မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
“ကိုမောင်နီရေ ကိုမောင်နီ
စင်တင်တာ ကိုမောင်နီမှာ နည်းရှိတယ်ဆို ပြောပြဦး”
“မင်းက ဘာစိုက်ထားတာတုန်း”
“ခရမ်းချဉ်လေ၊ ကျုပ် ခရမ်းချဉ်က အများကြီး သီးမှာ တစ်ပင်တစ်ပင်ကို၊ ဈေးကောင်းလည်းရမှာ၊ အဲ့ကျမှ…..”
“ ချစ်စုကို တင်တောင်းလို့ရမှာမဟုတ်လား”
“ဟာဗျာ”
“ဟားဟား .. ဒီမယ် ငါ့ကောင် ငါက လူပျိုကြီးပေမဲ့ အကုန်သိသွားလို့ လူပျိူကြီးလုပ်နေတာဟ”
“မင့် ခရမ်းချဉ်က ဘယ်လိုစိုက်တာလဲ”
“ကိုမောင်နီ ပြောသလိုပဲ"
-ဘောင်တင်ပြီး စိုက်တယ်ဗျာ ပြီးတော့ အပင်လည်း ခြားစိုက်ထားတယ်။ အပင်ကြားထဲ တစ်ပေခွဲ၊ အတန်းလိုက်ကျတော့ (၂) ပေ ခြားပြီးတော့ အုတ်စီသလို ဘာတဲ့
“ဇစ် လို ဇစ်လို”
“ဟုတ်တယ် ဟုတ်တယ် ဇစ်ကလေးလိုမျိုး တစ်ပင်ကျော်လေးနဲ့ စိုက်တာဗျာ၊ ခုတော့ သန်နေတာပဲ၊ အများကြီး သီးမှာဗျ”
“အေးပါ အေးပါ"

“အမြင့် (၆) ပေ အသားတင် ကျန်မဲ့ တိုင်ရှာကွာ၊ မင်း ၇ ပေခွဲတိုင်ဆို ၁ ပေခွဲ မြေထဲမြုပ်၊ ၆ ပေကျန်မယ်။ (၉)ပေခြား တစ်တိုင်စိုက် သွား၊ လိုတိုးပိုလျှော့တော့ မင်းကြံကြည့်လိုက်”
“ဟုတ် ကိုမောင်နီ”
“ခရမ်းချဉ်ဆိုတော့ မင်းဟာ ငါးပိုက် ကြိုးပဲဖြစ်ဖြစ်၊ နိုင်လွန်လည်းရတယ်။ ကြွပ်ကြိုး အထူလည်းရတယ်။ အောက်တစ်တန်း အပေါ် တန်း တစ်တန်း သွပ်ကြိုး မာမာပြေးပြီး မင်းခရမ်းချဉ် နဲ့ ချည်လိုက်ကွာ”
“အဲ့ဒါဆို ရပြီပေါ့”
“ခရမ်းချဉ် ပင်တော့ လိုက်ကြည့်ပေါ့ကွာ၊ အနေအထားလေး လိုသလိုလေး ပြောင်း ချိန်ပေါ့၊ အတက်လည်း ဖဲ့ရဦးမှာနော်”
“အဲ့ကျမှ တစ်ခေါက်ထပ်လာမယ်”
“နေဦး ဒါလေး မင်းဖုန်းထဲထည့်ထား၊ အစိမ်းရောင်လမ်းဆိုတာ ပလေးစတိုးမှာရှာလိုက် G R E E N W A Y - Green Way ဆိုပြီးတော့”
“ဘာကြီးလဲ”
“စိုက်တာရော မွေးတာရော အဲ့ထဲမှာ ရှာဖတ်လို့ရတယ်ဟ၊ မင်းမသိတာလည်း မေးခွန်းတွေမေးလို့ရတယ်”
“မိုက်တာပါ့ရော”
“အေး ငါက ပါရမီဖြည့်တာ.. ချစ်စုမ နဲ့ မနှေးအမြန် ပေါင်းရန်ပေါ့ကွာ”
“ဟီး..ဟီး…ဟီး”
မြားနီနည်းပညာပေးရေးအဖွဲ့မှ အစိမ်းရောင်လမ်းမိုဘိုင်းဖုန်းဆော့ဝဲသို့ ပေးပို့ထားသော မူပိုင်ဆောင်းပါးသဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Htunn Winn Kyaw
လွန်ခဲ့သော ၁ လ ကခရမ်းချဉ်စိုက်ပျိုးချိန်က - ထုတ်လုပ်တဲ့ မျိုးမတူရင်လည်း အချိန်မတူသလို - ဒေသ မတူရင်လည်း စိုက်ချိန် မတူနိုင်ပါဘူးဗျ။ ပုံမှန်ကတော့ ဆောင်း တစ်ခါ၊ မိုးတစ်ခါ စိုက်ကြပါတယ်။ ရှမ်းပြည်လိုမျိုးဆိုရင်တော့ တစ်နှစ်ပတ်လုံးစိုက်ပျိုးလို့ရပါတယ်။
Zin Min Thu
လွန်ခဲ့သော ၁ လ ကဘယ်လမာစိုက်ရမာလည်း
Green Way
လွန်ခဲ့သော ၁ လ ကMaw Thet
လွန်ခဲ့သော ၁ လ က@Htunn Winn Kyaw 👍
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
နည်းပညာမိတ်ဖက်အဖွဲ့
မြားနီနည်းပညာပေးရေးအဖွဲ့
မြားနီနည်းပညာပေးရေးအဖွဲ့ သည် မြားနီမျိုးစေ့ ကုမ္ပဏီနှင့် ထူးခြားသော ချိတ်ဆက်မှုရှိသည့် အကျိုးအမြတ်မယူသော အဖွဲ့ အစည်းတစ်ခုအဖြစ်ရပ်တည်လျက်ရှိပြီး အပူပိုင်းဒေသရှိ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူ တောင်သူများ၏ လူနေမှုဘဝမြင့်မားလာစေရေး၊ လုံခြုံစိတ်ချရသည့် လတ်ဆတ်သော ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှုနည်းလမ်းများ ပံ့ပိုးကူညီပေးခြင်းနှင့်ဈေးကွက်ကိုဖော်ဆောင်နိုင်ရေးအတွက်တောင်သူများနှင့် ချိတ်ဆက်ပြုလုပ်ဆောင်ရွက်နေသောအဖွဲ့ဖြစ်ပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မတ်ပဲခုတ်ဖုံးကြဲတာ၆ရက်မြှောက်နေ့မှမိုးရွာတယ် ပဲစေ့တွေအပင်ပေါက်နိုင်သေးလား
Sawsamson • ဖြေကြားချက် 1 ခု
ငရုတ်ပင် စိုက်ပျိုးဖြစ်ထွန်းဖို့ အစကနေအဆုံးထိဘယ်လိုလုပ်ဆောင်ရမလဲခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ယခုကာလပဲးပုပ်စိုက်လိုရသေးလား.နောက်ကျမလား
ကိုနိုင်လင်း • ဖြေကြားချက် 2 ခု
ခရမ်းသီးကိုမြေစေးမာစိုက်ရလား
စိုးခန့်ကကို • ဖြေကြားချက် 2 ခု
မြေပဲတွေကဥကဥတယ်မှိုနိပ်စက်လို့သိပ်မရလိုက်ဘူး...အပင်ခြေတွေမှာဲကြတာအပင်ကစိမ်းနေပြီးနုတ်လိုက်မှဥတွေပြုတ်ကြနေခဲတာ...အပင်ဂွတွေမှာကြတာဗျမှိုက..နောက်နှစ်အတွက်ကြိုတင်ပြင်ဆင်ဖို့ရန်အတွက်ဆောင်ရန်ရှောင်ရန်လေးတွေအကြံပြုကြပါအုံးဗျ.....
သန်းထိုက်အောင် • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026