အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စပါးခွံပေါင်းခံရည်ဘယ်လိုလုပ်မလဲ

စပါးခွံပေါင်းခံရည်ဘယ်လိုလုပ်မလဲ

စပါးခွံပေါင်းခံရည် ပြုလုပ်နည်းကို သိလိုပါသည်။

    ဝါးပိုးဝါးတစ်လုံး (၁၅) ပေ အနည်းဆုံးရှည်ရမည်။ သံပုံး (၁) ပုံး၊ သံပိုက် (၃) လက်မ (၃)​ပေ၊ စပါးခွံ (၁၀) အိတ်။ ဝါးပိုးဝါးကို (၁၅)​ပေ အနည်းဆုံးထား၍ ဖြတ်ပါ။ အဆစ်ပိတ်များအား ရှင်းထုတ်ပါ။ အဆစ်အဖုံးများ ပြန်ပိတ်ပါ။ အဆစ်အဖုံးများကို စန်တကျပြန်ဖုံးရန်လိုအပ်ပြီး အဆစ်အတွင်းပိုင်း ရှင်းလင်းချောမွေ့ရန် လိုအပ်ပါသည်၊ သံပုံးနှင့် ဆက်စပ်အသုံးပြုရန် (၃) လက်မ သံပိုက်ကို အငွေ့ထွက်ရန် အပေါက်ပါဝါးဆစ်ငယ်ဖြင့် ဆက်ပါ။

မီးဖိုသံပုံးနှင့် အငွေ့ထွက်သံပိုက် ဆက်စပ်ပုံ

    မီးမွှေးပြီး သံပုံးဖြင့်အုပ်ထားပါ။ သံပိုက်မှ အငွေ့ထွက်အဆင်ပြေစေရန် သေချာတပ်ဆင်ပါ။ လေလာရာတစ်ဖက်ကို ချန်လှပ်ထားပြီး စပါးခွံဖုံးပါ။ အချိန်အနည်းငယ်ကြာလျှင် ပတ်ပတ်လည်အကုန် စပါးခွံ (၅)​အိတ်ခန့်ဖုံးပါ။ အရည်ထွက်ပေါက်မှ အရည်ခံရာတွင် ငှက်ပျောဖက်အသုံးပြု၍ အရည်ခံယူပါ။ အရည်ထွက်ပေါက်မှ စပါးခွံပေါင်းခံရည် တစ်စက်ချင်းထွက်၍ (၁၂) နာရီအတွင်း (၁)​ဂါလံမှ (၁) ဂါလံခွဲအထိထွက်သည်။ သံပုံးဘေးပေါက်ဖောက်ရာတွင် (၁​) လက်မခွဲခြား (၁) လက်မခွဲအရှည် အထက်အောက် (၄) ပေါက်ဖောက်ပါ။

အကျိုးကျေးဇူး

    အပင်အားဆေး၊ ပိုးကာကွယ်ဆေးအဖြစ် အသုံးပြုနိုင်ပါသည်။

ရည်ညွှန်း: စပါးခွံပေါင်းခံရည်ထုပစ္စည်းပြုလုပ်ပုံ၊​ ပေါင်းခံရည်ပြုလုပ်ခြင်း၊

အသုံးပြုပုံ - ပါဝင်သောအာဟာရဓာတ်များ၊ သတိပြုရန်အချက်များ (Ref: ဒေါက်တာမြင့်လွင် ဩဂဲနစ်တောင်သူလက်စွဲ

စိုက်ပျိုးရေးဦးစီးဌာန - Call center

စပါးခွံပေါင်းခံရည် ပြုလုပ်နည်းအသေးစိတ်ကို ပုံနှင့်တကွလေ့လာရန်

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

3
zaw

zaw

လွန်ခဲ့သော ၁ နှစ် က

စပါးခွံပေါင်းခံအရည်ဟာ သီးပင်စားပင်တွေအတွက်ဘာတွေကောင်းပါသလဲ ဆေးဖြန်းပုံး၁ပုံးကို ဆေးမည်မျှထည့် အသုံးပြု့ရပါသလဲ

Dwe Aung

Dwe Aung

လွန်ခဲ့သော ၅ နှစ် က

ကျေးဇူးပါ

ဦးသာထွေး

ဦးသာထွေး

လွန်ခဲ့သော ၅ နှစ် က

ဦးသာထွေး

You

ဆက်စပ်မေးခွန်းများ

ပဲပတ်ပီး ဘယ်နှစ်ရက်လောက်ကြာရင် ဆေးဖြန်းရလည်းဗျ

Sa Paing Ko Ko Win • ဖြေကြားချက် 1 ခု

နွားသေးက ဘယ်နှစ်လထိ အထားခံပါသလည်း ကြာပီဆိုတော့ ပက်ရပါသေးလား

နံပတ်2 • ဖြေကြားချက် 1 ခု

ဲပဲ ကြီး စိုက်တာ အပင်ပေါက်လေးတေ ပေါက်နေပါပြီ ဒါပေမယ့် အရွက်တေကဇကာပေါက်တွေလို ပိုးကျထားပါတယ်။ဘာဆေးပက်ဖျန်းရမလဲ အထွက်ကောင်းရအောင် ဘယ်လိုပြုစုရမလဲ ဖြေပေးပါအုံးခမျ တချို့ အပင်က သေတဲ့အပင်က သေပါတယ် ဘာကြောင့်မှန်း မသိတော့ပါ

ဦးရာဇာ • ဖြေကြားချက် 3 ခု

မိုးကုန်ပီလား ရွာနိင်ခြေ ရှိသေးလား ပဲခူး လယ်တေက အခုမှ အဖုံးအလုံး ရှိသေးလို့ဗျ

နံပတ်2 • ဖြေကြားချက် 1 ခု

ပိုးသတ်းဆေး အလန်း ပိုးသတ်ဆေးနဲ့ အသီး ဥ အားဆေး အားမြန် တွဲဖြန်းလို့ ရပါသလား ခင်ဗျ အ

နံပတ်2 • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။