတွေ ဘာတွေ ထည့်လို့မရပါဘူး။ ကတ်ထူစက္ကူနဲ့ အရောင်ပါတဲ့ တောက်တောက်ပပ စက္ကူတွေလည်း ပါလို့ မရသလို စိုစွတ်တဲ့ အစိမ်းအတိုင်းရှိနေတဲ့ သစ်ရွက်သစ်ကိုင်းတွေ မရပါဘူး။

အိမ်မှာလုပ်တဲ့နည်းက မြေကျင်းတူးပြီး မီးရှို့ရတာပါ။ အဝအကျယ် (၃) ပေနဲ့ ကတော့လိုမျိုး အောက်ကို ကျဉ်းသွားတဲ့ပုံစံ ကျင်းတူးပြီးတော့ မီးရှို့ရင် အောက်စီဂျင်ကို ဖြတ်လိုက်တဲ့ အကျိုး အာနိသင်ရတာမို့လို့ အဲ့လို မီးရှို့လိုရပါတယ်။
မီးပုံဖိုပြီး ပြာကျလာရင် နောက်တစ်လွှာထပ်ထည့်။ ပြီး နောက်တစ်လွှာထပ်ထည့်နဲ့ အဆင့်လိုက်လုပ်သွားပြီးတော့ အကုန်မဲသွားပြီဆိုရင် ရေဖျန်းလိုက်ရမှာပါ။ မဖျန်းပဲ ဆက်ထားတယ်ဆိုရင် ပြာဖြစ်သွားမှာဆိုတော့ ပြာဖြစ်တဲ့အထိ စောင့်လို့မရလို့ ရေဖျန်းလိုက်ရမှာပါ။
အဲကနေ ဘိုင်အိုချာကို ထုတ်ယူလို့ရပါပြီ။
တွင်းမတူးချင်ဘူးဆိုရင် မီးရှို့ထားထားတဲ့ သံပုံးကို အောက်ခြေနား အုတ်ခဲ ခုပြီး တိုင်ကီ ဝိုင်းနဲ့ အုပ်ထားလို့ရပါတယ်။ သံတိုင်ကီက (၂)ဖက်လုံး အပေါက်ဖြစ်နေရမှာပေါ့။
သံဇလုံထဲ ခုဏကလို မီးမွှေးပြီး ဘေးမှာ တိုင်ကီအုပ်ချလ်ိုက်၊ အောက်ခြေနား လေနည်းနည်းဝင်အောင် အုတ်ခဲလေးခံပြီး တိုင်ကီတင်ထားရင် လည်း အောက်စီဂျင်နည်းနည်းနဲ့ ဘိုင်အိုချာ ထုတ်လို့ရပါတယ်။
ကွာခြားချက်လည်းသိသွားပြီ။ ကိုယ်တိုင်လည်း ထုတ်နည်းသိသွားပြီဆိုတော့ အချိန်လေးများလည်းရတယ်။ ဝါသနာလည်း ပါတယ်ဆိုရင် လိုက်လုပ်ကြည့်လို့ရပါတယ်။
ကိုးကားလင့်ခ်
https://www.mdpi.com/2223-7747/12/7/1524
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ပဲပတ်ပီး ဘယ်နှစ်ရက်လောက်ကြာရင် ဆေးဖြန်းရလည်းဗျ
Sa Paing Ko Ko Win • ဖြေကြားချက် 0 ခု
နွားသေးက ဘယ်နှစ်လထိ အထားခံပါသလည်း ကြာပီဆိုတော့ ပက်ရပါသေးလား
နံပတ်2 • ဖြေကြားချက် 1 ခု
ဲပဲ ကြီး စိုက်တာ အပင်ပေါက်လေးတေ ပေါက်နေပါပြီ ဒါပေမယ့် အရွက်တေကဇကာပေါက်တွေလို ပိုးကျထားပါတယ်။ဘာဆေးပက်ဖျန်းရမလဲ အထွက်ကောင်းရအောင် ဘယ်လိုပြုစုရမလဲ ဖြေပေးပါအုံးခမျ တချို့ အပင်က သေတဲ့အပင်က သေပါတယ် ဘာကြောင့်မှန်း မသိတော့ပါ
ဦးရာဇာ • ဖြေကြားချက် 3 ခု
မိုးကုန်ပီလား ရွာနိင်ခြေ ရှိသေးလား ပဲခူး လယ်တေက အခုမှ အဖုံးအလုံး ရှိသေးလို့ဗျ
နံပတ်2 • ဖြေကြားချက် 1 ခု
ပိုးသတ်းဆေး အလန်း ပိုးသတ်ဆေးနဲ့ အသီး ဥ အားဆေး အားမြန် တွဲဖြန်းလို့ ရပါသလား ခင်ဗျ အ
နံပတ်2 • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from Htunn Winn Kyaw
အားလုံး
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026