စပါးခွံပေါင်းခံရည်လုပ်နည်း

27/08/2019 08:00 AM တွင် သိမ့်ဇာ သိမ့်ဇာ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   အပင်အစိတ်အပိုင်းတွေ၊ တိရိစ္ဆာန်အသေတွေရဲ့ အကြွင်းအကျန်တွေ စတဲ့သဘာဝပစ္စည်းတွေကို လေမဲ့လောင်ကျွမ်းစေပြီး ပေါင်းခံလို့ရလာတဲ့အရည်က စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် အကျိုးဖြစ်ထွန်းမှုများနေတာကို “သဘာဝစွဲကပ်ပျံ့နှံဆေးရည်” ဆိုတဲ့ဆောင်းပါးမှာ တွေ့ရမှာဖြစ်ပါတယ်။ သူ့ရဲ့အသုံးဝင်မှုတွေကိုသိလို့ အသုံးပြုချင်သူတွေမေးထားတဲ့ ထုတ်လုပ်တဲ့နည်းလမ်းလေးကို မျှဝေချင်ပါတယ်။  

   ဝါး၊ သစ်သားတို့ကို သုံးမယ်ဆိုရင်တော့ ပြုလုပ်ပုံနည်းတွေ ကွာသွားမှာဖြစ်ပါတယ်။ အလွယ်ကူဆုံးဖြစ်တဲ့ စပါးခွံနဲ့လုပ်နဲ့နည်းကို ဖော်ပြပေးလိုက်ပါတယ်။ စပါးခွံက လွယ်လွယ်ရတဲ့နည်းမို့ လေ့လာကြည့်လိုက်ရအောင်ပါ။

   ဖြစ်စဉ်ကတော့ရိုးရှင်းပါတယ်။ မီးဖိုပြီး သံပုံးနဲ့အုပ်ရမှာပါ။ သံပုံးရဲ့အပူရှိန်နဲ့ စပါးခွံတွေကို မီးလောင်စေမှာပါ။ ရလာတဲ့မီးခိုးငွေ့ကို အရည်အဖြစ်ရအောင်လုပ်မှာပါ။ ဒါကတော့ယေဘုယျခြုံပြောခြင်းပါ။ အသေးစိတ်လိုအပ်ချက်တွေကို လေ့လာကြည့်ကြရအောင်ပါ။

    • ပထမဆုံးအနေနဲ့ လေးထောင့်သံပုံးတစ်ပုံးလိုပါတယ်။ သံပုံးရဲ့ဘေးဘက်မှာ အပေါက်တွေဖောက်ထား လိုက်ပါ။ တစ်ပေါက်နဲ့တစ်ပေါက် ၂ လက်မလောက်ခြားရင်ရပါပြီ။ ဒီအပေါက်တွေကတော့ သံပုံးထဲက မီးဖို မီးစွဲစေဖို့အတွက်ပါ။

    • သံပုံးရဲ့ထိပ်မှာတော့ မီးခိုးထွက်ဖို့   ၃ လက်မပတ်လည် အပေါက်တစ်ပေါက်ဖောက်ပေးပါ။

    • ဒုတိယအနေနဲ့ကတော့ သံကွေးတစ်ခုလိုအပ်ပါတယ်။ အင်္ဂလိပ်အက္ခရာ ( L ) ပုံစံ သံပိုက်တစ်ခု ကားဝပ်ရှော့တွေမှာ အပ်လို့ရပါတယ်။ တခြားပိုက်တွေကိုသုံးမယ်ဆို အပူချိန်ကြောင့်ပျော်ကျတတ်လို့ သံပိုက်က အဆင်ပြေဆုံးပါ။ ဝပ်ရှော့မှာ အပ်မယ်ဆိုရင်( L ) ပုံစံ သံပိုက်ရဲ့ အရွယ်အစားကတော့ အမြင့် ၁ ပေခွဲ ၊ အချင်း (၄ )လက်မ ပါ။

    • ဝါးတစ်လုံးကိုလည်း အဆစ်တွေဖယ်ထားပြီး ပြောင်းရှည်တစ်ခုအဖြစ် ပြင်ဆင်ထားပါ။ ရွှံ့စေးအနည်းငယ်လည်း ယူထားပေးပါ။ ဒါဆိုရင်တော့ မီးစမွှေးလို့ရပါပြီ။

    • မီးကောင်းကောင်းစွဲရင် သံပုံးနဲ့ အုပ်လိုက်ပါ။( L ) ပုံစံ သံပိုက်ကိုအပေါ်မှ တပ်ဆင်ပါ။ အဆက်နေရာတွေကို ရွံ့စေးနဲ့လေလုံအောင်ပိတ်ပေးပါ။ ငြိမ်စေရန် သံပုံးနှင့်တစ်ဖက်တစ်ချက် (၄) ပေ အကွာလောက်မှာ တိုင်နှစ်တိုင်စိုက်ပြီး ဝါးနှစ်လုံးဖြင့်ညှပ်ထိန်းပေးပါ။

    • ဒီလိုတပ်ဆင်ပြီးရင်တော့ သံပုံးဘေးပတ်လည်ကို စပါးခွံများပုံလိုက်ပါ။ ပုံတဲ့အခါ တစ်ဝက်ကို အနည်းငယ်လှပ်ထားပေးဖို့မမေ့ပါနဲ့။ အပါက်ငယ်တွေကနေလေဝင်ပြီး မီးကောင်းကောင်းစွဲဖို့ပါ။

    • မီးခိုးတွေထွက်လာပြီဆိုရင် ဝါးပြောင်းရှည်ကိုတပ်ဆင်လိုက်ပါ။ သံပုံးထဲမှာ မီးကောင်းကောင်းလောင်ပြီဆိုရင် စပါးခွံတွေကို သံပုံးမြုပ်သည်ထိ ပုံလိုက်လို့ရပါပြီ။

    ဝါးပြောင်းရှည်တပ်ဆင်တဲ့အခါ လျောစောက်ပုံစံဖြစ်အောင် ဝါးထောက်တွေနဲ့ ထိန်းညှိပေးပါ။ပြောင်းရှည်ရဲ့အောက်ဘက်မှာ ပေါင်းခံရည်ကျလာဖို့အတွက် အပေါက်တစ်ခုရှိရပါမယ်။ ကျလာမယ့် ပေါင်းခံရည်ထဲမှာ ကတ္တရာတွေပါဝင်တတ်ပါတယ်။ ဒါတွေကိုဖယ်ဖို့ဆိုရင်တော့ ငှက်ပျောရွက်နဲ့ ခံပြီးမှ ကော်ပုံးထဲကိုကျစေခြင်းက အဆင်ပြေပါတယ်။ ကတ္တရာတွေ ငှက်ပျောရွက်မှာ ကပ်နေပြီး ပေါင်းခံရည်တွေသာ ပုံးထဲကိုရောက်ပါလိမ့်မယ်။ စပါးခွံတွေကို ရေနည်းငယ်စွတ်ထားရင် ပေါင်းခံရည်ပိုရပါတယ်။ ပေါင်းခံရည်ခံတဲ့အခါ သံပုံးကိုအသုံးမပြုရပါဘူး ကော်ပုံးကိုသာအသုံးပြုရပါမယ်။ ဒီအချက်လေးကိုတော့ သတိပြုရပါမယ်။

သိမ့်ဇာ

**ဒီနည်းလမ်းတွေကတော့ လက်တွေ့ပြုလုပ်အသုံးပြုနေတဲ့ အတွေ့အကြုံရှိတောင်သူ(ဉီးလှမြင့်ကျော် အောင်ပန်း)စီကနေ လေ့လာခဲ့ရသမျှနဲ့ အင်တာနက်စာမျက်နှာများ၊ ကလျာဏမိတ္တ ဖွံဖြိုးရေးဖောင်ဒေးရှင်းမှ ထုတ်ဝေသော ဂေဟအကျိုးပြုစိုက်ပျိုးရေးနည်းပညာ တောင်သူလက်စွဲစာအုပ် စတဲ့အရင်းအမြစ်တွေကနေ လေ့လာပြီး ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။**

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်